
နေပြည်တော် မေ ၈
တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင် ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှု ဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီး အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ မေ ၇ ရက် တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် မြန်မာစက်မှု ဆိပ်ကမ်းကုန်သေတ္တာ စစ်ဆေး ရေးစခန်း၌ တာဝန်ကျ အကောက်ခွန်အဖွဲ့က စစ်ဆေးမှု များ ဆောင်ရွက်ခဲ့ရာ သွင်းကုန် ကြေညာလွှာ(ID)တွင် ကြေညာ ထားခြင်းမရှိသော အလှကုန် ပစ္စည်းများ(ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅၅၅၈၄၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး (ယာပုံ) အကောက်ခွန် လုပ်ထုံး လုပ်နည်းနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
အရေးယူဆောင်ရွက်
ထို့ပြင် မေ ၈ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တရား မဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဦးဆောင် သော စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ စစ်ကိုင်းမြို့နယ်တွင်း လိုင်စင်မဲ့ Toyota Townace အမျိုးအစား မော်တော်ယာဉ် တစ်စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၅၀၀၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန် ဥပဒေနှင့်အညီ အရေးယူဆောင် ရွက်လျက်ရှိသည်။
ဖမ်းဆီးရမိ
အလားတူ ပဲခူးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက် ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီး ဌာန ဦးဆောင်သော ပူးပေါင်း စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှု များ ဆောင်ရွက်ခဲ့ရာ ပန်းတောင်း မြို့နယ် ပြည်- တောင်ကုတ် ကားလမ်း မိုင်တိုင်(၁၈/၁-၂)တွင် တရားမဝင် ကျွန်းတံခါးချပ် နှင့် ပျဉ်းကတိုး ကျည်းပေါင်များ (၁ ဒသမ ၃၃၂၄)တန်၊ (ခန့်မှန်း တန်ဖိုးငွေကျပ် ၃၅၅၄၈၀) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေ နှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။
သို့ဖြစ်ပါ၍ မေ ၇ ရက်နှင့် ၈ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ လေးမှု၊ (ခန့်မှန်း တန်ဖိုးငွေကျပ် ၃၇၄၁၃ ၈၈၀ ) ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရ သည်။ သတင်းစဉ်