မြန်မာနိုင်ငံစာရေးဆရာအသင်း တတိယအကြိမ်ညီလာခံကျင်းပရန် ငွေလှူဒါန်း

 

ရန်ကုန်   မေ   ၁၁


မြန်မာနိုင်ငံစာရေးဆရာအသင်း   တတိယအကြိမ်  ညီလာခံကို  မေ ၂၁ ရက်နှင့် ၂၂ ရက်များတွင် ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် သိမ်ဖြူ လမ်း အမှတ် (၂၂၈) ရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပမည်ဖြစ်သည်။

 


အဆိုပါ ညီလာခံကျင်းပရန် အလှူရှင်များက အလှူငွေများ လှူဒါန်း ကြရာ  ဦးစိုးဝင်း  (တက္ကသိုလ်စိုးယဉ်)-  စာရေးဆရာမ မလေးယဉ် မိသားစု ငွေကျပ် နှစ်သိန်း၊ ဦးခင်ဆွေ (ရွှေစွန်ညို)၊ ဦးစိုးမြင့် (စိုးမှူး)၊ ကွယ်လွန်သူ ဆရာ မင်းရိုးယဉ်မိသားစုနှင့် တောင်ဥက္ကလာပမြို့နယ် စာရေးဆရာအသင်းတို့က  ငွေကျပ်  တစ်သိန်းစီ၊  ဦးအောင်သန်းဦး (ပုသိမ် အောင်သန်းဦး)၊ နတ်တလင်းမြို့နယ် စာရေးဆရာအသင်းနှင့် မင်္ဂလာဒုံမြို့နယ်  စာရေးဆရာအသင်းတို့က  ငွေကျပ်  ငါးသောင်းစီ၊ ကွယ်လွန်သူ စာရေးဆရာ ဆင်တဲဝမြတ်ဘုန်း မိသားစုနှင့် ကဗျာဆရာ တောင်တွင်းမောင်သင်းကျော်တို့က ငွေကျပ် သုံးသောင်းစီ လှူဒါန်း ကြပြီး ဦးစိုးရှိန် (မောင်စိုးထိုက်-သုံးဆယ်)၊ ဦးဖေသန်း (နေမင်းသန်း)၊ မောင်ညီဦး  (ကစလ)၊  သန်းဝင်းမြင့် (လူမှုထူးချွန်) နှင့် မောင်ယဉ်ဦး (ဓနုဖြူ) တို့က သုတ၊ ရသစာအုပ်များ လှူဒါန်းကြရာ ဘဏ္ဍာငွေရှာဖွေ ရေးလုပ်ငန်းကော်မတီ    ဥက္ကဋ္ဌ   ဦးအုန်းမောင်   (မြင်းမူမောင်နိုင်မိုး)၊ အသင်းအတွင်းရေးမှူး ဦးညွန့်တင် (မောင်ငြိမ်းသူ-ကြို့ပင်ကောက်) နှင့် ဗဟိုအမှုဆောင်ကော်မတီဝင်များက လက်ခံရယူကြကြောင်း သိရ သည်။

သတင်းစဉ်