မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဗုဒ္ဓဥယျာဉ် ဝတ္ထုကံတော်၊ ဆဋ္ဌသင်္ဂါယနာမူ ပိဋကတ်ကျောက်စာတော်များ စတင်ရေးထိုးပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားကျင်းပ

 

နေပြည်တော်   မေ    ၁၄


ပြည်ထောင်စုနယ်မြေ     နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ  မာရဝိဇယ  ဗုဒ္ဓ ဥယျာဉ်တော်           ဝတ္ထုကံတော်အတွင်း  တည်ထားပူဇော်မည့်   ဆဋ္ဌသင်္ဂါယနာမူ ပိဋကတ်ကျောက်စာတော်များ    စတင် ရေးထိုးပူဇော်ခြင်း   မဟာမင်္ဂလာအခမ်း အနားကို  ယနေ့နံနက်ပိုင်းတွင်  ကျင်းပ ပြုလုပ်သည်။

 


တက်ရောက်ကြ


အခမ်းအနားသို့    နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့  ဥက္ကဋ္ဌ၊  မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက်ဆရာတော် အဘိ ဓဇမဟာရဋ္ဌဂုရု၊  အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မ ဇောတိက   ဒေါက်တာ   ဘဒ္ဒန္တကုမာရာ ဘိဝံသ၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ ရွှေကျင်နိကာယ ဥပဥက္ကဋ္ဌ အဘိ ဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မ ဇောတိက   မဟာဓမ္မကထိက   ဗဟုဇန ဟိတဓရ ဒေါက်တာ  ဘဒ္ဒန္တဉာဏိဿရ၊ နေပြည်တော်   လယ်ဝေးမြို့  ပေါက်မြိုင် ကျောင်းတိုက်   ပဓာနနာယက   အဘိဓဇ မဟာ ရဋ္ဌဂုရု  ဘဒ္ဒန္တဇနိန္ဒ၊  တပ်ကုန်းမြို့ မဟာသီဟနာဒကျောင်းတိုက် ဆရာတော် အဘိဓဇ   မဟာရဋ္ဌဂုရု    ဘဒ္ဒန္တအာစိဏ္ဏ တို့   အမှူးပြုသည့်  သံဃာတော်များ ကြွရောက်             ချီးမြှင့်တော်မူကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊  ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်   ဒုတိယဗိုလ်ချုပ်မှူး ကြီး  စိုးဝင်း၊  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊   အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူး    ပြည်ထောင်စု တရားသူကြီးချုပ်၊    နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ        ခုံရုံးဥက္ကဋ္ဌ၊    ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ၊         ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စု  စာရင်းစစ်ချုပ်၊  နေပြည် တော်ကောင်စီဥက္ကဋ္ဌ၊     နေပြည်တော် တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိ သူများ တက်ရောက်ကြသည်။

 


ဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ ဖွင့်လှစ် ကြပြီး သီတဂူဆရာတော်ကြီးထံမှ ကဆုန် လပြည့် ဗုဒ္ဓနေ့ဆိုင်ရာဓမ္မကထာကို နာယူ ကြည်ညိုပူဇော်ကြသည်။ 

 


ယင်းနောက် ဆရာတော်ကြီးများက အနေကဇာတိသံသာရံ အစချီဥဒါန်းဂါထာ၊ ပဋိစ္စသမုပ္ပါဒ် အနုလုံပဋိလုံပါဠိ၊ ယဒါ ဟဝေ သုံးဂါထာ၊ ပဋ္ဌာန်းပစ္စယုဒ္ဒေသပါဠိ နှင့်    ဇယမင်္ဂလာဂါထာတော်များကို ရွတ်ဆိုပူဇော်ကြသည်။

 


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်     အခမ်းအနား တက်ရောက်လာကြသူများသည် ရတ နတ္တယပူဇာ ဂါထာတော်နှင့် သဗ္ဗသင်္ဂါဟ က   မေတ္တာပို့လင်္ကာနှစ်ပိုဒ်ကို   သံပြိုင် ညီညာသုံးကြိမ်ရွတ်ဆိုပွားများ   ပူဇော်ကြ သည်။
ယင်းနောက်  ဗန်းမော်ဆရာတော် ကြီးနှင့်   သီတဂူဆရာတော်ကြီးတို့က ပိဋကတ်ကျောက်စာတော် ရေးထိုးပူဇော် မည့် မင်္ဂလာစက်ယန္တရားများ၏ မင်္ဂလာ လိုက်ကာများကို       စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးတော်မူကြသည်။

 


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ   နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး      မင်းအောင်လှိုင်က စက်ယန္တရားများကို  မင်္ဂလာစက်ခလုတ် နှိပ်၍              ပိဋကတ်ကျောက်စာတော်  စတင်ရေးထိုးပူဇော်ပြီး     ပရိတ်နံ့သာရည် များ ပက်ဖျန်းသည်။

 


ယင်းနောက်    ဆရာတော်ကြီးများ၊  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်   အခမ်းအနား တက်ရောက်          လာကြသူများသည် ကျောက်စာတော်များကို        ခေတ်မီ စက်ကိရိယာများ  အသုံးပြု၍  ရေးထိုးနေမှု များအား ကြည့်ရှုကြပြီး ပရိတ်နံ့သာရည် များ ပက်ဖျန်းကြသည်။

 


ဩဝါဒကိုခံယူ


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဗန်းမော်ဆရာတော်ကြီးနှင့်     သီတဂူ ဆရာတော်ကြီးတို့အား      မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော် အပိုင်း ၁၊ အပိုင်း ၂ ၊ အပိုင်း ၃ နှင့် အပိုင်း ၄ တို့  ထုဆစ်ပြီးစီးမှုနှင့်  ဗုဒ္ဓဥယျာဉ် တည်ဆောက်ပြီးစီးမှု အခြေအနေများကို ပြသရှင်းလင်း  လျှောက်ထားပြီး  ဆရာ တော်ကြီးများ၏ ဩဝါဒကိုခံယူသည်။

 


ယင်းနောက်  ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို    ဆုတောင်း၍     အခမ်း အနားကို ရုပ်သိမ်းလိုက်သည်။
အခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  နိုင်ငံတော် ဝန်ကြီးချုပ်က   အခမ်းအနားအောင်မြင် ခြင်းအထိမ်းအမှတ် ရတနာ ရွှေမိုး၊ ငွေမိုး များ ရွာသွန်းဖြိုးသည်။

 


အဆိုပါ     ကျောက်စာရုံစေတီများ တည်ထားနိုင်ရေး စီစဉ်ဆောင်ရွက်ခဲ့ရာ တွင်  ကျောက်စာချပ်ရေပေါင်း ၇၂၉ ချပ် စိုက်ထူထားပြီး  ကမ္ဘာ့အကြီးဆုံးစာအုပ် ကြီးဖြစ်သည့်အပြင်  ၂၀၁၃  ခုနှစ်တွင် ယူနက်စကို ကမ္ဘာ့မှတ်တမ်းအမွေအနှစ် စာရင်းဝင်ခဲ့သည့်   မန္တလေးမြို့   မဟာ လောကမာရဇိန်  ကုသိုလ်တော်ဘုရားရှိ ပဉ္စသင်္ဂါယနာတင်  ပိဋကတ်ကျောက်စာရုံ များအား  အလေးထားစံပြု၍  တည်ထား ကိုးကွယ်နိုင်ရေး   ဆောင်ရွက်ခဲ့ခြင်းဖြစ် ကြောင်း၊    သမိုင်းမော်ကွန်းကျောက်စာထားရှိမည့်  အလယ်ဗဟို  ကျောက်စာရုံ စေတီသည် အလျား ၂၁ ပေ၊ အနံ ၂၁ ပေ၊ အမြင့်  ၂၇ ပေ   ရှိမည်ဖြစ်ပြီးအခြား  ကျောက်စာရုံ စေတီများအနေဖြင့် အလျား ၁၂ ပေ၊ အနံ ၁၂ ပေ၊ အမြင့် ၁၈ ပေ ရှိမည်ဖြစ်ကာ ကျောက်စာချပ်အနေဖြင့် အလျား ၄၅ လက်မ၊ အမြင့် ၆ ပေ ၃ လက်မ၊ ထု ၇ ဒသမ ၂  လက်မ   ရှိမည်ဖြစ်ကြောင်း၊       ယခုပိဋကတ်        ကျမ်းစာတော်များကို       ရေးထိုးပူဇော်ပြီးပါကလည်း ကျောက်စာ ချပ်များသည် ဗုဒ္ဓမြတ်စွာ၏ မုခပါဌ်တော် များကို   ရေးထိုးပူဇော်ထားခြင်းဖြစ်သည့် အတွက်  မာရဝိဇယ  ဗုဒ္ဓရုပ်ပွားတော်မြတ် ကြီး၏ မျက်နှာတော်မူရာ  ရှေ့မျက်နှာစာ၌  စိုက်ထူပူဇော်ထားရှိမည်ဖြစ်၍ ဘုရားဖူး လာ   မိဘပြည်သူများအနေဖြင့်    ဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးအား         လာရောက် ဖူးမြော်ရာတွင်  ကျောက်စာရုံစေတီများ အတွင်းရှိ  ဘုရားဟောဒေသနာတော်များ ကို   ပြည့်စုံစွာ ကြည်ညိုလေ့လာနိုင်ရေး စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊  ယင်းသို့ ရေးထိုးပူဇော်နိုင်ရေး ဆောင်ရွက် ရာတွင်  ကျမ်းစာတော်များကို    စကျင် ကျောက်တော်များ၌   ခေတ်မီစက်ကိရိယာ များ အသုံးပြု၍ ပါဠိအက္ခရာ၊ Romanize Language တို့ဖြင့်ရေးထိုးပူဇော်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်