
လွိုင်ကော် မေ ၇
ကယားပြည်နယ်အစိုးရအဖွဲ့က ဦးဆောင်၍ လွိုင်ကော် မြို့ ဒေါနိုးကူးရပ်ကွက်ရှိ အမှတ်(၇) အခြေခံပညာ အထက်တန်းကျောင်း၌ လွိုင်ကော်တပ်နယ်မှ တပ်မတော်သားများ ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၊ စည်ပင်သာယာရေးအဖွဲ့နှင့် ဌာနဆိုင်ရာ များ မှ ဝန်ထမ်းများ ၊ ရပ်မိရပ်ဖများနှင့် ကျောင်းအကျိုး တော်ဆောင်များ စုပေါင်း၍ ကျောင်းအဆောက်အအုံ ပြင်ဆင်ရေးလုပ်ငန်းများနှင့် စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်း၌ ပြုလုပ်ခဲ့ကြသည်။
ထိုသို့ ပြုလုပ်ဆောင်ရွက်ရာတွင် ကယား ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် ဦးဆောင်၍ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နီလင်းအောင် ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ၊ ပြည်နယ် ဝန်ကြီးများ၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လွိုင်ကော်)၊ ဒေသကွပ်ကဲရေးမှူးနှင့် တာဝန်ရှိသူများက ကျောင်းဝင်းအတွင်းတွင် စုပေါင်းသန့်ရှင်းရေး ပြုလုပ်နေမှုများ ၊ ကျောင်းအဆောက်အအုံ ဥပဓိရုပ် ကောင်းမွန်စေရေး ပြုပြင်နေမှုများနှင့် စာသင်ခန်း များကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က အခြေခံပညာ ကျောင်းများအားလုံးတွင် မေ ၂၆ ရက်မှ စတင် ကျောင်းအပ်နှံနိုင်ပြီး ဇွန် ၁ ရက်တွင် ကျောင်းစတင် ဖွင့်လှစ်မည်ဖြစ်၍ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ စိတ်ချမ်းမြေ့စွာနှင့် အေးချမ်း ပျော်ရွှင်စွာ ပညာသင်ကြားခွင့်နှင့် ပညာသင်ယူခွင့် ရရှိနိုင်ရေးအတွက် ကျောင်းပတ်ဝန်းကျင် သန့်ရှင်း သာယာလှပရေး၊ ကျောင်းအဆောက်အအုံများ ဥပဓိရုပ်ကောင်းမွန်စေရေး၊ စာသင်ခန်းများနှင့် သင်ကြားရေး အထောက်အကူပြုပစ္စည်းများ ပြည့်စုံ စွာ ထားရှိနိုင်ရေးတို့အတွက် ဆရာ ဆရာမများက သက်ဆိုင်သည့်ဌာနများ၊ ကျောင်းအကျိုးတော်ဆောင် များနှင့် ပူးပေါင်း၍ ဆောင်ရွက်သွားကြရန် ဆရာ ဆရာမများက သင်ကြားရေးနှင့် သက်ဆိုင်သော ပညာရပ်များကိုလည်း ခေတ်စနစ်နှင့်အညီ စဉ်ဆက် မပြတ် လေ့လာထားကြရန်နှင့် စာသင်ခန်းများတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်- ၁၉ ရောဂါဆိုင်ရာ ကြိုတင်ကာကွယ်ရေး စည်းကမ်း ချက်များနှင့်အညီ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထား ကြရန် မှာကြားသည်။
ကိုဇင်(လွိုင်ကော်)