
နေပြည်တော် မေ ၁၄
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ သည် ရှမ်းပြည်နယ် သယံဇာတရေးရာဝန်ကြီး တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က ရှမ်းပြည်နယ် တောင်ပိုင်း ဟိုပုံးမြို့နယ် နမ့်ခုတ်ကြိုးပြင်ကာကွယ် တောရှိ (၃/၂၀၂၁) ရေဝေရေလဲစိုက်ခင်း ၂၅ ဧကနှင့် (၁/၂၀၂၂) စက်မှုကုန်ကြမ်း ထင်းရှူးစိုက်ခင်း ၂၅ ဧက သို့ ရောက်ရှိပြီး စိုက်ခင်းများ ရှင်သန်အောင်မြင် ဖြစ်ထွန်းနေမှုကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဟဲဟိုး-ဘော်ဆိုင်း-ပင်းတယ လမ်းဘေးဝဲယာ ထင်းရှူး တစ်အုပ်တစ်မ စိုက်ပျိုးမည့်နေရာများ၊ မြေဆီလွှာ တိုက်စားမှုကာကွယ်ရေး ဆောင်ရွက်ရန် လိုအပ်သည့် နေရာများနှင့် ကြိုးပြင်ကာကွယ်တော သတ်မှတ်ရန် အလားအလာရှိသည့်နေရာများကို ကြည့်ရှုစစ်ဆေး သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် အမှတ်(၁)သတ္တုတွင်းလုပ်ငန်း ဘော်ဆိုင်းရုံးခွဲ၌ တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး သတ္တုတွင်းလုပ်ငန်း ဆောင်ရွက်နေမှုများနှင့် စပ်လျဉ်း၍ Mine Design ပါ အချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊ ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း အစီရင်ခံစာနှင့် ပတ်ဝန်းကျင် စီမံခန့်ခွဲမှုအစီအစဉ်ပါ သတ်မှတ်ချက် များ၊ ကတိကဝတ်များနှင့်အညီ လိုက်နာဆောင်ရွက် ရန်နှင့် ဂေဟစနစ်ဖြည့်တင်းရေး စိုက်ခင်းများ ထိရောက်အောင်မြင်အောင် ဆောင်ရွက်ရန် မှာကြား သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ပင်းတယမြို့ သစ်တောဦးစီးဌာန ပျိုးဥယျာဉ်၌ ပျိုးပင်များပျိုးထောင်ထားရှိမှုကို လည်းကောင်း၊ ပင်းတယ-အောင်ပန်း လမ်းဘေးဝဲယာ ထင်းရှူး တစ်အုပ်တစ်မစိုက်ပျိုးမည့်နေရာများနှင့် ကွက်လပ် ဖြည့် စိုက်ပျိုးမည့်နေရာများကို လည်းကောင်း၊ ကလောမြို့နယ် ကလော-အောင်ပန်း ကားလမ်း လမ်းဘေးဝဲယာ ထင်းရှူးတစ်အုပ်တစ်မ စိုက်ပျိုး ထားရှိမှုနှင့် သီခေါင်ကြိုးပြင် ကာကွယ်တောအတွင်း ထင်းရှူးကွက်လပ်ဖြည့်စိုက်ပျိုးခြင်း သုံးဧက စိုက်ပျိုး ထားရှိမှုကို လည်းကောင်း ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် လှိုင်းတက် ရှိ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန ကျောက်အိုးအမြဲတမ်းပျိုးဥယျာဉ် လုပ်ငန်းဆောင် ရွက်ထားရှိမှုနှင့် ပျိုးဥယျာဉ်အတွင်း သစ်မျိုး ၁၄ မျိုး ဖြင့် ပျိုးပင် ၈၇၀၀၀ ပျိုးထောင်ထားရှိမှုကို လည်း ကောင်း၊ ရူပါတောင်ကြိုးဝိုင်း အကွက်အမှတ် (၂၁) အတွင်း အထူးစိမ်းလန်းစိုပြည်ရေး တစ်အုပ်တစ်မ စိုက်ခင်း အပင် ၅၀၀၀ နှင့် (၄/၂၀၂၂) အထူးစိမ်းလန်း စိုပြည်ရေး တစ်အုပ်တစ်မစိုက်ခင်း အပင် ၄၀၀၀ ရှင်သန်အောင်မြင်မှုကို လည်းကောင်း ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်