MyTelenor App တွင် ယောဂနှင့် ကျန်းမာရေးဆိုင်ရာအစီအစဉ်များ မိတ်ဆက်

 

ရန်ကုန် မေ ၁၁


တယ်လီနောမြန်မာ၏ My Telenor အက်ပလီကေးရှင်းမှ ကျန်းမာရေး ပိုမိုကောင်းမွန်သော   လူနေမှုပုံစံကိုမြှင့်တင်ပေးရန်  ရည်ရွယ်သည့် အစီအစဉ်တစ်ခုဖြစ်သော Wellness ကဏ္ဍတွင် ယောဂနည်းပြဖြစ်သူ ‘Yoga with Mone’ နှင့်အတူ ယောဂလေ့ကျင့်နိုင်မည့် အစီအစဉ်သစ်ကို မေ ၄ ရက်မှစ၍ အခမဲ့ ထည့်သွင်းပေးထားပြီဖြစ်ကြောင်း သိရသည်။ 


တယ်လီနောအသုံးပြုသူများ  ကိုယ် စိတ် ကျန်းမာရွှင်လန်းစေရန် ရည်ရွယ်လျက်  ယခုမိတ်ဆက်လိုက်သော  ယောဂအစီအစဉ်သစ်တွင် အမျိုးသား၊ အမျိုးသမီး အားလုံးအတွက် သင့်လျော်သည့် ယောဂဗီဒီယို များကို တင်ပေးသွားမည်ဖြစ်ပြီး အစီအစဉ်များအတွက် အခကြေးငွေ ထပ်မံပေးဆောင်ရန်မလိုဘဲ  ဒေတာအသုံးပြုခသာ  ကျသင့်မည်ဖြစ် ကြောင်း၊  သုံးစွဲသူများအနေဖြင့် ယောဂအစီအစဉ်တွင် ပါဝင်လေ့ကျင့်ရန် အတွက် အင်တာနက်ချိတ်ဆက်၍ My Telenor အက်ပလီကေးရှင်းမှ Wellness စာမျက်နှာကို ဝင်ရောက်အသုံးပြုရမည်ဖြစ်ကြောင်း သိရ သည်။ 

 


My Telenor အက်ပလီကေးရှင်းတွင် ယောဂအစီအစဉ်နှင့်အတူ အစီအစဉ်သစ်များအဖြစ် Wellness ကဏ္ဍအောက်တွင် Health Digest အစီအစဉ်သစ်ကိုလည်း   စတင်မိတ်ဆက်ထားပြီး   ထိုဝန်ဆောင်မှုမှာ စိတ်ပျော်ရွှင်စွာနေထိုင်နိုင်ရန်  လိုအပ်သော  အရည်အသွေးမီ  စိတ် ကျန်းမာရေးစောင့်ရှောက်မှုနှင့် ခေတ်မီသော စိတ်ပိုင်းဆိုင်ရာ အထောက် အပံ့များကိုပေးအပ်မည့် အစီအစဉ်ဖြစ်ကြောင်း၊ လူမှုပေါင်းသင်းဆက်ဆံ ရေးနှင့်ဆက်နွှယ်သော စိုးရိမ်ကြောင့်ကြမှုနှင့် စိတ်ဖိစီးမှု၊ စိတ်ဒဏ်ရာ နှင့်ပတ်သက်သော အကြောင်းအရာ၊ ဆောင်းပါးများကို အဓိကထား တင်ပြပေးမည်ဖြစ်ကြောင်း သိရသည်။

 


တယ်လီနောသုံးစွဲသူများသည် ထိုဝန်ဆောင်မှုများကို ရယူနိုင်ရန် My Telenor အက်ပလီကေးရှင်းကို နောက်ဆုံးဗားရှင်း မြှင့်တင်ထားရန် လိုအပ်မည်ဖြစ်ပြီး နောက်ဆုံးဗားရှင်းကို Apple App Store နှင့် Google Play တွင် ရယူနိုင်သလို  နံပါတ် 500  သို့  “APP” ဟု စာတိုပေးပို့၍ လည်းကောင်း၊ နံပါတ် *979*5*5# သို့ ဖုန်းခေါ်ဆို၍လည်းကောင်း ဒေါင်းလုပ်လင့်ခ်ကို တောင်းခံနိုင်ကြောင်း တယ်လီနောမြန်မာမှ သတင်း ထုတ်ပြန်ချက်အရ သိရသည်။


ကိုစိုး