
နေပြည်တော် မေ ၁၂
နေပြည်တော် ပတ်ဝန်းကျင်စီမံခန့်ခွဲမှု ဆိုင်ရာ ကြီးကြပ်မှုကော်မတီ၏ ပထမ အကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နေပြည်တော်ကောင်စီရုံး အစည်းအဝေး ခန်းမ၌ မေ ၁၀ ရက်က ပြုလုပ်သည်။
အစည်းအဝေးတွင် နေပြည်တော် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ် မှုကော်မတီဥက္ကဋ္ဌ နေပြည်တော်ကောင်စီ အဖွဲ့ဝင် ဦးဇေယျာလင်းက ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှု ဆိုင်ရာ လုပ်ငန်းများကို ကဏ္ဍအလိုက် သက်ဆိုင်သည့်ဌာနများပူးပေါင်း၍ စနစ် တကျ အကောင်အထည်ဖော် ဆောင်ရွက် သွားနိုင်ရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍအနေဖြင့် ပြည်သူလူထု ပူးပေါင်း လာစေရန် အသိပညာပေးခြင်း၊ သန့်ရှင်း သပ်ရပ်သော စံပြကျေးရွာများ တည် ထောင်မှုတွင် ပူးပေါင်းဆောင်ရွက်ပေး ခြင်း၊ စိမ်းလန်းသန့်ရှင်းသောကျောင်းများ ဖြစ်ပေါ်လာစေရေးအတွက် စာသင် ကျောင်းများနှင့် ပြည်သူလူထုအား အသိပညာပေးခြင်းများကို အလေးထား ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြော ကြားသည်။
ထို့နောက် ကော်မတီအတွင်းရေးမှူး ညွှန်ကြားရေးမှူး ဒေါ်ခင်ခင်ဆွေက ပတ် ဝန်းကျင်ထိန်းသိမ်းရေး ကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ ပြည် ထောင်စု ဒေသန္တရ ငါးနှစ် အမျိုးသား စီမံ ကိန်းမူဘောင်(၂၀၂၂-၂၀၂၃ မှ ၂၀၂၆-၂၀၂၇)တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေး နှင့် ရာသီဥတုပြောင်းလဲမှု ဆိုင်ရာလုပ်ငန်း များကို သက်ဆိုင်ရာ ကဏ္ဍအလိုက် စီမံကိန်းများတွင် ထည့်သွင်းရေးဆွဲနိုင်ရေးကိစ္စများ၊ နေပြည်တော် ပလတ်စတစ် စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှု လုပ်ငန်းအစီ အစဉ်(မူကြမ်း) စသည်တို့နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြ သည့် ကော်မတီအဖွဲ့ဝင်များက သက်ဆိုင် ရာကဏ္ဍများအလိုက် ဝိုင်းဝန်းဆွေးနွေး၍ နေပြည်တော်ကောင်စီအဖွဲ့ဝင်က လိုအပ် သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)