နီပေါတောင်တက်လမ်းပြတစ်ဦး ဧဝရက်တောင်ထိပ်သို့ အကြိမ်အများဆုံး တက်ရောက်မှုစံချိန်ချိုး

 

 

ခတ္တမန္ဒူ    မေ    ၈
နီပေါတောင်တက်လမ်းပြတစ်ဦးဖြစ်သည့် ကာမီရီတာရှီပါသည် ကမ္ဘာ့အမြင့်ဆုံးဧဝရက်တောင်ထိပ်သို့      (၂၆)  ကြိမ်မြောက်   တက်ရောက်ပြီး   ၎င်းတင်ထားခဲ့သောစံချိန်ကိုချိုးခဲ့ကြောင်း သိရ သည်။  ၎င်းသည်  အဆိုပါတောင်ထိပ်သို့  မေ ၇ ရက် ညနေ ၆  နာရီ ၅၅ မိနစ်တွင် ရောက်ရှိခဲ့ကြောင်း သိရသည်။ 
အသက်   ၅၂   နှစ်အရွယ်ရှိ  ကာမီသည် ၁၉၉၄ ခုနှစ် မေလတွင် ၈၈၄၈ ဒသမ ၈၆ မီတာအမြင့်ရှိ   ဧဝရက်တောင်ထိပ်သို့ ပထမဆုံး အကြိမ် တက်ရောက်ဖူးသူဖြစ်သည်။ 
၎င်းသည်  ပါကစ္စတန်နိုင်ငံအတွင်း ၈၆၁၁ မီတာရှိ ကမ္ဘာ့ဒုတိယ အမြင့်ဆုံးတောင်ထိပ်နှင့် ၈၅၁၆ မီတာအမြင့်ရှိ   ကမ္ဘာ့စတုတ္ထ အမြင့်ဆုံး လော့ဆီတောင်ထိပ်သို့ တစ်ကြိမ်စီနှင့် ၈၁၆၃ မီတာအမြင့် ရှိ အဋ္ဌမအမြင့်ဆုံး မာနာစလူတောင်ထိပ်သို့ သုံးကြိမ်နှင့် ၈၂၀၁ မီတာအမြင့်ရှိ ဆဋ္ဌမအမြင့်ဆုံး    ချိုအိုယူတောင်ထိပ်သို့     ရှစ်ကြိမ်  တက်ရောက်ထားပြီးဖြစ်ကြောင်း သိရသည်။ 
၎င်းသည် မီတာ ၈၀၀၀ ကျော်ရှိသောတောင်ထိပ်သို့  အကြိမ်ရေ အများဆုံး  တက်ရောက်နိုင်သူအဖြစ် မှတ်တမ်းတင်ထားသည်။                                                                                                                    
ဆင်ဟွာ