ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများ ပြည်ပမှအဆင်ပြေချောမွေ့စွာ တင်သွင်းနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိ

 

နေပြည်တော်   မေ   ၁၄


စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊    ကုသရေးဆိုင်ရာ  ပစ္စည်းများကို လေကြောင်း၊ ပင်လယ်ရေကြောင်းနှင့် နယ်စပ် ကုန်သွယ်ရေးစခန်းများမှ နှောင့်နှေးကြန့်ကြာ မှုမရှိ   တင်သွင်းနိုင်ရေးအတွက်   အချိန်နှင့် တစ်ပြေးညီ  စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ မေ ၁ ရက်မှ ၁၄ ရက်အတွင်း ကုမ္ပဏီ ခုနစ်ခု၊ ယာဉ်စီးရေ ၁၀ စီးဖြင့် PPE ဝတ်စုံ  ၂၈၀၀၀ နှင့် နှာခေါင်းစည်း (Mask)  ၄၈ တန် တင်သွင်း ခဲ့ကြောင်း သိရသည်။

 


ကိုဗစ်-၁၉ ရောဂါ  ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို သက်ဆိုင်ရာ ဌာနများနှင့် ညှိနှိုင်းထားသည့် SOP များနှင့် အညီ ဦးစားပေးတင်သွင်းခွင့်ပြုပေးလျက်ရှိပါ ကြောင်းနှင့် ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများတင်သွင်းခြင်းနှင့်   ဆက်စပ်သည့်   အသိပေး ကြေညာချက်များကိုလည်း    အများပြည်သူ သိရှိစေရန် ဝန်ကြီးဌာန Website ဖြစ်သည့် commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှု နိုင်ရေး    စီစဉ်ဆောင်ရွက်ပေးထားကြောင်း သိရသည်။


သတင်းစဉ်