ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် မကြာမီ ထုတ်လွှင့်ပြသမည့်  (၃၈) ဖြာ မင်္ဂလာအစီအစဉ်ကို  ကြိုတင်ကြည့်ရှုအားပေး

 

ရန်ကုန်     မေ     ၇


ပြန်ကြားရေး      ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင် မောင်အုန်းသည်   ယနေ့ညပိုင်း တွင်   ရန်ကုန်မြို့   ပြည်လမ်း ရှိ  မြန်မာ့အသံနှင့် ရုပ်မြင်သံကြား   စတူဒီယို(A)၌     မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၌         မကြာမီ ထုတ်လွှင့်ပြသမည့်  (၃၈)  ဖြာ မင်္ဂလာအစီအစဉ်ကို     ကြိုတင်  ကြည့်ရှုအားပေးသည်။

 


ရှေးဦးစွာ    ပြည်ထောင်စု ဝန်ကြီး   ဦးမောင်မောင်အုန်းနှင့် မြန်မာနိုင်ငံ  ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ      ဦးကြည်စိုးထွန်း၊ ရုပ်ရှင်၊ သဘင်၊ ဂီတတို့မှ ပညာရှင် များ၊     အနုပညာရှင်များနှင့် ဖိတ်ကြားထားသော   ဧည့်သည် တော်များက  (၃၈)ဖြာ  မင်္ဂလာ အစီအစဉ်          ရိုက်ကူးရာတွင် အသုံးပြုသည့် ဆက်တင်ပစ္စည်း များ နှင့် ရုပ်ရှင်၊ သဘင်၊ ဂီတတို့မှ          ပညာရှင်များ၏   ရုပ်ပုံလွှာများ    ပြသထားမှုကို  ကြည့်ရှုအားပေးသည်။

 


ယင်းနောက်  သဘင်ပညာရှင် ဦးနန်းဝင်းက (၃၈) ဖြာ  မင်္ဂလာ အစီအစဉ် ရိုက်ကူးမှုနှင့် စပ်လျဉ်း ၍ ရှင်းလင်းတင်ပြသည်။
ထို့နောက်          ပြည်ထောင်စု ဝန်ကြီး   ဦးမောင်မောင်အုန်းနှင့်  တက်ရောက်     လာကြသူများက (၃၈)ဖြာ မင်္ဂလာအစီအစဉ်အနက် အသေဝနာစဗာလနံ၊    ပတိရူပ ဒေသဝါသောစနှင့်   ဗြဟ္ဇာစရိယဉ္စ အစီအစဉ်တို့ကို  ကြည့်ရှုအားပေး ကြသည်။
ယင်းနောက်   ပြည်ထောင်စု ဝန်ကြီး  ဦးမောင်မောင်အုန်းသည် (၃၈)ဖြာ    မင်္ဂလာအစီအစဉ်နှင့် စပ်လျဉ်း၍ စီစဉ်တင်ပြသူ သဘင် ပညာရှင် ဦးနန်းဝင်းနှင့် အဖွဲ့အား အမှတ်တရ  လက်ဆောင်ပစ္စည်း များ  ပေးအပ်ချီးမြှင့်သည်။

 


လူငယ်    လူရွယ်များနှင့် ကလေးငယ်များ ယဉ်ကျေးလိမ္မာ စေရေးနှင့်  အသိပညာ   ဗဟုသုတ တိုးပွားစေရေးအတွက် ရည်ရွယ်၍ (၃၈)ဖြာ   မင်္ဂလာအစီအစဉ်အား    မြန်မာ့အသံနှင့် ရုပ်မြင်သံကြားက အခြေခံ  ကျောင်းသား  ကျောင်းသူ များဖြင့်  ရိုက်ကူးတင်ဆက်မှုများ ကို ၁၉၉၀ ပြည့် လွန်နှစ်များတွင် လည်း ဆောင်ရွက်ခဲ့ဖူးပြီး ယခု အခါ (၃၈) ဖြာ မင်္ဂလာအစီအစဉ် များကို      သဘင်ပညာရှင်များ၊ အနုပညာရှင်များဖြင့် ဖျော်ဖြေရေး အစီအစဉ်ကောင်း   တစ်ခုအဖြစ် ဆန်းသစ်   ရိုက်ကူးဆောင်ရွက် လျက်ရှိကြောင်းနှင့်     အဆိုပါ အစီအစဉ်များကို        မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင်     မကြာမီ တင်ဆက်        ထုတ်လွှင့်ပြသ သွားမည်ဖြစ်ကြောင်း       သိရ သည်။                        

သတင်းစဉ်