
မော်လမြိုင် မေ ၇
မွန်ပြည်နယ်အတွင်းရှိ မြို့နယ်ပညာရေးမှူးများနှင့် အထက်တန်း/ အလယ်တန်း ကျောင်းအုပ်ကြီးများ၏ ပြည်နယ်အဆင့် ပညာရေးစီမံခန့်ခွဲမှု စွမ်းဆောင်ရည် မြင့်မားရေးအလုပ်ရုံဆွေးနွေးပွဲကို မေ ၇ ရက်က မော်လမြိုင်မြို့ အမှတ် (၆) အခြေခံပညာအထက်တန်း ကျောင်း ရတနာမွန်ခန်းမဆောင်၌ ကျင်းပသည်။
အလုပ်ရုံဆွေးနွေးပွဲတွင် ပြည်နယ်၀န်ကြီးချုပ် ဦးဇော်လင်းထွန်းက ယနေ့အလုပ်ရုံဆွေးနွေးပွဲသည် ပြည်နယ်အဆင့်ဖြစ်ပြီး မြို့နယ်အဆင့်ကို ထပ်ဆင့် ပြန်လည်ပို့ချရမည်ဖြစ်သည့်အတွက် ပို၍တာဝန် ကြီးကြောင်း၊ ဗဟိုအဆင့် အလုပ်ရုံဆွေးနွေးပွဲကို တက်ရောက်ခဲ့သော ပြည်နယ်/ ခရိုင်ပညာရေးမှူး များ၏ ပို့ချဆွေးနွေးချက်များကို သေချာစွာမှတ်သား နာယူပြီး လက်တွေ့နယ်ပယ်တွင် ပြန်လည်အသုံးချ နိုင်မှသာ လုပ်ငန်းများဆောင်ရွက်ရာတွင် အဆင်ပြေ ချောမွေ့မည်ဖြစ်ကြောင်း အမှာစကားပြောကြား သည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ မြို့နယ်ပညာရေး မှူးများအပါအဝင် အထက်တန်းကျောင်းအုပ်နှင့် အလယ်တန်းကျောင်းအုပ်များ စုစုပေါင်း ၅၀ တက်ရောက်ခဲ့ကြပြီး ဗဟိုအဆင့် တက်ရောက်ခဲ့ ကြသော ပြည်နယ်၊ ခရိုင်ပညာရေးမှူးများက စီမံ၊ ဘဏ္ဍာ၊ ပညာဘာသာရပ်များကို မေ ၇ ရက်နှင့် ၈ ရက်တို့တွင် ဆွေးနွေးပို့ချမည်ဖြစ်ကြောင်း သိရ သည်။
ခရိုင်(ပြန်/ဆက်)