တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုး၊ နေ့ဆွမ်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်း

 

နေပြည်တော်  မေ  ၁၁


တပ်မတော်(ကြည်း၊ရေ၊ လေ)  အရာရှိ၊   စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင်အလှူရှင် များက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်း များ၊  သာသနာ့နွယ်ဝင်   သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများသို့   ဆွမ်းဆန်တော်၊  ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့်   လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်း၊ နေ့ဆွမ်းများ  ဆက်ကပ်လှူဒါန်းခြင်း နှင့် ကျန်းမာရေးစစ်ဆေးပေးခြင်းများကို ဆောင်ရွက် လျက်ရှိသည်။

 


ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရှမ်းပြည် နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့ရှိ   အောင်မင်္ဂလာ တပ်ဦးဘုန်းကြီးကျောင်း၊    ဇေယျသုခဘုန်းကြီး ကျောင်း၊ ပါဘောဘုန်းကြီးကျောင်း၊  ရန်ကုန်တိုင်း ဒေသကြီး မင်္ဂလာဒုံမြို့နယ်၊ အမှတ်(၂/က) စံပြ ရပ်ကွက်ရှိ စက္ကဝဋ္ဌာကျောင်းတိုက်၊ မှော်ဘီမြို့နယ် သန္ဓေပင်ကျေးရွာရှိ   သိင်္ဂီဦးပရိယတ္တိစာသင်တိုက်၊ ဧရာဝတီတိုင်းဒေသကြီး အိမ်မဲမြို့ အိမ်မဲမင်းကျောင်း တိုက်၊ မကွေးတိုင်းဒေသကြီး မကွေးမြို့ရှိ  ကျောင်း ထိုင်ဘုန်းကြီးသင်တန်းကျောင်း၊ မန္တလေးတိုင်းဒေသ ကြီး သပိတ်ကျင်းမြို့နယ် ကျောက်ဖာကျေးရွာအုပ်စု ကျောက်အိုးကျေးရွာရှိ     ခေမာသီစံကျောက်အိုး ကျောင်းတိုက်တို့မှ သံဃာတော်များနှင့် သာသနာ့ နွယ်ဝင်သီလရှင်များအားလည်းကောင်း၊ ပဲခူးတိုင်း ဒေသကြီး တောင်ငူမြို့ သာသနဟီတကာရီ ဗိမာန် တော်ကြီးနှင့်   အုတ်တွင်းမြို့   ကြက်သွန်ခင်း(၂)ရပ်ကွက်   ဗောဓိကုန်းကျောင်းတိုက်တို့ရှိ   အစိုးရ ဓမ္မာစရိယနှင့်  ပါဠိပထမပြန်စာမေးပွဲ   ကြီးကြပ် ဆရာတော်များနှင့်   ဝင်ရောက်ဖြေဆိုလျက်ရှိသည့် သံဃာတော်များအားလည်းကောင်း ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုး၊ နဝကမ္မအလှူငွေများ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများ၊ နေ့ဆွမ်းများနှင့် လှူဖွယ်ပစ္စည်းများကို  တိုင်းစစ်ဌာနချုပ်အသီးသီးမှ တိုင်းမှူးများနှင့် တာဝန် ရှိသူများက   သွားရောက်ဆက်ကပ်လှူဒါန်းကြပြီး နယ်မြေခံ ဆေးအဖွဲ့အများက လိုအပ်သည့် ကျန်းမာ ရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။                                          

သတင်းစဉ်