
နေပြည်တော် မေ ၁၁
ပြည်ထဲရေးဝန်ကြီးဌာန တပ်ဖွဲ့ ဝင်/ဝန်ထမ်း အရာထမ်း၊ အမှု ထမ်း မိသားစုများက မြို့နယ် အသီးသီးရှိ ဘုန်းတော်ကြီး ကျောင်းများသို့ ဆွမ်းဆန်တော် များ ဆက်ကပ်လှူဒါန်းခြင်းကို ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ကချင်ပြည်နယ် ဗန်းမော်မြို့နယ်ရှိ မင်းမဟော် သုခဝတီ သာသနာ့ရိပ်သာသို့ လည်းကောင်း၊ တနင်္သာရီတိုင်း ဒေသကြီး ကော့သောင်းမြို့နယ်ရှိ မြသီတဂူ စာသင်တိုက်သို့လည်း ကောင်း၊ မကွေးတိုင်းဒေသကြီး ငဖဲမြို့နယ်ရှိ ကုန်းမြင့်ရတနာ ကျောင်းတိုက်သို့ လည်းကောင်း၊ မွန်ပြည်နယ် သထုံမြို့နယ်ရှိ မြစေတီစာသင်တိုက်သို့ လည်း ကောင်း၊ ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်ရှိ မင်းကျောင်း ပထမပြန် စာသင်တိုက်သို့ လည်းကောင်း၊ ရှမ်းပြည်နယ် မိုင်းခတ်မြို့နယ်ရှိ ထေရဝါဒ သာသနာပြု ကျောင်းတိုက်သို့ လည်းကောင်း ဆရာတော်၊ သံဃာတော်များအတွက် ဆွမ်း ဆန်တော်များကို တာဝန်ရှိသူ များက သွားရောက်ဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သိရ သည်။
သတင်းစဉ်