
တိုကျို မေ ၈
ဂျပန်နိုင်ငံအနောက်ပိုင်း ဝါခါရာမာစီရင်စုရှိ ပန်းခြံတစ်ခုတွင် ပန်ဒါ ဝက်ဝံတစ်ကောင်မှာ အမေများနေ့အတွက် လက်ဆောင်များ ရရှိခဲ့ ကြောင်း သိရသည်။
အသက် ၁၀ နှစ်အရွယ်ရှိ မိခင်မှာ ၎င်း၏ အငယ်ဆုံးသားကို ဧပြီလအထိ ပြုစုပျိုးထောင်ရန် အလုပ်များနေကြောင်း သိရသည်။
မေ ၈ ရက်တွင် ရှာရာ့ဟားမားမြို့ရှိ Adventure World တိရစ္ဆာန် ရုံမှ ဝန်ထမ်းတစ်ဦးက “အမြဲတမ်းကျေးဇူးတင်ပါသည်” ဆိုသည့် စာတစ်စောင်ကို ဖန်တီးရန် ဝါးအပိုင်းအစများကို စီစဉ်ခဲ့ကြောင်း သိရသည်။ ၎င်းတို့မှာ ရာဟင်အမည်ရှိ ပန်ဒါဝက်ဝံ၏ အကြိုက် နှစ်သက်ဆုံးဖြစ်သည့် မုန်လာဥဝါနှင့် မျှစ်များကို ဇော်မွှားပန်းပုံ သဏ္ဌာန်ပန်းစည်းပြင်ဆင်ပေးခဲ့ကြောင်းလည်း သိရသည်။
ရာဟင်အမည်ရှိ ပန်ဒါဝက်ဝံသည် ၎င်း၏သားများကို ပြုစု ပျိုးထောင်သည့်အတွက် ကျေးဇူးတင်ရှိသည်ကို ပြသလိုကြောင်းနှင့် ရာဟင်က လက်ဆောင်ကို ကြိုက်နှစ်သက်သည့်အတွက် ၎င်းတို့မှာ ပျော်ရွှင်မိကြောင်း ဝက်ဝံထိန်းသိမ်းစောင့်ရှောက်သူ ရှင်တာ့နီ ကီမီယို က ပြောကြားခဲ့သည်။
အင်န်အိတ်ချ်ကေ