
နေပြည်တော် မေ ၇
ပြည်ထောင်စု ရာထူးဝန်အဖွဲ့၏ ကြော်ငြာစာအမှတ် (၂/၂၀၂၂)ပါ ဝန်ကြီးဌာနနှင့် အဖွဲ့အစည်း(၁၄)ခု ရှိ ပြန်တမ်းဝင်အရာရှိအဆင့် စတင် ခန့်လစ်လပ်ရာထူး ၁၁၁၆ နေရာ ရွေးချယ်ပေးရန် ရေးဖြေစာမေးပွဲ ကို ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ် ရေးဆိုင်ရာ စည်းကမ်းသတ်မှတ် ချက်နှင့်အညီ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ မကွေးနှင့် မော်လမြိုင် မြို့များရှိ စာစစ်ဌာနငါးခု၌ ယနေ့ နှင့် မေ ၈ ရက်တို့တွင် တစ်ပြိုင် တည်း ကျင်းပလျက်ရှိသည်။
ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ၊ ဦးသန်းဆွေသည် တာဝန်ရှိ သူများနှင့်အတူ ယနေ့နံနက်ပိုင်း တွင် နေပြည်တော်၊ အမှတ်(၃)နှင့် အမှတ် (၁၁) အခြေခံပညာအထက် တန်းကျောင်းများရှိ နေပြည်တော် စာစစ်ဌာနများသို့ လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီး ချုပ်ဦးမောင်ကိုသည် ပြည်ထောင်စု ရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ဦးဆန်းမြင့် နှင့်အတူ မန္တလေးမြို့ အမှတ် (၄)အခြေခံ ပညာအထက်တန်း ကျောင်းရှိ မန္တလေးစာစစ်ဌာန သို့လည်းကောင်း၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ဦးရဲနိုင် သည် ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်မြို့နယ် အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်း ရှိ ရန်ကုန်စာစစ်ဌာနသို့လည်း ကောင်း အဆိုပါရာထူးဝင်ခွင့် ရေးဖြေစာမေးပွဲ ဖြေဆိုနေမှုများ ကို ကြည့်ရှုစစ်ဆေးပြီး အားပေး စကား ပြောကြားခဲ့ကြောင်း သိရ သည်။
အဆိုပါ ရေးဖြေစာမေးပွဲသို့ ဝင်ရောက်ဖြေဆိုကြသူ စုစုပေါင်း ၁၂၀၇ ဦးရှိကြောင်း သိရသည်။
သတင်းစဉ်