တရားမဝင် သစ်မျိုးစုံနှင့် လိုင်စင်မဲ့ မော်တော်ယာဉ်များ ဖမ်းဆီးရမိ


 

နေပြည်တော်   မေ   ၉
တရားမဝင်        ကုန်သွယ်မှု တိုက်ဖျက်ရေး            ဦးဆောင် ကော်မတီ၏   ကြီးကြပ်ကွပ်ကဲမှု ဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ       ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး  ဆောင် ရွက်လျက်ရှိရာ    မေ ၆ ရက်တွင်  ဧရာဝတီတိုင်းဒေသကြီး   တရား မဝင်  ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏   စီမံခန့်ခွဲမှုဖြင့် ယာဉ်ထိန်းရဲတပ်ဖွဲ့   ဦး‌ဆောင် သော           စစ်‌ဆေးရေးအဖွဲ့က စစ်ဆေးမှုများ   ဆောင်ရွက်ခဲ့ရာ ပုသိမ်မြို့နယ်   ကိုးဆူစစ်ဆေးရေး ဂိတ်၌   လိုင်စင်မဲ့  Toyota  Ractis  အမျိုးအစား    မော်တော်ယာဉ် တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅၀၀၀၀၀) ကို   ဖမ်းဆီးရမိခဲ့ပြီး  (ယာပုံ)  ပို့ကုန်သွင်းကုန် ဥပဒေနှင့် အညီအရေးယူ     ဆောင်ရွက်လျက် ရှိသည်။
ထို့ပြင်  မေ  ၉  ရက်တွင် ပဲခူးတိုင်းဒေသကြီး   တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးအထူး အဖွဲ့၏ စီမံခန့်ခွဲမှုဖြင့်  တိုင်းဒေသ ကြီး သစ်တောဦးစီးဌာန ဦးဆောင် သော  ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ   ဆောင်ရွက်ခဲ့ရာ  တောင်ငူခရိုင် ‌ရေတာရှည်မြို့နယ် စိုင်းရကြိုးဝိုင်းအတွင်း တရားမဝင် ကျွန်းသစ် (၀ ဒသမ ၆၈၂၀)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၂၃၀၀)ကို   ဖမ်းဆီးရမိခဲ့ပြီး  သစ်တော ဥပ‌ဒေနှင့်အညီ           အရေးယူ ဆောင်ရွက်လျက်ရှိသည်။
အလားတူ   စစ်ကိုင်းတိုင်း ဒေသကြီး တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး    အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့်   စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ စစ်ကိုင်းမြို့နယ် အတွင်း   မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဦးဆောင်သော စစ်ဆေးရေးအဖွဲ့ က လိုင်စင်မဲ့ Dump Truck အမျိုး အစား  မော်တော်ယာဉ်  နှစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ်  ၈၀၀၀၀၀၀) ကို   ပို့ကုန်သွင်းကုန်     ဥပဒေအရ လည်းကောင်း၊   သစ်တောဦးစီး ဌာန  ဦးဆောင်သော စစ်ဆေးရေး အဖွဲ့က တရားမဝင် သစ်မျိုးစုံ ၁၂ ဒသမ ၃၉၀၄ တန် (ခန့်မှန်းတန်ဖိုး  ငွေကျပ် ၁၀၈၆၁၈၅၀)ကို သစ်တော ဥပဒေအရလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ်   ၁၈၈၆ ၁၈၅၀)ကို    ဖမ်းဆီးအရေးယူ       ဆောင်ရွက်လျက်ရှိသည်။    
သို့ဖြစ်၍  မေ ၆ ရက်နှင့် ၉ ရက်တို့တွင်        ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ခြောက်မှု၊ (ခန့်မှန်း တန်ဖိုးငွေကျပ် ၂၁၄၆၄ ၁၅၀ )   ဖြစ်ကြောင်း   တရားမဝင် ကုန်သွယ်မှု     တိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ   သိရသည်။
သတင်းစဉ်