
အထူးစီးပွားရေးဇုန် အဆင့်လိုက်စီမံကိန်းများပြီးစီးပါက အလုပ်အကိုင်အခွင့်အလမ်း
လက်ရှိ ၁၃၃၀၀ ကျော်မှ ၃ သိန်းကျော်ခန့် ဖော်ဆောင်ပေးနိုင်မည်
နေပြည်တော် မေ ၆
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ် ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့်အဖွဲ့သည် ယနေ့ မွန်းလွဲပိုင်းတွင် သီလဝါအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီမှ တာဝန်ရှိသူများ အား သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံ၍ အမှာ စကားပြောကြားသည်။
ဦးစွာ သီလဝါအထူးစီးပွားရေးဇုန် ဖြစ်ပေါ် တိုးတက်မှုနှင့် လုပ်ငန်းဆောင်ရွက်မှုအခြေအနေ များအား သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးရဲနိုင်ထွန်းက ရှင်းလင်းတင်ပြ သည်။ ထို့နောက် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ပွင့်ဆန်းက သီလဝါအထူးစီးပွားရေးဇုန် လက်ရှိ ဆောင်ရွက်နေမှု အခြေအနေများ၊ တွေ့ကြုံရသော အခက်အခဲများအပေါ် နိုင်ငံတော်က ဖြေရှင်း ဆောင်ရွက်ပေးမှု အခြေအနေများ၊ လုပ်ငန်း ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများအား ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ တက်ရောက်လာကြသူများက အထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံဆောင်ရွက် နေမှုများအား ရှင်းလင်းတင်ပြကြသည်။
ငွေကြေးမူဝါဒတို့နှင့်အညီ ဆောင်ရွက်
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ် ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက တင်ပြချက်များအပေါ် လိုအပ်သည့်အချက်များအလိုက် ပြန်လည်ရှင်းလင်း ညှိနှိုင်းပြီးနောက် အမှာစကားပြောကြားရာတွင် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်မှ စတင်၍ မြန်မာနိုင်ငံ အစိုးရနှင့် ဂျပန်နိုင်ငံအစိုးရ ပူးပေါင်းဆောင်ရွက်မှုဖြင့် ထူထောင်ခဲ့သည့် သီလဝါအထူးစီးပွားရေးဇုန်သည် ၈ နှစ်တာကာလအတွင်း ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း အမေရိကန်ဒေါ်လာ ၂ ဒသမ ၁၂ ဘီလီယံရှိပြီး မြန်မာ ကုမ္ပဏီ ၉ ခု မြန်မာအစု ရှယ်ယာရှင် ၁၇၀၀၀ ကျော်နှင့် ဂျပန်ကုမ္ပဏီ ၃ ခုတို့မှ ပါဝင်ပူးပေါင်း၍ မြန်မာနိုင်ငံ အစိုးရမှ ၁၀ ရာခိုင်နှုန်း၊ မြန်မာနိုင်ငံသားကုမ္ပဏီမှ ၄၁ ရာခိုင်နှုန်း၊ ဂျပန်နိုင်ငံအစိုးရမှ ၁၀ ရာခိုင်နှုန်း၊ ဂျပန်ကုမ္ပဏီမှ ၃၉ ရာခိုင်နှုန်း အသီးသီး အချိုးကျ ထည့်ဝင်ဆောင်ရွက်ရသည့် အထူးစီးပွားရေးဇုန်ကြီးတစ်ခုဖြစ်ကြောင်း၊ လုပ်နည်းပိုင်းဆိုင်ရာအရနှင့် သီလဝါအထူးစီးပွားရေးဇုန်၏ လုပ်ပိုင်ခွင့်ရမြေ ၅၀၀၀ ကျော်ဧကတွင် ခွင့်ပြုရောင်းချပြီး မြေနေရာ များအားလုံးအနက် ကျန်ရှိမြေနေရာများနှင့် လုပ်ငန်း အမြန် အကောင်အထည်ဖော်နိုင်ရန် စီမံခန့်ခွဲမှု ကော်မတီက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးရန် လိုကြောင်း၊ အထူးစီးပွားရေးဇုန် အဆင့်လိုက်စီမံကိန်းများပြီးစီးပါက အလုပ်အကိုင် အခွင့်အလမ်း လက်ရှိ ၁၃၃၀၀ ကျော်မှ ၃ သိန်းကျော် ခန့် ဖော်ဆောင်ပေးနိုင်မည်ဖြစ်၍ စနစ်တကျ ပေါင်းစပ်ညှိနှိုင်း အကောင်အထည်ဖော်ဆောင်ရွက် ရန် လိုကြောင်း၊ ဇုန်နေရာအလိုက် သတ်မှတ်ပေးထား သော ကုန်ကြမ်းကုန်ချောပစ္စည်းများ မှန်မှန်ကန်ကန် တင်သွင်းခြင်း၊ တင်ပို့ခြင်းရှိမရှိ စစ်ဆေးနိုင်ရန် X- Ray Machine များ တပ်ဆင်စစ်ဆေးကြပ်မတ်ရန် လိုအပ်ကြောင်း၊ အထူးစီးပွားရေးဇုန် ငွေကြေးသုံးစွဲ လည်ပတ်မှုနှင့်ပတ်သက်၍ အထူးစီးပွားရေးဇုန် ဥပဒေ ၂၀၁၄ ၊ ဗဟိုဘဏ်၏ နောက်ဆုံးထုတ်ပြန် ထားသည့် ၃-၄-၂၀၂၂ ရက်စွဲပါ အမိန့်ကြော်ငြာ စာအမှတ်၊ ၁၂/၂၀၂၂ ပါ ငွေကြေးမူဝါဒတို့နှင့်အညီ ဆောင်ရွက်ရန်လိုကြောင်း၊ နောင်လာမည့် ရင်းနှီး မြှုပ်နှံသူများ ယုံကြည်မှုရှိစေရန်အတွက်လည်း ငွေကြေးမူဝါဒ ခိုင်မာမှုရှိကြောင်း သိရှိနိုင်ရေး လုပ်ဆောင်ရန် လိုကြောင်း၊ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံ သူများ ပိုမိုစိတ်ဝင်စားစေရန်လည်း Myanmar Japan Thilawer Development (MJTD) မှ Bro-chure များ၊ Media များ၊ Website များမှယခုထက် ပိုမိုဆွဲဆောင်ရန် လိုအပ်ကြောင်း၊ ပြည်တွင်းမှ ထွက်ရှိ သည့် စိန်တစ်လုံးသရက်နှင့် ထောပတ်ပဲကဲ့သို့ သီးနှံ များကို ဇုန်အတွင်း၌ CAN စနစ်ဖြင့် ပြုပြင် ထုတ်လုပ်နိုင်ရေး စိတ်ဝင်စားမှုရှိသည့် ကုမ္ပဏီများ ကိုလည်း အမြန်ဆုံးဖြစ်မြောက်စေရေး လိုအပ် သည်များကို ကူညီဆောင်ရွက် လမ်းညွှန်ပေးရန် လိုကြောင်း၊ သို့မှသာ စိန်တစ်လုံးသရက်သီးနှင့် ထောပတ်ပဲ စိုက်ပျိုးသူများအတွက် ဈေးကွက်အနှိမ်ခံ ရမှုမှ လွတ်ကင်းမည့် အကျိုးရှိစေနိုင်မည်ဖြစ်၍ အမြန်ဆုံးအကောင်အထည်ဖော်နိုင်ရေး စီမံကြရ မည်ဖြစ်ကြောင်း၊ သီလဝါအထူးစီးပွားရေးဇုန်တွင် သုံးစွဲနေသော လျှပ်စစ်ဓာတ်အားကို Gas မှ LNG ကဲ့သို့နိုင်ငံခြားငွေဖြင့် ဝယ်ယူသုံးစွဲမှုကို အစားထိုးနိုင် ရေး ဆိုလာနှင့်လေအားလျှပ်စစ်ထုတ်ယူနိုင်မှုကို ကုမ္ပဏီတစ်ခုချင်း သို့မဟုတ် ဇုန်အလိုက် ထုတ်လုပ် နိုင်ပါက နိုင်ငံတော်နှင့် ပုဂ္ဂလိကကုမ္ပဏီများမှ လျှပ်စစ်ဓာတ်အားရယူသုံးစွဲမှုကို လျှော့ချနိုင်မည် ဖြစ်သလို နိုင်ငံတော်အတွက်လည်း အခြားလျှပ်စစ် ဓာတ်အား လိုအပ်သည့်နေရာများကို ပိုမိုဖြည့်ဆည်း ပေးနိုင်မည်ဖြစ်ကြောင်း၊ ၎င်းအပြင် နိုင်ငံတော်မှ ရသင့်ရထိုက်သော အခွန်အခများ မဆုံးရှုံးစေရေးနှင့် ရင်းနှီးမြှုပ်နှံမှုအသစ်များ ထပ်မံဖိတ်ခေါ်သွားရန် လည်း လိုကြောင်း၊ နိုင်ငံတော်၏ ပထမဆုံးနှင့်အောင်မြင်မှုအရှိဆုံး စံပြအထူးစီးပွားရေးဇုန်ဖြစ်ရန် ယခုထက် အောင်မြင်အောင်ကြိုးပမ်းဆောင်ရွက်ရန်လိုကြောင်းဖြင့် ပြောကြားသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ် ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် အဖွဲ့ဝင်များသည် ခင်းကျင်းပြသထားသည့် သီလဝါအထူးစီးပွားရေးဇုန် မှ ထုတ်လုပ်သော ကုန်ပစ္စည်းများအား လှည့်လည် ကြည့်ရှုကြပြီး သီလဝါအထူးစီးပွားရေးဇုန် ဧည့်ခန်းမ ဆောင်၌ တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားသည်။
ထို့နောက် သီလဝါအထူးစီးပွားရေးဇုန်အတွင်းရှိ လျှပ်စစ်ကေဘယ်များထုတ်လုပ်သည့် L S- Gaon Cable Myanmar စက်ရုံနှင့် ဓာတ်မြေဩဇာ ထုတ်လုပ်သည့် စီ.ပီ ဆင်ဖြူတော်စက်ရုံများ၏ လုပ်ငန်းဆောင်ရွက်မှုများအား လှည့်လည်ကြည့်ရှုကြ ရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းတင်ပြကြပြီး သိရှိလိုသည်များ မေးမြန်းပြီး လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးသည်။
သီလဝါအထူးစီးပွားရေးဇုန်၌ နိုင်ငံပေါင်း ၂၁ နိုင်ငံ မှ ကုမ္ပဏီပေါင်း ၉၄ ခု လာရောက်ရင်းနှီးမြှုပ်နှံခဲ့ရာမှ ၂၀၂၁ ခုနှစ်၊ ကိုဗစ်-၁၉ တတိယလှိုင်းကာလ၌ ၈၉ ခု ယာယီရပ်ဆိုင်းခဲ့ရာမှ လုပ်ငန်းအဖွဲ့နှင့် စီမံခန့်ခွဲမှု ကော်မတီတို့၏ စည်းရုံးဆောင်ရွက်ခဲ့မှုကြောင့် ကုမ္ပဏီ စုစုပေါင်း ၈၂ ခုမှ လုပ်ငန်းလည်ပတ် ရပြီး ကျန်ရှိကုမ္ပဏီများအနေဖြင့်လည်း မကြာမီ ပြန်လည်ဆောင်ရွက်ကြမည်ဖြစ်ကြောင်း သတင်း ရရှိသည်။
သတင်းစဉ်