ရွှေသွေးဂျာနယ်ထွက်ရှိ

 

နေပြည်တော်    မေ   ၁၂


ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန စာပေ ဗိမာန်ရုံးက အပတ်စဉ် စနေနေ့တိုင်း ရွှေသွေးဂျာနယ်ကို ထုတ်ဝေ ဖြန့်ချိလျက်ရှိသည်။

 


၁၄-၅-၂၀၂၂ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၄) အမှတ် (၂၀) ၌   ဗုဒ္ဓဘာသာဝင်   မြန်မာလူမျိုးတို့၏ ကဆုန်ညောင်ရေသွန်းပွဲတော် ကျင်းပရခြင်းအကြောင်းနှင့် ဓလေ့ ထုံးစံများကို တန်ဖိုးထား ထိန်းသိမ်းတတ်ရမည့်အကြောင်း တင်ဆက် ထားသည့် “ကဆုန်ညောင်ရေသွန်းပွဲတော် ဆင်နွှဲပျော်”   မျက်နှာဖုံး ကာတွန်း၊    “အဝေးကြည့်မှန်ပြောင်း”    အကြောင်း  ကလေးတို့ ဗဟုသုတဖြစ်ဖွယ် တင်ဆက်ထားသည့် သုတဆောင်းပါး၊ မိမိ၏ အလုပ်တာဝန်ကို သူတစ်ပါးအပေါ် လွှဲချခဲ့မိသော ဖြိုးရဲအကြောင်းကို ဟာသဖြစ်ဖွယ်   တင်ဆက်ထားသည့်    “ဖြိုးရဲ၏   ညာမိတဲ့အပြစ်” နှစ်မျက်နှာကာတွန်း၊  မီးဘေးသင့်သူများအပေါ်   စေတနာထားကာ ပရဟိတလုပ်ငန်းများတွင်  စိတ်အားထက်သန်စွာ  ပါဝင်ကူညီပေးကြ သော လူငယ်လေးအချို့အကြောင်းကို တင်ဆက်ထားသည့် “စေတနာ ရှင် ပရဟိတ” ဝတ္ထုကဏ္ဍ၊  ဖိနပ်အသစ်ဝယ်ပေးရတော့မည့်   တီလေး အကြောင်းကို    ဟာသဖြစ်ဖွယ်    တင်ဆက်ထားသည့်    “တုံတုံ” တစ်မျက်နှာကာတွန်း၊ ဥဩငှက်ကလေး ကူကူးအကြောင်းကို ကလေး တို့ စိတ်ဝင်စားဖွယ်ရေးဖွဲ့ထားသည့်“ချစ်သားသားလေးကူကူး” ပုံပြင် ကဏ္ဍအပါအဝင်   ဉာဏ်စမ်းကဏ္ဍ၊    အင်္ဂလိပ်စကားဝိုင်းကဏ္ဍနှင့် ကဗျာကဏ္ဍစုံလင်စွာဖြင့် ထွက်ရှိပြီဖြစ်ရာ တစ်စောင်လျှင် ငွေကျပ် ၄၀၀ ဖြင့်   စာပေဗိမာန်စာအုပ်အရောင်းဆိုင်များတွင်    ဝယ်ယူနိုင် ကြောင်းသိရသည်။


သတင်းစဉ်