ရန်ကုန်တက္ကသိုလ်တွင် တာဝန်ထမ်းဆောင်ကြမည့် နည်းပြ၊ သရုပ်ပြ ဆရာ ဆရာမများ ကြိုဆိုပွဲကျင်းပ

 

ရန်ကုန်   မေ   ၇


ပညာရေးဝန်ကြီးဌာန အဆင့်မြင့် ပညာဦးစီးဌာန  ရန်ကုန်တက္ကသိုလ် တွင် တာဝန်ထမ်းဆောင်ကြမည့် အသစ်ခန့်အပ်သော     နည်းပြ၊ သရုပ်ပြ ဆရာ ဆရာမများ ကြိုဆို ပွဲအခမ်းအနားကို ယမန်နေ့နံနက် ပိုင်းက    ရန်ကုန်တက္ကသိုလ်ဝိဇ္ဇာ ခန်းမ၌ ကျင်းပသည်။

 


ရှေးဦးစွာ ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်          ဒေါက်တာ တင်မောင်ထွန်းက “ယနေ့တာဝန် အသစ် စတင်ထမ်းဆောင်ကြမည့် ဆရာ ဆရာမများအနေဖြင့်  မိမိ တို့    စွမ်းရည်ကို    မြှင့်တင်ပြီး ပညာရပ်ဆိုင်ရာများကို ကြိုးစား သင်ယူ  လေ့လာကြစေလိုကြောင်း၊ ရာထူးအဆင့်ဆင့်     ဆက်လက် တာဝန် ထမ်းဆောင်ကြမည်ဖြစ် သဖြင့် နိုင်ငံ၏တာဝန်ကို ကျေပွန် စွာ ဆောင်ရွက်ကြစေလိုကြောင်း ဖြင့်” ကြိုဆိုနှုတ်ခွန်ဆက် စကား ပြောကြားခဲ့သည်။

 


ကြိုဆိုပွဲ        အခမ်းအနားသို့ ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ ဌာနမှူးများနှင့်  အသစ်ခန့်အပ် ထားသည့်နည်းပြ၊ သရုပ်ပြ  ဆရာ ဆရာမ    ၄၀    တတ်ရောက်ခဲ့ ကြောင်း သိရသည်။

သတင်းစဉ်