
သန်လျင် မေ ၆
ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ် ရန်ကုန် အရှေ့ပိုင်းတက္ကသိုလ်၌ နည်းပြ/သရုပ်ပြ ဆရာ ဆရာမ သစ်လွင်များအား ကြိုဆိုပွဲကို မေ ၆ ရက်က ဘွဲ့နှင်းသဘင်ခန်းမဆောင်၌ ကျင်းပသည်။
ကြိုဆိုပွဲတွင် တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးအောင်၀င်းသိန်းက ယနေ့ခေတ်တွင် ပညာရေးကို နိုင်ငံအကြီးအကဲခေါင်းဆောင်များက အလေးထား ဂရုတစိုက် အားထုတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်အတွက် ပညာရေး သည်မရှိမဖြစ် အလွန်လိုအပ်ကြောင်း အမှာစကား ပြောကြားပြီး ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ပါမောက္ခ ချုပ် ဒေါက်တာနေဝင်းဦးက ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ်တွင် နည်းပြ/သရုပ်ပြ သစ်လွင် ဆရာ ဆရာမ ၂၈ ဦး ခန့်အပ်ခဲ့ပါကြောင်း၊ ကျောင်းသား ကျောင်းသူများ၏ ပညာသင်ယူမှုအခွင့်အလမ်း မဆုံးရှုံးရေးသည် ကာယကံရှင်နှင့် နိုင်ငံတော်အတွက် လွန်စွာအရေးကြီးပါကြောင်း၊ ယခု တက္ကသိုလ်နှင့် ကောလိပ်ကျောင်းများကိုလည်း ၁၂-၅-၂၀၂၂ ရက် တွင် ပြန်လည်ဖွင့်လှစ်၍ ၂၀၂၀ ပြည့်နှစ် တက္ကသိုလ် ဝင်တန်းအောင် ပထမနှစ် ကျောင်းသူ ကျောင်းသား များ၏ ပထမနှစ်ဝက်၊ ၂၀၁၉-၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်တန်းအောင် ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ်၊ ဂုဏ်ထူးတန်း ပထမနှစ်သင်တန်းများ၏ ဒုတိယနှစ်ဝက် သင်တန်းများနှင့် ၂၀၂၁-၂၀၂၂ နေ့ သင်တန်းများ၏ ပဉ္စမနှစ်ဥပဒေ၊ ဂုဏ်ထူးတန်း တတိယနှစ်၊ မဟာအရည်အချင်းစစ်သင်တန်းနှင့် မဟာဘွဲ့သင်တန်းများကို ပြန်လည်ဖွင့်နိုင်ရန် ပြင်ဆင်ဆောင်ရွက်လျက် ရှိကြောင်း၊ ကိုဗစ်-၁၉ ရောဂါကြောင့် ရပ်တန့်နေခဲ့သည့် ပညာရေးကဏ္ဍကို ပြန်လည်အကောင် အထည်ဖော်ဆောင်ရွက်ရာတွင် အားလုံးတက်ညီလက်ညီ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားလိုကြောင်း ပြောကြား သည်။
ထို့နောက် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ် များ၊ စီမံသင်တန်းအင်ဂျင်နီယာဌာနမှူးများ၊ ဝိဇ္ဇာ ဘာသာရပ်/သိပ္ပံဘာသာရပ်များမှ ပါမောက္ခ(ဌာနမှူး) များနှင့် အသစ်ခန့် နည်းပြ/ဆရာ ဆရာမများက မိတ်ဆက်စကားများပြောကြားကာ စုပေါင်းအမှတ် တရဓာတ်ပုံများရိုက်ကူး၍ အခမ်းအနားကိုရုပ်သိမ်း ခဲ့သည်။
ခရိုင် (ပြန်/ဆက်)