PDF အမည်ခံအကြမ်းဖက်သမားများ၏ အကြမ်းဖက် လုပ်ရပ်များကြောင့် ဘေးလွတ်ရာသို့ ယာယီတိမ်းရှောင်နေရာမှ နေရပ်ပြန်လည်ဝင်ရောက်လာသည့် ဒေသခံတိုင်းရင်းသား ပြည်သူများအား လိုအပ်သည်များ ကူညီဆောင်ရွက်

 

နေပြည်တော်  မေ  ၁၁


ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံမြို့နယ် နန်းခုံကျေးရွာအုပ်စု ပဲရင်းတောင် ကျေးရွာရှိ အိမ်ထောင်စု ၁၆ စုမှ အမျိုးသား တစ်ဦး၊ အမျိုးသမီး ၁၈ ဦးနှင့်ကလေး ကိုးဦး စုစုပေါင်း ၂၈ ဦးတို့သည် PDF အမည်ခံအကြမ်းဖက် သမားများ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် ဘေးလွတ်ရာသို့ ယာယီ တိမ်းရှောင်နေကြရာမှ မေ ၉ ရက်တွင် ၎င်းတို့၏ နေရပ်သို့ ပြန်လည် ဝင်ရောက်လာခဲ့ကြသည်။

 


မိမိနေရပ်သို့ ပြန်လည်ဝင်ရောက်လာသည့် ဒေသခံတိုင်းရင်းသား ပြည်သူများအား   အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်မှ   တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက လှိုက်လှဲစွာ ကြိုဆိုခဲ့ကြပြီး လိုအပ်သည့် ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးသည်။ 


ထို့ပြင် တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံဆေးအဖွဲ့က လိုအပ်သည့်  ကျန်းမာရေးစစ်ဆေးပေးမှုများ   ဆောင်ရွက်ပေးပြီး   ၎င်းတို့နေထိုင် သည့်    နေအိမ်များသို့    ဆက်လက်ပို့ဆောင်ပေးခဲ့ကြောင်း    သိရ သည်။ 

သတင်းစဉ်