
မန္တလေး မေ ၇
ပညာရေးဝန်ကြီးဌာန အဆင့်မြင့် ပညာဦးစီးဌာန ရတနာပုံ တက္ကသိုလ်တွင် ခန့်အပ်ခြင်းခံရ သည့် နည်းပြ၊ သရုပ်ပြ ဆရာ၊ ဆရာမ သစ်လွင်များအား ကြိုဆိုပွဲ အခမ်းအနားကို ယမန့်နေ့ မွန်းလွဲ ပိုင်းက အဆိုပါတက္ကသိုလ်ရှိ ပြည်ထောင်စုခန်းမ၌ ကျင်းပ ရာ ပါမောက္ခချုပ် ဒေါက်တာ တင့်မိုးသူဇာ၊ ဒုတိယပါမောက္ခ ချုပ်များ ဖြစ်ကြသည့် ဒေါက်တာ ဦးခင်မြို့၊ ဒေါက်တာမြင့်မြင့်ဦး၊ ဒေါက်တာ ခင်မော်မော်စိုး၊ ဘာသာရပ်အသီးသီးမှ ပါမောက္ခ (ဌာနမှူး)များ၊ ပါမောက္ခများ၊ ဆရာ ဆရာမများ၊ စီမံရေးရာ ဌာနများမှ တာဝန်ရှိသူများနှင့် အသစ်ခန့်အပ်ခြင်း ခံရသည့် နည်းပြ၊ သရုပ်ပြဆရာ ဆရာမ သစ်လွင်များ တက်ရောက် ကြသည်။
ကြိုဆိုပွဲ အခမ်းအနားတွင် ရတနာပုံတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာတင့်မိုးသူဇာက ကြိုဆို အမှာစကားပြောကြားပြီး ဝိဇ္ဇာ ဘာသာရပ်ဌာနများ ကိုယ်စား အရှေ့တိုင်းပညာဌာန ပါမောက္ခ (ဌာနမှူး) ဒေါက်တာထွေးရီက လည်းကောင်း၊ သိပ္ပံဘာသာရပ် ဌာနများကိုယ်စား ကုန်ထုတ် ဓာတုဗေဒဌာန ပါမောက္ခ(ဌာနမှူး) ဒေါက်တာဦးကိုဝင်းတို့က ကြိုဆို ဝမ်းမြောက်စကား ပြောကြား ခဲ့သည်။
ရတနာပုံ တက္ကသိုလ်တွင် မြန်မာစာ သုံးဦး၊ အင်္ဂလိပ်စာ လေးဦး၊ ပထဝီဝင် ငါးဦး၊ သမိုင်း နှစ်ဦး၊ ဒဿနိကဗေဒ တစ်ဦး၊ ဥပဒေပညာ သုံးဦး၊ ရှေးဟောင်း သုတေသနပညာတစ်ဦး၊ စာကြည့် တိုက်နှင့် သုတပညာ နှစ်ဦး၊ စီးပွားရေးပညာ နှစ်ဦး၊ ဓာတုဗေဒ လေးဦး၊ ရူပဗေဒ ရှစ်ဦး၊ သင်္ချာ နှစ်ဦး၊ ရုက္ခဗေဒ ရှစ်ဦးနှင့် ဘူမိဗေဒ နှစ်ဦး ဘာသာရပ်ဌာန အသီးသီးအတွက် နည်းပြ၊ သရုပ် ပြ ဆရာ ဆရာမသစ်လွင် ၄၇ ဦး တို့ကို ခန့်အပ်ခဲ့ကြောင်း သိရ သည်။
တင်မောင်-မန္တလေး