တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုး၊ နေ့ဆွမ်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်း

 

နေပြည်တော်   မေ   ၇


တပ်မတော် (ကြည်း၊  ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှု ထမ်းများနှင့်      စေတနာရှင် အလှူရှင်များက   မြို့နယ်အသီးသီး ရှိ   ဘုန်းတော်ကြီးကျောင်းများ၊   သာသနာ့နွယ်ဝင်      သီလရှင် ကျောင်းများနှင့်      ဘာသာရေး ကျောင်းများသို့  ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ  အမယ်လေးမျိုးနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်း နှင့်  နေ့ဆွမ်းများ     ဆက်ကပ် လှူဒါန်းလျက်ရှိသည်။

 


ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် (၃/က)ရပ်ကွက် ရှိ ကံသုံးဆင့်ကျောင်းတိုက်၊ ဒလ မြို့နယ်  တာကြီးရပ်ကွက်ရှိ ပုည ရာမကျောင်းတိုက်၊ ဧရာဝတီတိုင်း ဒေသကြီး ဖျာပုံမြို့ရှိ သမိဒ္ဓေါဒယ ပရိယတ္တိ  သီလရှင်စာသင်တိုက်၊ မန္တလေးတိုင်းဒေသကြီး    ပြင်ဦး လွင်မြို့ သံဃာ့မဂ္ဂီဝိသုံဂါမ   သိမ် တော်ကြီးစာဖြေဌာနနှင့်      ပဲခူး တိုင်းဒေသကြီး   တောင်ငူခရိုင် အုတ်တွင်းမြို့နယ် ကြက်သွန်ခင်း (၂) ရပ်ကွက်ရှိ ဗောဓိကုန်းကျောင်း တိုက်တို့မှ  ဆရာတော်၊   သံဃာ တော်များ၊ စာဖြေဌာန ကြီးကြပ် ရေး     ဆရာတော်ကြီးများနှင့် သာသနာ့နွယ်ဝင်  သီလရှင်များ အတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ  အမယ်လေးမျိုး၊   နဝကမ္မအလှူ ငွေများ၊  ကိုဗစ်-၁၉  ရောဂါ ကာကွယ်ရေးအထောက်အကူပြု ပစ္စည်းများ၊    နေ့ဆွမ်းများနှင့် လှူဖွယ်ပစ္စည်းများကို   တိုင်းစစ် ဌာနချုပ်အသီးသီးမှ   တာဝန်ရှိသူ များက     သွားရောက်ဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း      သိရ သည်။                    

 

သတင်းစဉ်