
ချန်းရှား မေ ၆
တရုတ်နိုင်ငံအလယ်ပိုင်း ဟူနန် ပြည်နယ်တွင် လူနေအဆောက် အအုံတစ်လုံး ပြိုကျမှုကြောင့် အတည်ပြု သေဆုံးသူ စုစုပေါင်း ၅၃ ဦးအထိ ရှိလာပြီဖြစ်ကြောင်း မေ ၆ ရက်က ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ပြော ကြားသည်။ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများကို နံနက် ၃ နာရီ ၀၃ မိနစ်တွင် အဆုံးသတ်ခဲ့ပြီး လူ၁၀ ဦး ကယ်တင်နိုင်ခဲ့ကြောင်း သိရသည်။
ဒဏ်ရာရရှိသူများကို ဆေးဝါး ကုသမှုများ ပေးနိုင်ရန်အတွက် ဒေသတွင်း ဆေးရုံများမှ ဒါဇင်နှင့် ချီသော ကျွမ်းကျင်သူများကို စီစဉ်ပေးထားကြောင်း သိရသည်။ အဆောက်အအုံ ပြိုကျမှုနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများ ထပ်မံပြုလုပ် သွားမည်ဖြစ် ကြောင်း၊ တာဝန်ရှိသူများကို အပြစ်ပေးအရေးယူသွား မည်ဖြစ် ကြောင်း အာဏာပိုင်များက ပြောကြားသည်။
တာဝန်ရှိ သူများသည် သတင်းစာ ရှင်းလင်းပွဲပြုလုပ်စဉ် တွင် ထိခိုက်သေဆုံးဒဏ်ရာရရှိသူများနှင့် မိသားစုဝင်များကို မတ်တတ်ရပ် ဦးညွတ်ကာ ဝမ်းနည်းကြောင်း ပြသခဲ့ပြီး အဆိုပါ ဖြစ်ရပ်အတွက် တောင်းပန်ခဲ့ကြောင်း သိရသည်။
ဆင်ဟွာ