မန္တလေးတိုင်းဒေသကြီးတွင် ယခုနှစ်မိုးနှင့် မိုးနှောင်းစိုက်ပျိုးရာသီအတွင်း ဝါအထူးဇုန် ဧက ၁၀၀၀၀ ၌ ဝါမျိုးကောင်းမျိုးသန့် မျိုးပွားစိုက်ပျိုးထုတ်လုပ်သွားမည်

 

နေပြည်တော်   မေ   ၁၁


မန္တလေးတိုင်းဒေသကြီး ဝါသီးနှံကဏ္ဍ ဖွံ့ဖြိုးတိုးတက် မှုစီမံချက်   အကောင်အထည်ဖော်ရေး   လုပ်ငန်း ညှိနှိုင်းအစည်းအဝေးအမှတ်စဉ် (၁/ ၂၀၂၂)ကို    ယမန် နေ့နံနက်ပိုင်းက   အွန်လိုင်းစနစ်ဖြင့်  ကျင်းပရာ အစည်းအဝေးသို့ စိုက်ပျိုးရေးဦးစီးဌာန  ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း၊  တိုင်းဒေသကြီး ဦးစီးမှူး ဦးတိုးမင်း၊    ဒုတိယတိုင်းဒေသကြီး ဦးစီးမှူး များ၊  ခရိုင်မြို့နယ်   ဦးစီးမှူးများနှင့်   ဝါသီးနှံ တာဝန်ခံများ တက်ရောက်ခဲ့ကြသည်။

 


အစည်းအဝေးတွင်       စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်     ဒေါက်တာရဲတင့်ထွန်းက   သီးနှံစိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာ  စာရင်းဇယားများ တွင် ဖော်ပြသည့်  ကိန်းဂဏန်းများ တိကျခိုင်မာမှု ရှိစေရေး အလေးထားဆောင်ရွက်ရန်၊   ဝါစိုက်ပျိုး ထုတ်လုပ်မှုနှင့်  ဝါဈေးကွက် သတင်းအချက်အလက် များ  တောင်သူများထံရောက်ရှိရေး   စဉ်ဆက်မပြတ်    ဆောင်ရွက်ကြရန်၊    သက်ဆိုင်ရာ    နယ်ပယ်အလိုက် နည်းပညာများကို       ကျွမ်းကျင်ပိုင်နိုင်မှု ရှိစေရေး စွမ်းဆောင်ရည် မြင့်မားရေးအတွက် သင်တန်းများ ဆွေးနွေးပွဲများ  ဆောင်ရွက်ရန် လိုအပ်ချက်များ၊ ဝါသီးနှံကဏ္ဍ   ဖွံ့ဖြိုးတိုးတက်ရေးအတွက်   အဓိက အရင်းအမြစ်တစ်ခုဖြစ်သည့် မျိုးစေ့စီးဆင်းမှု   မှန်ကန် စေရန်နှင့်  မျိုးစေ့ကဏ္ဍ  ဖွံ့ဖြိုးတိုးတက်လာစေရေး ကြိုးပမ်းဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေး မှာကြားသည်။

 


ယခုကျင်းပသည့်    မန္တလေးတိုင်းဒေသကြီး ဝါသီးနှံကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှု     စီမံချက်အကောင် အထည်ဖော်ရေး  လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ဝါသီးနှံကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ကြီးကြပ်မှုကော်မတီ များ   ဖွဲ့စည်းတာဝန်ပေးအပ်ခြင်း၊  ဝါသီးနှံကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့်    စပ်လျဉ်း၍    ဝန်ကြီးဌာန၏     မူဝါဒနှင့် လမ်းညွှန်ချက်များအား    ရှင်းလင်းဆွေးနွေး ခြင်းများ ဆောင်ရွက်ခဲ့ကြပြီး  ဝါသီးနှံကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးလေးနှစ် စီမံချက် နှင့် ၂၀၂၂-၂၀၂၃ ခုနှစ် တွင်   ဆောင်ရွက်မည့်    လုပ်ငန်းဆိုင်ရာများအား ဆွေးနွေးခဲ့ကြသည်။ 

 


မန္တလေးတိုင်းဒေသကြီးအတွင်း    နှစ်စဉ် ဝါသီးနှံ ဧက တစ်သိန်းကျော် စိုက်ပျိုးထုတ်လုပ် လျက်ရှိနေ သော်လည်း   ပြည်တွင်းအဝတ်အထည်ထုတ်လုပ် မှုအတွက်   လိုအပ်နေသည့်    ချည်မျှင်ကုန်ကြမ်း    ဖြည့်ဆည်းပေးနိုင်ရန်       ဝါစိုက်ဧကတိုးချဲ့ရေး၊ တစ်ဧကအထွက်နှုန်း    တိုးတက်ရေးလုပ်ငန်းများ ကို    စိုက်ပျိုးရေးဦးစီးဌာနက  ကြိုးပမ်းလျက်ရှိရာ    ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှု  တိုးတက်ရေးအတွက် အဓိကလိုအပ်ချက်ဖြစ်သည့်   ဝါမျိုးကောင်း မျိုးသန့်   ဖူလုံစွာ   သုံးစွဲနိုင်ရန်    ဒေသနေ  ဝါတောင်သူများနှင့် ပူးပေါင်း၍    ယခုနှစ် မိုးရာသီနှင့် မိုးနှောင်းကာလ များတွင် ဝါအထူးဇုန် ဧက ၁၀၀၀၀  ၌   ဝါမျိုးကောင်း မျိုးသန့်    မျိုးပွားစိုက်ပျိုးထုတ်လုပ်သွားမည်ဖြစ် ကြောင်း သိရသည်။                            

သတင်းစဉ်