သီပေါ၌ အခြေခံပညာမူလတန်းအဆင့် Grade-5 (သင်ရိုးသစ်) မြို့နယ်အဆင့် ဆင့်ပွားသင်တန်းဖွင့်

 

သီပေါ  မေ   ၁၁


ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါ မြို့နယ်  ၂၀၂၂ -၂၀၂၃     ပညာသင် နှစ်    အခြေခံပညာမူလတန်း အဆင့် Grade-5 (သင်ရိုးသစ်)  မြို့နယ်အဆင့်   ဆင့်ပွားသင်တန်း ဖွင့်ပွဲကို     ယနေ့နံနက်ပိုင်းက အမှတ်(၁) အခြေခံပညာ အထက် တန်းကျောင်း    မြညီလာခန်းမ၌ ကျင်းပသည်။

 


အခမ်းအနားတွင်   မြို့နယ် ပညာရေးမှူး   ဦးထိန်းလင်းက အမှာစကားပြောပြီး သင်တန်းမှူး မြို့နယ်   ဒုတိယပညာရေးမှူး  ဦးမင်းကိုကိုက  သင်တန်းဖွင့်လှစ် ရခြင်း    ရည်ရွယ်ချက်များနှင့် သင်တန်း  စည်းမျဉ်းစည်းကမ်း များကို      ရှင်းလင်းပြောကြား သည်။

 


အဆိုပါ အခြေခံပညာ   မူလ တန်းအဆင့် Grade-5 (သင်ရိုး သစ်) မြို့နယ်အဆင့်    ဆင့်ပွား သင်တန်းသို့     သင်တန်းသား သင်တန်းသူ ဆရာ ဆရာမ ၃၃၇ ဦး တက်ရောက်ကြပြီး   နည်းပြ အဆင့် ဆရာ ဆရာမ ၂၂ ဦးတို့က မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာ၊  သိပ္ပံ၊ လူမှု(ပထဝီ/သမိုင်း)နှင့် စာရိတ္တ/ကာယ     ဘာသာရပ်တို့အား လေးရက်ကြာ  သင်ကြားသွားမည် ဖြစ်ကြောင်း သိရသည်။

 

စိုင်း (သီပေါ)