
မော်လမြိုင် မေ ၇
မွန်ပြည်နယ် မော်လမြိုင်မြို့နယ် ၌ မေ ၁၂ ရက်တွင် တက္ကသိုလ် ကျောင်းများ ပြန်လည်ဖွင့်လှစ် မည် ဖြစ်သောကြောင့် တက္ကသိုလ်ကျောင်း၀င်း အတွင်း/အပြင် သန့်ရှင်းသာယာလှပရေး အတွက် စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခြင်းကို ယနေ့နံနက် ၆ နာရီခွဲက ဆောင်ရွက်ခဲ့ရာ ပြည်နယ်၀န်ကြီးချုပ် ဦးဇော် လင်းထွန်းက တက်ရောက် ကြည့်ရှုအားပေးခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ် မှုဖြင့် နယ်မြေခံတပ်ရင်းတပ်ဖွဲ့ များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ် တပ်ဖွဲ့၊ စည်/ပင်၊ ထွေ/အုပ်၊ လျှပ်စစ်၊ ဘိုဘို၀င်းလူမှုကယ်ဆယ် ရေးအဖွဲ့၊ ရာမညလူမှုကယ်ဆယ် ရေးအဖွဲ့၊ မော်လမြိုင်လူမှု ကယ်ဆယ်ရေးအဖွဲ့၊ ကြက်ခြေနီ တပ်ဖွဲ့၀င်များ၊ NGOများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက် အတွင်းရှိ ပြည်သူများ စုစုပေါင်း အင်အား ၃၃၅ ဦးခန့်ဖြင့် တက္ကသိုလ် ကျောင်း၀င်းအတွင်းရှိ မြက်ပင် များ၊ ချုံနွယ်များ၊ ရေမြောင်းများ အတွင်းရှိ အမှိုက်သရိုက်များအား စုပေါင်း၍ သန့်ရှင်းရေးလုပ်ငန်း များ ပူးပေါင်းဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေး ပြုလုပ်ဆောင်ရွက်နေမှု အခြေ အနေများကို အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် ကိုကိုမောင်၊ မွန်ပြည်နယ်၀န်ကြီး ချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ် ၀န်ကြီးများက စုပေါင်းသန့်ရှင်း ရေး ဆောင်ရွက်နေမှုအခြေအနေများကိုကြည့်ရှုပြီး အားပေးစကား ပြောကြားကာ လိုအပ်သည်များ ကို မှာကြားဆောင်ရွက်ခဲ့ ကြောင်းနှင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းများကို အပတ်စဉ် စနေနေ့တိုင်း ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။
ခင်စန်းမြင့်(ခရိုင်ပြန်/ဆက်)