အယ်လ်ဂျီးရီးယားနိုင်ငံ၌ ရေနံထုတ်လုပ်မှု တစ်နေ့ စည်ပေါင်း ၁၁၀၀၀ တိုးထုတ်မည်

 

အယ်လ်ဂျီးယား  မေ  ၆


အယ်လ်ဂျီးရီးယားနိုင်ငံက  ဇွန်လ အတွင်း         ရေနံထုတ်လုပ်မှု မှာ    တစ်နေ့လျှင်    စည်ပေါင်း ၁၁၀၀၀   တိုးမြှင့်ထုတ်လုပ်သွား မည်ဖြစ်ကြောင်း   စွမ်းအင်နှင့်  သတ္တုတွင်း ဝန်ကြီး  မိုဟာမက် အာကခ်က  မေ   ၆   ရက်တွင် ပြောကြားခဲ့သည်။

 


အယ်လ်ဂျီးရီးယား   နိုင်ငံ၏ နေ့စဉ်   ရေနံထုတ်လုပ်မှုနှုန်းမှာ စည်ပေါင်း ၁ ဒသမ ၀၁၃ သန်းမှ ၁ ဒသမ ၀၂၄ သန်းအထိ တိုးမြှင့် ထုတ်လုပ်သွားမည်ဖြစ်ကြောင်း  (၂၈)    ကြိမ်မြောက်   အိုပက်နှင့် အိုပက်အဖွဲ့ဝင်    မဟုတ်သော        ဝန်ကြီးအဆင့်   အစည်းအဝေး     ပြီးနောက် တရားဝင် ရုပ်သံလိုင်း ENTV က သတ္တုတွင်း  ဝန်ကြီး၏ ပြောစကားကို    ကိုးကားပြီး    ဖော်ပြခဲ့သည်။

 


အစည်းအဝေးတွင် နိုင်ငံ ၂၃ နိုင်ငံက  ဇွန်လ၌  တစ်နေ့လျှင်        ရေနံထွက်ရှိမှုကို      စည်ပေါင်း  ၄၃၂၀၀၀  ထပ်မံ   တိုးမြှင့်ရန်    သဘောတူခဲ့ကြောင်း စွမ်းအင်နှင့်    သတ္တုတွင်းဝန်ကြီး မိုဟာမက် အာကခ်က မှတ်ချက်ပြု ပြောကြားခဲ့ သည်။

 


ကမ္ဘာ့ရေနံဈေးကွက် တိုးတက် မှုများကို ဆွေးနွေးရန် ဇွန် ၂ ရက် တွင် နောက်တစ်ကြိမ်  အစည်း အဝေး   ကျင်းပမည်ဖြစ်ကြောင်း   စွမ်းအင်နှင့်   သတ္တုတွင်း ဝန်ကြီး မိုဟာမက်အာကခ်က  ဆက်လက် ပြောကြားခဲ့သည်။          

 ဆင်ဟွာ