ထောပတ်သီးပင် မြေသြဇာကျွေးခြင်းနှင့် ရောဂါနှိမ်နင်းခြင်း

 

ကိုကျော်စွာ(ကျိုက်ပိ)

 

ထောပတ်သီးပင်ကို စိုက်ပျိုးရာတွင် အစေ့မှဖြစ်လာ သောအပင်သည်  ငါးနှစ်မှ ခုနစ်နှစ်ကြာမှ အသီးသီး သည်။ ကိုင်းကူးစိုက်လျှင် သုံးနှစ်အတွင်း အသီးသီး ပါသည်။ ထောပတ်သီးပင်များ ရှင်သန်ကြီးထွားရန် အာဟာရဓာတ်ကို အပင်၏သက်တမ်းကိုလိုက်၍ ကျွေးပေးရပါသည်။

 


မြေသြဇာကျွေးရမည့်နေရာ

 

အချို့အပင်များသည်  မြေသြဇာကျွေးရာတွင် ပင်ခြေကို ကျွေးရသလို အချို့အပင်များက အမြစ်ကို မြေသြဇာကျွေးရသည်လည်းရှိသည်။ ဥပမာ-ဘူးပင် ဆိုလျှင် အမြစ်သွားရာသို့ မြေသြဇာကျွေးပေးရသည်။ ထောပတ်သီးပင်သည်လည်း ထို့အတူပင်ဖြစ်သည်။ ထောပတ်သီးပင်တွင် အမြစ်မွှား အမြစ်မွေးများက အာဟာရဓာတ်ကို စုပ်ယူခြင်းဖြစ်၍ မြေဩဇာကျွေး ရာတွင် ပင်စည်အခြေကို မကျွေးဘဲ ပင်စည်နှင့် တစ်ပေအကွာမှ ကျွေးရသည်။ မြေသြဇာကျွေးတော့ မည်ဆိုပါက    ပင်စည်ဘေးရှိ    ပေါင်းမြက်များကို ရှင်းလင်းပြီးမှ မြေသြဇာကြဲပက်ကာ မြေပြန်ဖုံးပေး ရသည်။

 


သက်တမ်းအလိုက် မြေသြဇာကျွေးခြင်း


ထောပတ်သီးပင်ကို မြေသြဇာကျွေးမည်ဆိုလျှင် အပင်သက်တမ်းအလိုက် ကျွေးရပါသည်။ ထောပတ်  ပင်အား  မြေသြဇာကျွေးပုံကို    သီးနှံ(၉)မျိုးတို့၏ မြန်မာ့  GAP Guideline  စာအုပ်တွင်  ဖော်ပြထား သည်ကို ပြန်လည်ဖော်ပြချင်ပါသည်။
ထောပတ်သီးပင်သည်  နှစ်ရှည်ပင်ဖြစ်သဖြင့် ဓာတ်မြေသြဇာကို အထက်ပါ သတ်မှတ်နှုန်းအတိုင်း  ကျွေးပေးရပါသည်။  တိရစ္ဆာန်များ၏ အညစ်အကြေး များကိုလည်း သဘာဝမြေသြဇာအဖြစ် ကျွေးနိုင်ပါ သည်။

 


ပိုးမွှားနှင့် ရောဂါ ကာကွယ်နှိမ်နင်းနည်း
ထောပတ်သီးအပင်တွင် ကျရောက်လေ့ရှိတတ် သော ရောဂါပိုးများမှာ-


အသားထိုးပိုး 


ထိုပိုးသည် အပြင်ဘက်မှကြည့်လျှင် လက္ခဏာ ကို မသိနိုင်ပါ။ အသီးကိုခွဲကြည့်မှ လောက်ကောင် များကို တွေ့ရသည်။ ထိုပိုးသည် သီးကင်းစဖြစ်သည့် အချိန်မှ အသီးခူးဆွတ်ချိန်အထိ ဖြစ်တတ်သည်။ ထိုရောဂါပိုးကိုကာကွယ်ရန် အသီးပေါ်တွင်  ရောဂါပိုး ကျရောက်မှု ရှိ မရှိကို သတိထား စောင့်ကြည့်ရပါမည်။ ပိုးရှိပါက မီးခိုးမှိုင်းတိုက်ခြင်းနှင့် အဆိပ်ငွေ့အာနိသင် ပါရှိသည့် ပိုးသတ်ဆေးတစ်မျိုးမျိုး ပက်ဖျန်းပေးရ မည်။

 


ပင်စည်ထိုးပိုး


ထိုပိုးသည် အပင်၏အကိုင်းအခက်၊  အခေါက်နှင့် အမြစ်များကို ဖျက်ဆီးတတ်သည်။ အခေါက်အတွင်း သို့ ထိုးဖောက်ဝင်ရောက်ပြီး ပင်စည်ထဲတွင် ဥဥလေ့ ရှိသည်။ ပိုးကောင်များ များပြားလာပါက အကိုင်းများ ကျိုးကျခြင်းနှင့် အပင်လဲပြိုခြင်းတို့ဖြစ်တတ်သည်။ ထိုသို့ဖြစ်လာပါက ပိုးကျနေသော အပင်အစိတ် အပိုင်းများကို ခုတ်ဖြတ်ပစ်ရမည်။ ပိုးသတ်ဆေးနှင့် ထုံး ရောနှောကာ ပင်စည်တွင် သုတ်လိမ်းပေးရပါ သည်။

 


ခေါင်ညွန့်ထိုးပိုး


ထိုပိုးကို အထူးဂရုစိုက်ဖို့လိုသည်။ အပင်ကြီး ထွား၍ ရွက်နုထွက်သည့်အချိန်နှင့် ပန်းပွင့်ချိန်တွင် အများဆုံး  ဖြစ်လေ့ရှိသည်။ ထိုပိုး ကျရောက်ပါက ခေါင်ညွန့်များညှိုးကာ  အပင်သေဆုံးတတ်သည်။ ထိုပိုးကျရောက်ပါက ပင်ခြေပတ်လည်ကို ထိသေ ပိုးသတ်ဆေး   သို့မဟုတ်    စားသေပိုးသတ်ဆေး တစ်မျိုးမျိုးကို ဖျန်းပေးရပါသည်။

 


အမြစ်ပုပ်ရောဂါ 


ယင်းရောဂါသည်    အပင်စတင်စိုက်ပျိုးသည့် အချိန်မှစ၍ အပင်ကြီးသည်အထိ ကျရောက်တတ် သည်။ ထိုရောဂါပိုးသည် ထောပတ်ပင်၌ အများဆုံး ဖြစ်တတ်သည်ဟု သိရသည်။ မှိုရောဂါတစ်မျိုး ဖြစ်ပြီး ပျံ့နှံ့မှုလျင်မြန်သည်။ ထိုရောဂါ သည် အမြစ်နှင့် ပင်ခြေ တွင် ဖြစ်လေ့ ရှိသည်။ ထိုရောဂါ ကျရောက်လာပါက ဘက်စုံ သီးနှံ ကာကွယ်နှိမ်နင်းရေးကို ဆောင်ရွက်ရမည်။  ရောဂါ ကို  ကြိုတင်ကာကွယ်နိုင်ရန်  စတင်စိုက်ပျိုးစဉ် ကတည်းက ရေစီးရေလာကောင်းသောနေရာကို ရွေးချယ်၍ ရေသွင်းရေထုတ်ခြင်းကို အထူးဂရုစိုက် ရမည်။ အာဟာရကိုမျှတအောင်ကျွေးရပါမည်။

 


မှဲ့ပြောက်စွန်းရောဂါ


ထိုရောဂါသည် ပူနွေးစိုစွတ်သော ရာသီမျိုးတွင် ဖြစ်လေ့ရှိတတ်သည်။     ထိုရောဂါဖြစ်ပွားလာပါက ထောပတ်သီး အရွက်နုများ၊ ပင်စည်နှင့် အသီးများ တွင် အမည်းရောင်အကွက်များကို တွေ့ရတတ်သည်။ မည်းပုပ်နေသော အသီးများတွင် ပန်းရောင် အစက် အပြောက်များကိုလည်း  တွေ့ရသည်။ ထိုရောဂါကို ပန်းပွင့်ချိန်နှင့်  အသီးရင့်မှည့်ချိန်တွင်  ကာကွယ် နှိမ်နင်းရမည်။   မရိတ်သိမ်းမီ    သင့်လျော်သော မှိုသတ်ဆေးများကိုလည်း ဖျန်းပေးရမည်။

 


အထက်တွင်ဖော်ပြခဲ့သော   ရောဂါကာကွယ် နှိမ်နင်းနည်းများမှာ အနည်းငယ်ကိုသာ ဖော်ပြခြင်း ဖြစ်သည်။ စိုက်ခင်းတစ်ခင်း  အသီးဖွံ့ဖြိုးရန်၊  အသီး အထွက်နှုန်းကောင်းရန်ဆိုလျှင်  စိုက်ပျိုးနည်းစနစ် မှန်ကန်ရမည့်အပြင် မြေသြဇာကိုလည်း စနစ်တကျ ကျွေးရန် လိုအပ်ပါသည်။

 


ထောပတ်သီးပင်   စိုက်ပျိုးနေသူများအနေဖြင့်  ထောပတ်ပင်တွင် ကျရောက်တတ်သော  ရောဂါနှင့် ပိုးမွှား   နှိမ်နင်းနည်းများကို သိရှိပြီး   စနစ်တကျ ကာကွယ်နှိမ်နင်းနိုင်စေရန် ရေးသားတင်ပြလိုက်ရ ပါသည်။      ။