
နေပြည်တော် မေ ၉
ကွန်ဟိန်းမြို့နယ်တွင် ငွေကျပ် သိန်း ၅၀၀၀ ကျော် တန်ဖိုးရှိ ကတ်တမင်းများ ဖမ်းဆီးရမိ ခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။
မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် များပါဝင်သော ပူးပေါင်းအဖွဲ့သည် မေ ၇ ရက် ည ၉ နာရီတွင် ကွန်ဟိန်းမြို့နယ် တာကော် ပူးပေါင်းစစ်ဆေးရေးစခန်းတွင် ကာလိမှ မိုင်းပျဉ်းဘက်သို့ စိုင်းနော်ရှဲန် မောင်းနှင်လာသည့် MITSUBISHI COLT မော်တော် ယာဉ်ကို သတင်းအရ ရှာဖွေရာ ဒေသကာလတန်ဖိုး ငွေကျပ် သိန်း ၅၀၀၀ ကျော် တန်ဖိုးရှိ ကတ်တမင်း ၆၁ ကီလို သိမ်းဆည်း ရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက် အရ သိမ်းဆည်းရမိ ကတ်တမင်း များကို ကာလိမြို့မှ မိုင်းပျဉ်းမြို့သို့ သယ်ဆောင်ခြင်း ဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းအား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက် ပြစ်မှု ကျူးလွန်သူများကို ဆက်လက်စစ်ဆေး ဖော်ထုတ် လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်