သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန ၂၀၂၂-၂၀၂၃ ခု၊ ပညာသင်နှစ်အတွက်  A.G.T.I ပထမနှစ် ဝင်ခွင့်လျှောက်လွှာများ ခေါ်ယူခြင်း

 

 

အစိုးရနည်းပညာကောလိပ်နှင့် အစိုးရစက်မှုလက်မှုသိပ္ပံတို့တွင် ၂၀၂၂-၂၀၂၃ ခု၊ ပညာသင်နှစ်အတွက်   A.G.T.I  ပထမနှစ်   သင်တန်းသားများကို ခေါ်ယူမည်ဖြစ်ပါသဖြင့်   ဝင်ခွင့်လျှောက်လွှာ များကို အစိုးရနည်းပညာကောလိပ်၊ အစိုးရစက်မှုလက်မှုသိပ္ပံများ၌ (၁၂-၅-၂၀၂၂) ရက်တွင် စတင်ထုတ်ယူနိုင်ပြီး လျှောက်လွှာများကို (၃၁-၅-၂၀၂၂) ရက် နောက်ဆုံးထား၍ မိမိတို့  တက်ရောက်လိုသည့်  ကျောင်းသို့ ပြန်လည်တင်သွင်းရမည် ဖြစ်ပါသည်။
နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန