
နေပြည်တော် မေ ၁၀
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနက ကြီးမှူး၍ နှစ်စဉ် ကျင်းပပြုလုပ်သော ၂၀၂၂ ခုနှစ်၊ ပါဠိပထမပြန်စာမေးပွဲကို ယနေ့တွင် နိုင်ငံတစ်ဝန်းလုံးရှိ စာဖြေဌာန ၂၃၉ ဌာနတို့၌ (စတုတ္ထနေ့)အဖြစ် ဖြေဆိုကြသည်။
ပါဠိပထမပြန်စာမေးပွဲ (ပထမကြီး၊ ပထမလတ်၊ ပထမငယ်၊ အခြေပြုမူလတန်း) စတုတ္ထနေ့ကို စာရင်းသွင်းသံဃာနှင့် သီလရှင် စုစုပေါင်း ၅၀၅၃၇ ပါး အနက် ၃၈၄၂၇ ပါး ဖြေဆိုကြသဖြင့် ၇၆ ဒသမ ၀၄ ရာခိုင်နှုန်းဖြေဆိုကြကြောင်း သာသနာရေးဦးစီးဌာနမှ သိရသည်။ သတင်းစဉ်