တရားမအထူးအယူခံမှု(၁)မှုကို ကြားဖြတ်အမိန့်ချမှတ်ပြီး  တရားမအထူးအယူခံမှု (၉) မှု စီရင်ချက်ချမှတ်၊ တရားမအထူးအယူခံမှု (၅) မှု ရုံးထိုင်ကြားနာ

 

 

နေပြည်တော်    မေ   ၉
ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်  တရားသူကြီးများဖြစ်ကြသော  ဦးကြည်သိန်း၊ ဦးခင်မောင်ကြီး၊ ဦးတင်ဟုန်၊ ဦးသိန်းကိုကိုတို့ ပါဝင်သည့် အထူးအယူခံခုံရုံးသည် ယနေ့နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စုတရားလွှတ်တော် ချုပ် ရုံးခန်းအမှတ်(၁)၌  ရုံးထိုင်၍ တရားမအထူးအယူခံမှုအမှတ် ၇/၂၀၂၁ (ရန်ကုန်)ကို ကြားဖြတ်အမိန့်ချမှတ်ပြီး တရားမအထူးအယူခံမှု အမှတ်  ၅၀/၂၀၂၀ (ပဲခူး)၊ ၁/ ၂၀၂၁ (ရန်ကုန်)၊ ၂/၂၀၂၁ (စစ်ကိုင်း)၊ ၈/၂၀၂၁ (ရန်ကုန်)၊ ၉/၂၀၂၁ (ဧရာဝတီ)၊ ၁၀/၂၀၂၁ (ဧရာဝတီ)၊ ၁၁/၂၀၂၁ (မန္တလေး)၊ ၁၃/၂၀၂၁ (ဧရာဝတီ)နှင့် ၂၇/၂၀၂၁ (ရှမ်း) စုစုပေါင်း တရားမအထူးအယူခံမှု (၉) မှု တို့ကို စီရင်ချက်ချမှတ်သည်။
ထို့ပြင်  တရားမ  အထူးအယူခံမှုအမှတ်  ၁၉/၂၀၂၀ (ရှမ်း)၊   ၃၃/၂၀၂၁ (မကွေး)၊  ၃၄/၂၀၂၁ (မကွေး)၊  ၁/၂၀၂၂ (ဧရာဝတီ)  နှင့်  ၅/၂၀၂၂ (မန္တလေး) စုစုပေါင်း တရားမအထူးအယူခံမှု (၅)မှုတို့ကို  ကိုဗစ်-၁၉  ရောဂါကာကွယ်၊ ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင့်အညီ  ရုံးထိုင် ကြားနာခဲ့ကြောင်း သိရသည်။                                                        သတင်းစဉ်