ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ပုံနှိပ်သူ၊ ထုတ်ဝေသူ လုပ်ငန်းရှင်များနှင့် တွေ့ဆုံ

 

 

ရန်ကုန်    မေ    ၈
ပြန်ကြားရေးဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည်   ယနေ့မွန်းလွဲ ၁ နာရီတွင်    ရန်ကုန်မြို့    ဗိုလ်တထောင်မြို့နယ်ရှိ  ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန  အစည်းအဝေးခန်းမ၌  ပုံနှိပ်သူ၊ ထုတ်ဝေသူ လုပ်ငန်းရှင်များနှင့် တွေ့ဆုံသည်။ 
ဝိုင်းဝန်းထိန်းသိမ်း
တွေ့ဆုံစဉ်    ပြည်ထောင်စု ဝန်ကြီးက     ယနေ့   ရေးသား ပြောဆိုမှုများ၊ ထုတ်ဝေမှုများသည် နောင်တစ်ချိန်တွင်   မှတ်တမ်း မှတ်ရာအဖြစ် ကျန်ရှိနေမည်ဖြစ် သည့်အတွက်    မိမိတို့   ရေးသား ထုတ်ဝေပြောဆိုမှုများကို သာမန် အဆင့် သဘောမျိုးထား၍မရဘဲ အလေးအနက်ထား၍  ရေးသား ပြောဆိုကြရန် လိုအပ်မည်ဖြစ်ပါ ကြောင်း၊ အထူးသဖြင့် ပုံနှိပ်ခြင်း လုပ်ငန်း/ ထုတ်ဝေခြင်းလုပ်ငန်း များကို    သက်ဆိုင်ရာ   ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ ကျင့်ဝတ် များနှင့်အညီ ဆောင်ရွက်ပေးကြ ရန်နှင့်  တက်ရောက်လာသူများ အားလုံးက   ဝိုင်းဝန်းထိန်းသိမ်း ကြပ်မတ်ပေးကြရန် မေတ္တာရပ်ခံ လိုပါကြောင်း။
မကြာသေးမီက     ညစ်ညမ်း စာအုပ်ထုတ်ဝေခဲ့သော ထုတ်ဝေ သူနှင့် ပုံနှိပ်သူများကို သက်ဆိုင်ရာ ဥပဒေနှင့်အညီ       တရားစွဲဆို ဆောင်ရွက်ခဲ့ရပါကြောင်း၊ ထိုသို့ တရားစွဲဆို     ဆောင်ရွက်ခြင်းမှာ လွတ်လပ်စွာ ရေးသားထုတ်ဖော် ခွင့်ကို ပိတ်ပင်ဟန့်တားခြင်းမျိုး မဟုတ်ဘဲ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေ ခြင်းလုပ်ငန်း  ဥပဒေပါ   ပြဋ္ဌာန်း ချက်များကို လိုက်နာခြင်းမရှိသည့် အတွက် သက်ဆိုင်ရာဥပဒေနှင့် အညီ မလွှဲမရှောင်သာ ထိန်းသိမ်း ကြပ်မတ်ဆောင်ရွက်ရခြင်း ဖြစ် ပါကြောင်း၊   တစ်နည်းအားဖြင့် ထိုသို့ အရေးယူဆောင်ရွက်ခြင်း သည် မိမိတို့ မြန်မာ့လူ့အဖွဲ့အစည်း က       လက်ခံနိုင်ဖွယ်မရှိသော ဟီရိဩတ္တပ္ပတရား ကင်းမဲ့သည့် ရေးသားထုတ်ဝေမှုများကို စနစ် တကျ  ကြပ်မတ်ဆောင်ရွက်နေ ခြင်းပင်ဖြစ်သည်ဟု    ပြောလိုပါ ကြောင်း၊ ယနေ့အချိန်တွင် မိမိတို့ နိုင်ငံ၏ သတင်းမှန်ထုတ်ပြန်ရေး နှင့် သတင်းမှားများ တိုက်ဖျက်ရေး အတွက် ရည်ရွယ်လုပ်ဆောင်နေ သည့်     မီဒီယာလုပ်ငန်းများကို မသမာသူများက နည်းမျိုးစုံဖြင့် ဟန့်တားနှောင့်ယှက်နေသည်ကို ကြုံတွေ့နေရပါကြောင်း။
နည်းမျိုးစုံဖြင့် ကြိုးစား
ထို့ပြင် လူမှုကွန်ရက်မီဒီယာ တွင်   လူပုဂ္ဂိုလ်အချို့၏  အမုန်း စကားများ၊ ပဋိပက္ခကို လှုံ့ဆော် ရာရောက်သည့် ရေးသားပြောဆိုမှု များကိုလည်း     တွေ့မြင်ရသည့် အတွက်   လွန်စွာစိတ်မကောင်း ဖြစ်ခဲ့ရပါကြောင်း၊    မိမိတို့အနေ  ဖြင့်   ပြန်ကြားရေးဝန်ကြီးဌာန၏ မီဒီယာလုပ်ငန်းများကို မည်သို့ပင် ဟန့်တား  နှောင့်ယှက်ကြသည် ဖြစ်စေ ပြည်သူများထံ သတင်းမှန် များ စီးဆင်းရေးနှင့် သတင်းမှား များ       တိုက်ဖျက်ရေးအတွက် နည်းမျိုးစုံဖြင့် ကြိုးစားဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊   ယနေ့ မိမိတို့အားလုံး     စိတ်ရောကိုယ်ပါ ကြိုးပမ်းဆောင်ရွက်မှုများသည် အနာဂတ်နိုင်ငံတော်နှင့် အနာဂတ် မြန်မာ့လူ့အဖွဲ့အစည်း  အတွက် လုပ်သင့်လုပ်ထိုက်သည်များအား ရည်ရွယ်    ဆောင်ရွက်နေခြင်း ဖြစ်သည်ကို      မှန်ကန်စွာသိမြင် ပြီး   ပူးပေါင်းဆောင်ရွက်ပေးကြ စေလိုပါကြောင်း      ပြောကြား သည်။
အသီးသီးဆွေးနွေးတင်ပြ
ထို့နောက်    ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး   ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က   ၂၀၁၄ ခုနှစ်  ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်း ဥပဒေနှင့်အညီ ကြီးကြပ် ဆောင်ရွက်နေမှု   အခြေအနေ များကို             ရှင်းလင်းတင်ပြပြီး ဆွေးနွေးပွဲသို့    တက်ရောက်လာ ကြသည့်  ပုံနှိပ်သူ၊  ထုတ်ဝေသူ လုပ်ငန်းရှင်များက      အသီးသီး ဆွေးနွေးတင်ပြကြောင်း  သတင်း ရရှိသည်။  
သတင်းစဉ်