
နေပြည်တော် မေ ၇
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနက ကြီးမှူး၍ နှစ်စဉ်ကျင်းပပြုလုပ်သော ၂၀၂၂ ခုနှစ် ဓမ္မာစရိယစာမေးပွဲကို ၇-၅-၂၀၂၂ ရက်တွင် နိုင်ငံတစ်ဝန်းလုံးရှိ စာဖြေဌာန ၆၃ ဌာနတို့၌ (သတ္တမနေ့)အဖြစ် လည်းကောင်း၊ ပါဠိပထမပြန်စာမေးပွဲကို ၇-၅-၂၀၂၂ ရက်တွင် နိုင်ငံတစ်ဝန်းလုံးရှိ စာဖြေဌာန ၂၃၉ ဌာနတို့၌ (ပထမနေ့)အဖြစ်လည်းကောင်း ဖြေဆိုကြသည်။
ဓမ္မာစရိယစာမေးပွဲ သတ္တမနေ့ စာရင်းသွင်းသံဃာနှင့် သီလရှင် စုစုပေါင်း ၂၈၃၉ ပါးအနက် ၁၆၈၆ ပါး ဖြေဆိုကြသဖြင့် ၅၉ ဒသမ ၃၉ ရာခိုင်နှုန်း ဖြေဆိုကြပြီး ပါဠိပထမပြန်စာမေးပွဲ (ပထမကြီး၊ ပထမလတ်၊ ပထမငယ်၊ အခြေပြုမူလတန်း) ပထမနေ့ကို စာရင်းသွင်းသံဃာနှင့် သီလရှင် စုစုပေါင်း ၅၀၅၃၇ ပါး အနက် ၃၈၇၃၃ ပါး ဖြေဆိုကြသဖြင့် ၇၆ ဒသမ ၆၄ ရာခိုင်နှုန်းဖြေဆိုကြကြောင်း သာသနာရေးဦးစီးဌာနမှ သိရသည်။
သတင်းစဉ်