တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ

 

နေပြည်တော်  မေ   ၁၃


တိုင်းဒေသကြီးနှင့်    ပြည်နယ် အသီးသီးတို့၌   သံဃာတော်များ၊ သာသနာ့နွယ်ဝင်   သီလရှင်များ၊ ဘာသာရေး    ခေါင်းဆောင်များ အပါအဝင် လူမျိုးမရွေး ဘာသာ မရွေး   အသက်   ၄၀  အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား အကျဉ်းသူများ၊ မသန်စွမ်းသူများ၊  တိုင်းရင်းသား      လက်နက်ကိုင် အဖွဲ့များ၊   နာတာရှည်ရောဂါအခံ ရှိသူများ၊   ကယ်ဆယ်ရေးစခန်း များ၊   ယာယီတိုက်ပွဲရှောင်စခန်း များအတွင်းရှိ     ပြည်သူများ၊ အသက်(၁၂)နှစ်အထက် အခြေခံ ပညာအလယ်တန်းနှင့်   အထက် တန်းအဆင့်       ကျောင်းသား ကျောင်းသူများ    စသည့်ဦးတည် အုပ်စုများ         သတ်မှတ်၍ တပ်မတော်မှ    ဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်း များနှင့်     စေတနာ့ဝန်ထမ်းများ က           ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေး လျက်ရှိသည်။

 


ထိုသို့ ဆောင်ရွက်လျက်ရှိရာ မေ   ၁၂   ရက်နှင့်  ယနေ့တို့တွင် ရှမ်းပြည်နယ်  မြောက်ပိုင်းအတွင်း ရှိ မြို့နယ် ၁၃ မြို့နယ်တို့၌ ဒေသခံ ပြည်သူ ၆၄၇၈ ဦး၊ ရန်ကုန်တိုင်း ဒေသကြီး       တာမွေမြို့နယ်၌ ဒေသခံပြည်သူ ၄၇၇ ဦး၊ ဧရာဝတီ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၆  မြို့နယ်တို့၌  ဒေသခံပြည်သူ ၁၆၀၂၉   ဦး၊  ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်အတွင်းရှိ မြို့နယ် ၁၃ မြို့နယ်တို့၌ ဒေသခံပြည်သူ ၈၅၈၃ ဦး၊ မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ခရိုင်ခုနစ်ခုမှ ဒေသခံ ပြည်သူ   ၄၅၇၂၀  နှင့်  ပဲခူးတိုင်း ဒေသကြီး တောင်ငူမြို့၌ ဒေသခံ ပြည်သူ ၁၅၀ တို့ကို တပ်မတော်မှ ဆေးအဖွဲ့များက   ပြည်သူ့ဆေးရုံ များမှ ဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေး     ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်း ၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံပေးသည်။

 


ထို့အတူ        ကျောင်းသား ကျောင်းသူများကိုလည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများထိုးနှံပေးလျက်ရှိရာ မေ ၁၂ ရက်တွင် ရှမ်းပြည်နယ်      မြောက်ပိုင်း မိုးမိတ်မြို့နယ်၌    ကျောင်းသား ကျောင်းသူ      ၃၄   ဦးတို့ကို တပ်မတော်မှ  ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံများမှ   ဆရာဝန် များ၊   သက်ဆိုင်ရာ   ကျန်းမာရေး ဝန်ထမ်းများ၊   စေတနာ့ဝန်ထမ်း များနှင့်ပူးပေါင်း၍ ကိုဗစ်- ၁၉ ရောဂါ    ကာကွယ်ဆေးထိုးနှံပေး သည်။

 


ထိုသို့    ဆောင်ရွက်ပေးနေမှု များကို     သက်ဆိုင်ရာ     တိုင်း ဒေသကြီးနှင့်    ပြည်နယ်များမှ  တာဝန်ရှိသူများက      သွားရောက် ကြည့်ရှုအားပေးပြီး        လိုအပ် သည်များ     ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြကြောင်း         သတင်းရရှိ သည်။ 

သတင်းစဉ်