တက္ကသိုလ်များ၊ ဒီဂရီကောလိပ်များနှင့် ကောလိပ်များကို ပုံမှန်ပညာသင်နှစ်အတိုင်း ဖွင့်လှစ်သင်ကြားလျက်ရှိ

 

နေပြည်တော်    မေ    ၁၃


တိုင်းဒေသကြီးနှင့်             ပြည်နယ်အသီးသီး ရှိ   တက္ကသိုလ်များ၊  ဒီဂရီကောလိပ်များနှင့် ကောလိပ်များကို ၂၀၂၂ ခုနှစ် မေ ၁၂ ရက်မှ စတင်၍ ပုံမှန်ပညာသင် နှစ်ဝက်ကာလအတိုင်း  ပြန်လည်ဖွင့်လှစ်သင်ကြားလျက်ရှိရာ  ယနေ့ တွင်လည်း  တိုင်းဒေသကြီးနှင့်   ပြည်နယ် အသီးသီးရှိ တက္ကသိုလ်များ၊ ဒီဂရီကောလိပ် များ၊     ကောလိပ်များနှင့်    ကျောင်းများ၌ ကျောင်းသား ကျောင်းသူများက   အေးချမ်း ပျော်ရွှင်စွာ    ကျောင်းပြန်လည်တက်ရောက် လျက်ရှိကြသည်။

 


ယခုကဲ့သို့ တက္ကသိုလ်နှင့် ကောလိပ်များ စနစ်တကျ   ဖွင့်လှစ်နိုင်ရေးအတွက်  ဝန်ကြီး ဌာနအသီးသီးမှ တာဝန်ရှိသူများက လိုအပ် သည့်   ကြိုတင်ပြင်ဆင်မှုများ     ပြင်ဆင် ဆောင်ရွက်ခဲ့ပြီး တက္ကသိုလ်  ဆရာ ဆရာမများ၊  ကျောင်းသား  ကျောင်းသူများ၊  ယာဉ်အန္တရာယ် နှင့် ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် လုံခြုံရေးတပ်ဖွဲ့များ၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့၊ ရပ်ရွာအခြေပြုပြည်သူလူထု လုံခြုံရေးအဖွဲ့များ ပူးပေါင်း၍ အေးချမ်းစွာ ပညာသင်ကြားနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

 


ထိုသို့ပြန်လည်ဖွင့်လှစ်ရာတွင်     စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အောက်ရှိ တက္ကသိုလ်နှစ်ခုနှင့် စိုက်ပျိုးရေး သိပ္ပံ‌ကျောင်း ၁၃ခု၊ ပညာရေးဝန်ကြီးဌာန     အဆင့်မြင့်ပညာဦးစီးဌာန အောက်ရှိ   တက္ကသိုလ်များ၊   ဒီဂရီကောလိပ်နှင့် ကောလိပ်  ၄၇  ခု၊    ဆရာအတတ်ပညာဦးစီးဌာန အောက်ရှိ ပညာရေးဒီဂရီကောလိပ် ၂၅ ခု၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန   အဆင့်မြင့်သိပ္ပံနှင့်    နည်း ပညာဦးစီးဌာနအောက်ရှိ တက္ကသိုလ် ၆၀ ၊ နည်း  ပညာ၊   သက်မွေးပညာနှင့်   လေ့ကျင့်ရေးဦးစီးဌာန အောက်ရှိ  အစိုးရနည်းပညာကောလိပ် လေးခုနှင့် အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း ၂၂ ခုတို့ကို ဖွင့်လှစ် ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။    

သတင်းစဉ်