
မြစ်ကြီးနား မေ ၉
ပြည်တွင်းစားသုံးဆီ လိုအပ်ချက် ဖြည့်ဆည်းပေးနိုင်ရန်နှင့် အသင်း သား ပြည်သူများ သန့်ရှင်း သော စားသုံးဆီများကို သက်သာ သော နှုန်းထားဖြင့် ဝယ်ယူရရှိ နိုင်စေရန် ရည်ရွယ်၍ သမဝါယမ ကဏ္ဍမှ ဆောင်ရွက်လျက်ရှိ သည်။
ထိုသို့ ဆောင်ရွက်ရာတွင် ကချင်ပြည်နယ် သမဝါယမဦးစီး ဌာနနှင့် မန္တလေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာနတို့ ချိတ်ဆက် ၍ ညောင်ဦးမြို့နယ် သမဝါယမ အသင်းစုမှ ထုတ်လုပ်သော အရည်အသွေး ကောင်းမွန်၍ သန့်ရှင်းလတ်ဆတ်သည့် မြေပဲဆီ သန့် ပိဿာချိန် ၅၀၀ ကို မြစ်ကြီးနားမြို့နယ်ရှိ အေးချမ်း သာ ငွေစုငွေချေး သမဝါယမ အသင်းမှ ဝယ်ယူကာ ဒေသ ပေါက်ဈေးထက် သက်သာ သော နှုန်းများဖြင့် အသင်းသား ပြည်သူများအား ဖြန့်ဖြူး ရောင်းချပေးလျက်ရှိကြောင်း သိရ သည်။
သတင်းစဉ်