သီရိမင်္ဂလာကမ္ဘာအေးစေတီတော်၌ လုံးတော်ပြည့် မျက်ပါးရွှေသင်္ကန်း  ကပ်လှူပူဇော်မှုလုပ်ငန်းနှင့် ကြာမှောက်ကြာလန်တို့တွင် ရွှေစင်ရွှေသားရွှေပြား သင်္ကန်းတော်များ ကပ်လှူပူဇော်မှုလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး

 

 

ရန်ကုန်    မေ   ၈
မရမ်းကုန်းမြို့နယ် ကမ္ဘာအေး မြေတွင် တည်ထားကိုးကွယ်လျက် ရှိသော ဆဋ္ဌသင်္ဂါယနာသာသနာ့ သမိုင်းဝင်   သီရိမင်္ဂလာစေတီ တော်၌  လုံးတော်ပြည့်  မျက်ပါး ရွှေသင်္ကန်း   ကပ်လှူမှုလုပ်ငန်း  နှင့် ကြာမှောက်ကြာလန်တို့တွင် ရွှေစင်ရွှေသားရွှေပြား  သင်္ကန်း တော်များ ကပ်လှူပူဇော်မှုလုပ်ငန်း ကို     ၂၀၂၂ ခုနှစ်    ဖေဖော်ဝါရီ ၁၆ရက်မှ စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါလုပ်ငန်းများ    အားလုံး ပြီးစီးအောင်မြင်ပြီး  ဖြစ်ကြောင်း သိရသည်။
လုံးတော်ပြည့်         မျက်ပါး ရွှေသင်္ကန်း      ကပ်လှူပူဇော်မှု လုပ်ငန်းများကို လေးနှစ်တစ်ကြိမ် ပုံမှန်ကပ်လှူရသော    လုပ်ငန်း ဖြစ်သောကြောင့်     ကြာမှောက် ကြာလန်၌    ယခင်က  မျက်ပါး ရွှေသင်္ကန်းသာ  ကပ်လှူထားရာမှ     ယခု     ရွှေစင်ရွှေသား    ရွှေပြား သင်္ကန်းတော်များ     ပြောင်းလဲ ကပ်လှူခဲ့ခြင်းဖြစ်သည်။ စေတီ တော်အပေါ်ပိုင်း ငှက်ပျောဖူးပေါ် တွင် ၉ လက်မပတ်လည် ရွှေစင် တစ်ကျပ်သား       ရွှေပြားများ  ၄၃၉  ချပ်     အပြည့်ကပ်လှူထား ပြီး      ငှက်ပျောဖူးပေါ်အောက် ကြာမှောက်ကြာလန်ကို ကျော်၍ ဖောင်းရစ်တော်တွင်   ၉  လက်မ ပတ်လည်      ရွှေစင်  ၁  ကျပ်သား ရွှေပြား  ၃၁၆ ချပ်ကို    ကပ်လှူ ပူဇော်ထားပြီး    ဖြစ်သော်လည်း ကြာမှောက်ကြာလန်တွင် ရွှေစင် ရွှေသား ရွှေကြာ   သင်္ကန်းတော် များကို    ယခုမှ   စတင်ကပ်လှူ ရခြင်း ဖြစ်သည်။
ဆက်လက်ကပ်လှူသွားမည်
ကြာမှောက်ကြာလန် အစိတ် အပိုင်း    အားလုံးအတွက် ရွှေစင် ရွှေသား  ၁၃  ပိဿာခန့် လိုအပ် သော်လည်း   ယခုအခါ   အလှူခံ ရရှိပြီးဖြစ်သော ရွှေချိန် ၃ ပိဿာခွဲ ခန့်ကိုသာ ကြာမှောက်ကြာလန် အထက်ပိုင်း လေးပုံတစ်ပုံခန့်ကို သာ ရွှေစင်ရွှေသား ရွှေပြားသင်္ကန်း တော်များ     ကပ်လှူပူဇော်နိုင်ခဲ့ ပြီးဖြစ်သည်။   ကျန်လေးပုံသုံးပုံ ကြာမှောက်ကြာလန် အပိုင်းကို လည်း အလှူခံရရှိမှုပေါ်မူတည်၍ တဖြည်းဖြည်းချင်း  ဆက်လက် ကပ်လှူသွားမည်    ဖြစ်ပါသဖြင့် အလှူရှင်များမှ ရွှေသင်္ကန်းအလှူ တော်များကို ဆက်လက်လှူဒါန်းနိုင်ပါကြောင်းဖြင့် ဂေါပကအဖွဲ့ ဝင်     ဦးလှထွန်းက   ရှင်းလင်း ပြောကြားသည်။
ရွှေသင်္ကန်းကပ်လှူမှုလုပ်ငန်း များ အောင်မြင်ပြီးမြောက်ပြီးဖြစ် ၍ မကြာမီကာလတွင် ရွှေသင်္ကန်း ကပ်လှူမှုအောင်ပွဲ    ရေစက်ချ အလှူတော်မင်္ဂလာ   ကျင်းပရန် ရှိကြောင်း သိရသည်။
သတင်းစဉ်