(၃၁)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ ကာယဗလ‌ခြောက်တန်း ၀င်ရောက်ယှဉ်ပြိုင်မည်

 

ရန်ကုန်   မေ  ၇


၂၀၂၂ ခုနှစ်  မေ  ၁၂   ရက်တွင် ဗီယက်နမ်နိုင်ငံ၌ ကျင်းပမည့်(၃၁) ကြိမ်မြောက်  အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ  (SEA Games) တွင် ပါဝင်ယှဉ်ပြိုင်ရန်စခန်းသွင်း လေ့ကျင့်လျက်ရှိသည့် လက်ရွေးစင်  ကာယဗလ  ကာယဗလ မောင် /မယ်များ၏  ကာယဗလလက်ရည် စစ်ပြသခြင်းကို  ယနေ့မွန်းလွဲ ၂ နာရီက  မင်္ဂလာတောင်ညွန့်မြို့နယ် မြို့တော်စည်ပင် အားကစားဝင်းရှိ မြန်မာနိုင်ငံကာယဗလနှင့်  ကာယ ကြံ့ခိုင်မှု     အားကစားအဖွဲ့ချုပ် ကာယဗလ    လေ့ကျင့်ရေးစခန်း ၌ပြုလုပ်သည်။  

 

 
ဆီးဂိမ်း     ပြိုင်ပွဲအတွက် လက်ရည်စစ်ပြသပွဲတွင်    ၇၀ ကီလိုတန်း၊   ၈၀  ကီလိုတန်း၊ ၈၅ကီလိုတန်း ၊ Men Athlelic Physique ၊ Women Bodybui-lding ၊  အမျိုးသား+အမျိုးသမီး နှစ်ယောက်တွဲ     လက်ရွေးစင် အားကစားသမားများက ကိုယ်ဟန် ခုနစ်မျိုးနှင့် တစ်ဦးချင်းစိတ်ကြိုက် ကိုယ်ဟန်    အနေအထားဖြင့် ကျစ်လျစ်ကြံ့ခိုင်မှုကို     နောက်ခံ တေးဂီတဖြင့် ပါဝင်ပြသကြသည်။  လက်ရည်စစ်ပြသပွဲသို့   မြန်မာ နိုင်ငံကာယဗလနှင့်ကာယကြံ့ခိုင် မှု  အားကစားအဖွဲ့ချုပ်    ဥက္ကဋ္ဌ၊ ဒုတိယမြို့တော်ဝန် ဦးညီညီ၊  အဖွဲ့ ချုပ်  ဒုတိယဥက္ကဋ္ဌ  ဦးကျော်သန်း နှင့်အမှုဆောင်များ၊    ဖိတ်ကြား ထားသူများ        တက်ရောက်  ကြည့်ရှု     အားပေးကြသည်။

 


ဗီယက်နမ်နိုင်ငံ၌   မေလတွင် ကျင်းပမည့်   (၃၁)  ကြိမ်မြောက် အရှေတောင်အာရှ   အားကစား ပြိုင်ပွဲတွင်    ပါဝင်ယှဉ်ပြိုင်ရန် အတွက် အုပ်ချုပ်သူနည်းပြဒိုင်နှင့် အားကစားသမား   ငါးဦးအပါ အဝင် စုစုပေါင်း   ၁၀ ဖြင့် သွား ရောက်    ယှဉ်ပြိုင်ကြမည်ဖြစ် သည်။


အာကာစိုး