
နေပြည်တော် မေ ၁၄
ဗုဒ္ဓဘာသာမြန်မာလူမျိုးတို့၏ ၁၂ လရာသီ ပွဲတော်တွင် တစ်ခုအပါအဝင်ဖြစ်သည့် မြန်မာ သက္ကရာဇ် ၁၃၈၄ ခုနှစ် ကဆုန်လပြည့်(ဗုဒ္ဓနေ့)ဖြစ်သော ယနေ့ကျရောက်သည့် ကဆုန်ညောင်ရေ သွန်းပွဲတော်တွင် နေပြည်တော် ဥပ္ပါတသန္တိစေတီ တော်မြတ်ကြီး ပရိဝုဏ်တော်မြောက်ဘက်အရပ်ရှိ မဟာဗောဓိညောင်ပင်တော်များအား (၁၄) ကြိမ် မြောက် ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားကို ယနေ့ ညနေပိုင်း၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အမှူးပြုသည့် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဝင်များနှင့် ဇနီးများက မဟာဗောဓိ ညောင်ပင်တော်များကို ညောင်ရေသွန်းလောင်း ပူဇော်ကြသည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်နှင့်အတူ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီး ချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ် မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ကောင်စီ အဖွဲ့ဝင်များနှင့်ဇနီးများ၊ အတွင်းရေးမှူးနှင့်ဇနီး၊ တွဲဖက်အတွင်းရေးမှူးနှင့်ဇနီး၊ ပြည်ထောင်စု တရား သူကြီးချုပ်၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနှင့်ဇနီး၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့် ဇနီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ၊ ညှိနှိုင်းကွပ်ကဲရေး မှူး(ကြည်း၊ ရေ၊ လေ)နှင့် ဇနီး၊ နေပြည်တော်တိုင်းစစ် ဌာနချုပ် တိုင်းမှူးနှင့်ဇနီးနှင့် တာဝန်ရှိသူများ၊ ဝတ်အသင်းအဖွဲ့များ တက်ရောက်ကြသည်။
လက်ယာရစ်လှည့်လည်ပူဇော်
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့်ဇနီး၊ ကောင်စီအဖွဲ့ဝင်များနှင့် ဇနီးများ၊ အခမ်း အနား တက်ရောက်လာကြသူများသည် ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီး ပရိဝုဏ်တော်အတွင်းရှိ မဟာ ဗောဓိညောင်ပင်များအား ညောင်ရေသွန်းလောင်း ပူဇော်ရန် နေရာယူကြရာ အခမ်းအနားမှူးက မဟာ ဗောဓိရုက္ခသိဉ္စန ပူဇာဂါထာတော်ကို ရွတ်ဖတ်ပူဇော် ၍ သာဓုသုံးကြိမ်ခေါ်ဆိုပြီး သတ်မှတ်ထားသည့် နေရာများအလိုက် မဟာဗောဓိညောင်ပင်များအား ညောင်ရေသွန်းလောင်းပူဇော်ပြီး အမွှေးနံ့သာရည် များ ပက်ဖျန်းပူဇော်ကြကာ မဟာဗောဓိညောင်ပင် များကို လက်ယာရစ်လှည့်လည်ပူဇော်ကြသည်။
ကဆုန်ညောင်ရေ သွန်းလောင်းပူဇော်
ထို့ပြင် ဇေယျာသီရိမြို့နယ် လောကချမ်းသာဆုတောင်းပြည့်အသင်းဘုရားကြီးရှိ မဟာဗောဓိ ညောင်ပင်များကိုလည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အမှူးပြု၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ် ရေးဦးစီးချုပ်(ကြည်း)နှင့် ဇနီး၊ ညှိနှိုင်းကွပ်ကဲရေး မှူး(ကြည်း၊ ရေ၊ လေ)နှင့် ဇနီး၊ ကာကွယ်ရေးဦးစီး ချုပ်(ရေ)၊ ကာကွယ်ရေးဦးစီးချုပ်(လေ)နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီး များနှင့် ဇနီးများ၊ မိသားစုများက ကဆုန်ညောင်ရေ သွန်းလောင်းပူဇော်ကြသည်။
နေ့ထူးနေ့မြတ်
ကဆုန်လပြည့်နေ့သည် ဒီပင်္ကရာမြတ်စွာဘုရား က ဂေါတမဘုရား အလောင်းတော် သုမေဓာရှင်ရသေ့ အား “ဘဒ္ဒကမ္ဘာတွင် ဘုရားအဖြစ်ကို ရလိမ့်မည်”ဟု ဗျာဒိတ်တော်စကား မိန့်ကြားတော်မူသောနေ့၊ ဘုရားအလောင်းတော်သိဒ္ဓတ္ထမင်းသား ဖွားမြင်သော နေ့၊ သဗ္ဗညုဘုရားရှင်အဖြစ်သို့ ရောက်တော်မူသော နေ့၊ ပရိနိဗ္ဗာန်စံတော်မူသောနေ့ နေ့များဖြစ်သဖြင့် “ဗျာဒိတ် ဖွားမြင်၊ ဗောဓိပင်၊ စံဝင်နိဗ္ဗာန်နန်း”ဟု မှတ်တမ်းပြုကြပြီး ကဆုန်လပြည့်(ဗုဒ္ဓနေ့)ဟူ၍ ဗုဒ္ဓဘာသာဝင်များက နေ့ထူးနေ့မြတ်အဖြစ် အထွတ် အမြတ်ထား၍ ကျင်းပပူဇော်လေ့ရှိကြသည်။ ကဆုန် လပြည့်နေ့၏ ထူးခြားချက်မှာ ဂေါတမမြတ်စွာဘုရား သာလျှင်မကဘဲ သဗ္ဗညုမြတ်စွာဘုရားရှင်တို့၏ ဖွားမြင်တော်မူသောနေ့၊ ဘုရားဖြစ်တော်မူသောနေ့၊ ပရိနိဗ္ဗာန်ပြုသော နေ့များမှာလည်း ကဆုန်လပြည့် နေ့ပင်ဖြစ်၍ ကဆုန်လပြည့်နေ့ကို “ဗုဒ္ဓနေ့”ဟု သတ်မှတ် ခြင်းဖြစ်ကြောင်း၊ ကဆုန်ညောင်ရေသွန်း ပွဲတော်သည် ကုသိုလ်ယူဖွယ်ရာ၊ ဝမ်းသာကြည်နူး ဖွယ်ရာ ဘာသာရေးဆိုင်ရာပွဲတော် တစ်ခုဖြစ်သည့် အပြင် မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်တစ်ရပ်အဖြစ် ကျင်းပပြုလုပ်သည့် ပွဲတော်ဖြစ်ကြောင်းနှင့် ကဆုန် လပြည့်နေ့မတိုင်မီ တစ်ရက်အလိုတွင် ညောင်ရေ သွန်း လောင်းကြမည့် ညောင်ပင်များကို အမွှေးနံ့သာ ရည်များပက်ဖျန်းပေးခြင်း၊ မဟာဗောဓိပင်ပလ္လင် တော်အား ကြည်ညိုစဖွယ်ဖြစ်အောင် ပြင်ဆင်ခြင်း စသည့် ကုသိုလ်ယူဖွယ်များကို ပြုလုပ်လေ့ရှိကြ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်