(၃၁) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲဝင် အားကစားသမားမောင်မယ်များအားလုံး အားကစားအောင်မြင်မှုဖြင့် နိုင်ငံဂုဏ်ကို မြှင့်တင်နိုင်ကြပါစေ

Type
5

 

ကိုဌေး (ကနောင်)

 

မကြာမီကျင်းပတော့မည့် (၃၁) ကြိမ်မြောက် အရှေ့ တောင်အာရှအားကစားပြိုင်ပွဲသို့      ဝင်ရောက် ယှဉ်ပြိုင်ကြတော့မည့် ပြိုင်ပွဲဝင်အားကစားသမားမောင်မယ်များအားလုံး   ပြိုင်ပွဲဝင်ရန်  အသင့်ဖြစ် နေပြီဖြစ်သည်။ ပြိုင်ပွဲကာလမှာလည်း ၂၀၂၂ ခုနှစ် မေ ၁၂ ရက်မှ  ၂၃  ရက်အထိ  ဗီယက်နမ်နိုင်ငံ  ဟနွိုင်းမြို့နှင့်နီးစပ်ရာ   ၁၂  နေရာတွင်  ကျင်းပ သွားမည်ဖြစ်၍  ပြိုင်ပွဲကျင်းပရန်လည်း ခုနစ်ရက် ခန့်သာ လိုပါတော့သည်။

 


ပြင်ဆင်လေ့ကျင့်


ပြိုင်ပွဲသို့     ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် လည်း လွန်ခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် မှစ၍        အားကစားသမားများအားလုံးအား နေပြည်တော်   အားကစား     လေ့ကျင့်ရေးစခန်းနှင့် ရန်ကုန်မြို့ရှိ   သက်ဆိုင်ရာ   အားကစားအဖွဲ့ချုပ် အသီးသီးတွင် တစ်နှစ်ကျော်ခန့်   ကြိုတင်ပြင်ဆင် လေ့ကျင့်ခဲ့ကြပြီး ပြိုင်ပွဲတွင်  အောင်မြင်မှုရရှိစေရေး အတွက်လည်း      အားကစားခြောက်မျိုးဖြစ်သည့် ပြေးခုန်ပစ်၊  လက်ဝှေ့၊  ဘော်လီဘော၊ အလေးမ၊ ဝူရှူး၊ လှေလှော် (ကနူး/ကယက်) အားကစားသမား စုစုပေါင်း ၇၉ ဦးကို တရုတ်နိုင်ငံသို့  စေလွှတ်  လေ့ကျင့်စေခဲ့သည့်အပြင် နိုင်ငံတကာမှ   အဆင့်မီ နည်းပြများ   ငှားရမ်းလေ့ကျင့်မှုအနေဖြင့်လည်း  မြားပစ်နှင့်  တိုက်ကွမ်ဒို အားကစားနည်းများအတွက် ကိုရီးယားနည်းပြ   နှစ်ဦးဖြင့်   လည်းကောင်း၊    ပီတန်းအားကစားနည်းအတွက်     ထိုင်းနည်းပြ တစ်ဦးဖြင့်လည်းကောင်း အတွေ့အကြုံရှိ  မြန်မာ လက်ရွေးစင်နည်းပြများဖြင့် ပူးတွဲလေ့ကျင့်ပေးခဲ့ကြ ပြီး အားကစားနည်း အားလုံးမှ  အားကစားသမားများ   စနစ်တကျလေ့ကျင့်နိုင်စေရေးအတွက်   ဂျပန်နိုင်ငံ မှ   GYM နည်းပြ တစ်ဦးအားလည်း ငှားရမ်းလေ့ကျင့် စေခဲ့ပါသည်။

 


ပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင် လေ့ကျင့်နေစဉ် ကာလအတွင်းတွင်      အားကစားဌာနမှ အားကစား နည်းအလိုက်    လေ့ကျင့်မှုကြပ်မတ်စစ်ဆေးရေး အဖွဲ့များ     ဖွဲ့စည်းဆောင်ရွက်ခဲ့ကြပြီး   ဌာန အကြီးအကဲများဖြစ်သည့် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊   ညွှန်ကြားရေးမှူးချုပ်၊     ဒုတိယ ညွှန်ကြားရေးမှူးချုပ်များအပါအဝင်    မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်များမှ     အဖွဲ့ချုပ်ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများ၊  အတွင်းရေးမှူးများနှင့် တာဝန်ရှိ သူများကိုယ်တိုင်    မကြာခဏသွားရောက်တွေ့ဆုံ အားပေးစကားပြောကြားပြီး   လိုအပ်ချက်မှန်သမျှ ပံ့ပိုးဖြည့်ဆည်းဆောင်ရွက်ပေးခြင်း၊    စိတ်ဓာတ် ခွန်အားမြှင့်တင်ပေးခြင်းများ   ဆောင်ရွက်ပေးခဲ့ကြ ပါသည်။  ပြိုင်ပွဲဝင်  အားကစားသမားများအားလုံး အနေဖြင့်လည်း   ပြိုင်ပွဲဝင်ရန်  အဆင်သင့်ဖြစ်နေ ကြပြီဖြစ်ပါသည်။  တစ်နည်းအားဖြင့်  နိုင်ငံ့ဂုဏ် ဆောင်နိုင်ရေး   စိတ်အားထက်သန်လျက်ရှိနေကြပြီ ဖြစ်ပါသည်။ 

 


သွားရောက်ယှဉ်ပြိုင်ရန်   အဆင့်သင့်ဖြစ်


ယခုအခါ ပြိုင်ပွဲကြီးသို့ အားကစားနည်း  ၂၀ ဖြင့်     ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက်  အုပ်ချုပ်/နည်းပြ ၉၇ ဦး၊ အားကစားသမား ၂၉၃ ဦး၊ အုပ်ချုပ်/ထောက်ပံ့သူအဖွဲ့ ၃၈ ဦးအပါအဝင် စုစုပေါင်း  ၄၂၈  ဦးဖြင့်   သွားရောက်ယှဉ်ပြိုင်ရန်   အဆင့်သင့်ဖြစ် နေကြပြီ ဖြစ်ပါသည်။

 


ဧပြီ   ၂၉  ရက်တွင်  ကျင်းပပြုလုပ်ခဲ့သည့် အောင်နိုင်ရေးအလံ‌ပေးအပ်ပွဲသို့      နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ   နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး  မင်းအောင်လှိုင်ကိုယ်တိုင်  အခမ်း အနားသို့   တက်ရောက်အမှာစကားပြောကြားပြီး အောင်နိုင်ရေးအလံကို  နိုင်ငံတော်အကြီးအကဲကအားကစားနှင့်        လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဦးမင်းသိန်းဇံထံ  ပေးအပ်ခဲ့ သည်။  အားကစားအောင်နိုင်ရေးသည်  မြန်မာ တစ်မျိုးသားလုံး၏    မျှော်လင့်ချက်ဖြစ်ကြောင်း၊ အနိုင်ရရှိသည့် ပြိုင်ပွဲတိုင်းတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံအား လွှင့်ထူပြီး ကျန်ပြိုင်ပွဲဝင် နိုင်ငံများမှ အလေးပြုကြရသည့် မြင်ကွင်း၊  မြန်မာ အားကစားသမားများ၏  နိုင်ငံတော်သီချင်း သီဆို အောင်ပွဲခံနေသည့်     မြင်ကွင်းများကို   ပြည်သူ တစ်ရပ်လုံးမြင်တွေ့လိုကြောင်း           နိုင်ငံတော် အကြီးအကဲက ထည့်သွင်းပြောကြားသွားခဲ့သည်။

 


ချီးမြှင့်ထောက်ပံ့မှုများ


လက်ရှိ   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရလက်ထက်တွင် နိုင်ငံတော်ကြီး နိုင်ငံတကာ နှင့်    ရင်ပေါင်တန်းနိုင်ရေးအတွက်   နယ်ပယ်စုံ၊ ကဏ္ဍစုံမှ     အားထုတ်ကြိုးပမ်းလျက်ရှိရာတွင် အားကစားကဏ္ဍကိုလည်း      တစ်ခန်းတစ်ကဏ္ဍ ထည့်သွင်းပြီး နိုင်ငံတကာအဆင့်မီ ဖွံ့ဖြိုးတိုးတက်စေ ရေး  စီမံဆောင်ရွက်ပေးလျက်ရှိသည်။   ခေတ် အဆက်ဆက်    အာရှအားကစားပြိုင်ပွဲများတွင် အောင်မြင်မှုရရှိခဲ့သူများနှင့်   အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများတွင် အောင်မြင်မှု  ဆုတံဆိပ် များ   ရယူပေးနိုင်ခဲ့သည့်    နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများကိုလည်း အသက် ၆၀ ပြည့် မြောက်သည့်  အချိန်မှစပြီး  သက်ရှိထင်ရှားရှိနေ သမျှ  ကာလပတ်လုံး  လစဉ်ချီးမြှင့်ထောက်ပံ့ငွေများ ချီးမြှင့်ပေးလျက်ရှိပါသည်။      နိုင်ငံတော်မှလစဉ် ချီးမြှင့်ထောက်ပံ့ငွေ အသေးစိတ်အား  ဖော်ပြရလျှင် အာရှအားကစားပြိုင်ပွဲများတွင်  ရွှေတံဆိပ် တစ်ခု ရယူပေးနိုင်ခဲ့ပါက  လစဉ်ချီးမြှင့်ငွေ   ၂၀၀၀၀၀၊ ငွေတံဆိပ် တစ်ခု ရယူပေးနိုင်ခဲ့ပါက လစဉ်ချီးမြှင့်ငွေ  ၁၅၀၀၀၀၊ ကြေးတံဆိပ် တစ်ခု  ရယူပေးနိုင်ခဲ့ပါက လစဉ်ချီးမြှင့်ငွေ  ၁၀၀၀၀၀  ချီးမြှင့်ပေးအပ်လျက် ရှိပြီး အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများတွင် ရွှေတံဆိပ်  ၁၀  ခုထက်  ရရှိခဲ့သူဖြစ်ပါက လစဉ် ချီးမြှင့်ငွေ ၁၅၀၀၀၀၊ ရွှေတံဆိပ် ငါးခုမှ  ကိုးခုအထိ ရရှိခဲ့သူဖြစ်ပါက   လစဉ်ချီးမြှင့်ငွေ    ၁၀၀၀၀၀၊ ရွှေတံဆိပ် တစ်ခုမှ လေးခုအထိ ရရှိခဲ့သူဖြစ်ပါက လစဉ် ချီးမြှင့်ငွေ ၇၀၀၀၀၊ ငွေတံဆိပ်တစ်ခု ရရှိခဲ့သူဖြစ် ပါက  လစဉ်ချီးမြှင့်ငွေ ၅၀၀၀၀၊ ကြေးတံဆိပ် တစ်ခု ရရှိခဲ့သူဖြစ်ပါက  လစဉ်ချီးမြှင့်ငွေ  ၃၀၀၀၀ တို့ကို  ပေးအပ်ချီးမြှင့်လျက် ရှိပါသည်။

 


၂၀၂၂  ခုနှစ် (၇၇)  နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားတွင်         အာရှအားကစားပြိုင်ပွဲ၌ ဆုတံဆိပ်ရရှိခဲ့ကြသည့်            နိုင်ငံ့ဂုဏ်ဆောင် အားကစားသမား ၁၂  ဦးနှင့်  အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများတွင် ရွှေတံဆိပ် ငါးခုအထက် ရရှိခဲ့ကြသူ အားကစားသမားများအနက်မှ  ၂၄ ဦး ကို “လူမှုထူးချွန် ပထမအဆင့်” ချီးမြှင့်ပေးအပ် ခဲ့သည်။ သို့ဖြစ်၍ အဆိုပါ အောင်မြင်မှုရရှိခဲ့ကြသည့် အားကစားသမားများနည်းတူ     မျိုးဆက်သစ် အားကစားသမားများသည်လည်း  အောင်မြင်မှုရရှိ အောင် ကြိုးစားကြရမည်ဖြစ်ပါသည်။ အားကစား ဖြင့်    နိုင်ငံတော်၏  ဂုဏ်သိက္ခာမြှင့်တင်နိုင်ရေး အတွက် ပြိုင်ပွဲတိုင်းအနိုင်ရရှိရေးသည် အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် အားကစားသမားအားလုံး၏ ပခုံးထက်တွင် ရှိနေကြပြီလည်း ဖြစ်ပါသည်။ 

 


ထိုက်တန်သည့်  ဂုဏ်ပြုချီးမြှင့်ငွေများ


၎င်းအပြင်        နိုင်ငံတော်အကြီးအကဲက အောင်နိုင်ရေးအလံ    ပေးအပ်ပွဲအခမ်းအနားတွင် (၃၁)  ကြိမ်မြောက် အရှေ့တောင်အာရှအားကစား ပြိုင်ပွဲတွင် နိုင်ငံကိုယ်စားပြု  သွားရောက်ယှဉ်ပြိုင် ကြမည့်      အားကစားမောင်မယ်များအားလုံးကို လည်း           ဆုရအားကစားသမားများအတွက် ရွှေတံဆိပ် (တစ်ဦးချင်း) ငွေကျပ်သိန်း ၃၀၀ ၊ ငွေတံဆိပ် (တစ်ဦးချင်း)  ငွေကျပ်သိန်း  ၂၀၀၊ ကြေးတံဆိပ် (တစ်ဦးချင်း)  ငွေကျပ်သိန်း ၁၀၀ ၊ အသင်းလိုက် ရွှေတံဆိပ်ဆွတ်ခူးခဲ့လျှင်  (တစ်ဦးချင်း) ငွေကျပ်သိန်း ၁၀၀၊   အသင်းလိုက်   ငွေတံဆိပ်ဆွတ်ခူးခဲ့လျှင် (တစ်ဦးချင်း)  ငွေကျပ်သိန်း  ၇၀၊  အသင်းလိုက် ကြေးတံဆိပ်ဆွတ်ခူးခဲ့လျှင် (တစ်ဦးချင်း) ငွေကျပ် ၃၅ သိန်း၊    နည်းပြများအတွက်   ရွှေတံဆိပ်ဆုရ အားကစားနည်းမှ နည်းပြတစ်ဦးလျှင် ငွေကျပ်သိန်း ၁၀၀၊  ငွေတံဆိပ်ဆုရအားကစားနည်းမှ   နည်းပြ တစ်ဦးလျှင်  ငွေကျပ်သိန်း  ၅၀၊ ကြေးတံဆိပ်ဆုရ အားကစားနည်းမှ နည်းပြတစ်ဦးလျှင် ငွေကျပ်သိန်း ၃၀၊ အားကစားနည်းအလိုက်  အုပ်ချုပ်မှုအဖွဲ့များအတွက်         ရွှေတံဆိပ်ဆုရအားကစားနည်းမှ အုပ်ချုပ်မှုအဖွဲ့အတွက်     ငွေကျပ်သိန်း  ၁၀၀၊ ငွေတံဆိပ်ဆုရ    အားကစားနည်းမှ   အုပ်ချုပ်မှု အဖွဲ့အတွက် ငွေကျပ်သိန်း  ၅၀  ၊ ကြေးတံဆိပ်ဆုရ  အားကစားနည်းမှ  အုပ်ချုပ်မှုအဖွဲ့အတွက် ငွေကျပ် သိန်း ၃၀  ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်းလည်း  ထည့်သွင်းပြောကြားသွားခဲ့သည်မှာ       အားရ ကျေနပ်ဖွယ်ကောင်းလှသည်။     ယခင်နှစ်များနှင့် မတူအောင်ထိုက်တန်သည့်  ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်မည်ကိုလည်း  ကြိုတင်အသိပေးပြောကြား ခဲ့သည်။ 

 


အခမ်းအနားတွင် ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားသမားများအား    တစ်ဦးလျှင်  ထောက်ပံ့ ငွေကျပ်နှစ်သိန်းစီနှင့်  နည်းပြတစ်ဦးလျှင် ငွေကျပ် တစ်သိန်းစီကိုလည်း      ချီးမြှင့်ပေးအပ်ခဲ့ပါသည်။ ၎င်းအပြင်        ပြိုင်ပွဲသို့ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားသမားများအား  တစ်ဦးလျှင် ဒေါ်လာ ၂၀၀ နှင့်  နည်းပြတစ်ဦးလျှင်   ဒေါ်လာ ၁၀၀  စီ ကိုလည်း ပြိုင်ပွဲသို့မသွားမီ ထပ်မံချီးမြှင့်ပေးအပ်မည် ဖြစ်ကြောင်း      ကြားသိရသည်။     နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအနေဖြင့်    မြန်မာ့အားကစား အောင်မြင်မှု ရရှိရေးအတွက် ချီးမြှင့်မှုနှင့်  ထောက်ပံ့ ပေးမှုအစီအစဉ်များမှာ လွန်စွာကျေနပ်အားရဖွယ်‌ ကောင်းလှပါသည်။ သို့ဖြစ်၍  ပြိုင်ပွဲဝင်အားကစား သမားမောင်မယ်များအနေဖြင့်လည်း     ယခင်က ပါဝင်ယှဉ်ပြိုင်ခဲ့သည့် အကြိမ်များထက် ဆုတံဆိပ် များ  ပိုမိုရရှိအောင် စွမ်းဆောင်ကြိုးပမ်းသွားရမည် သာဖြစ်ပါသည်။  နိုင်ငံတော်အပိုင်းက  ထောက်ပံ့ ချီးမြှင့်မှုရှိနေသကဲ့သို့  အားကစားသမား  တစ်ဦး ချင်းစီတိုင်းကလည်း          နိုင်ငံနှင့်လူမျိုး၏    ဂုဏ်သိက္ခာ မြင့်မားရေးအတွက်  ဇွဲ၊  လုံ့လ၊  ဝီရိယ တို့ဖြင့်   အားကြိုးမာန်တက်     ရေကုန်ရေခန်း   အားကစား သမားကောင်းစိတ်ဓာတ်ဖြင့် ငါ့နိုင်ငံတော်၊ ငါ့နိုင်ငံတော်သားတို့အတွက်      နိုင်ငံချစ်စိတ်ဖြင့် အစွမ်းကုန်ကြိုးစားကြရန်သာ လိုအပ်ပါတော့သည်။ 

 


အမိနိုင်ငံ၏အလံတော်  လွှင့်ထူဂုဏ်ပြုခံရခြင်း မျိုးကို  နိုင်ငံသားတိုင်းက   လိုလားကြသည်ဖြစ်ရာ ပြိုင်ပွဲဝင်အားကစားသမားအားလုံးက    အားသွန် ခွန်စိုက်ကြိုးစားကြပြီး ပြိုင်ပွဲကပေးသော ဆုကြေး နှင့် နိုင်ငံတော်က ဂုဏ်ပြုဆုကြေးများကို  ပျော်ရွှင် စွာ    လက်ခံခြင်းဖြင့်   အတ္တ၊  ပရ နှစ်ဖြာဝမ်းသာ ပျော်ရွှင်ကြရမည်ဖြစ်ပါသည်။  “ထို့ကြောင့် (၃၁) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့အားကစားအဖွဲ့ကို အပ်နှင်းလိုက်မည့်   ပြည်ထောင်စုသမ္မတ   မြန်မာ နိုင်ငံတော်ဂုဏ်ဒြပ်နှင့်   အမျိုးသားရေးတာဝန်ကိုပါ ကိုယ်စားပြုနေသည်ဟူသော  ခံယူချက်ဖြင့်  ပြိုင်ပွဲ တိုင်းတွင် နိုင်ငံတော်အလံ တလူလူ လွင့်ပျံနေစေရေး  အစွမ်းကုန်ကြိုးပမ်း  ယှဉ်ပြိုင်သွားကြရန်  အလေး အနက်        တိုက်တွန်းလိုပါကြောင်း”     နိုင်ငံတော် အကြီးအကဲက မှာကြားသွားခဲ့ပါသည်။

 


အစွမ်းကုန်ကြိုးစားယှဉ်ပြိုင်


မြန်မာအားကစားအဖွဲ့ဝင်များအားလုံး  နိုင်ငံ နှင့်   လူမျိုးဂုဏ်ကို  မြှင့်တင်နိုင်ရေးဟူသည့် အမျိုးသား ရေးသံန္နိဋ္ဌာန်ဖြင့်  အစွမ်းကုန်ကြိုးစား ယှဉ်ပြိုင်သွား ကြရမည်ဖြစ်သကဲ့သို့  မြန်မာ့ယဉ်ကျေးမှု၊   မြန်မာ့ ဓလေ့စရိုက်       အစဉ်အလာကောင်းများနှင့်အညီ ယဉ်ကျေးပျူငှာစွာ     ပြုမူကျင့်ကြံ     နေထိုင်ကြရမည် ဖြစ်ပါသည်။   အနှစ်ချုပ်ဆိုရသော်   ပြိုင်ပွဲဝင် အားကစားသမားများအားလုံး အနိုင်မခံအရှုံးမပေး သည့်  ကြံ့ခိုင်သည့်  စိတ်ဓာတ်၊   မလျှော့သောဇွဲ၊  လုံ့လဖြင့်   ရင်ဆိုင်ယှဉ်ပြိုင်ပြီး  ဆုတံဆိပ်များရရှိ အောင် စွမ်းဆောင်ကာ   အားကစားဖြင့်   နိုင်ငံ့ဂုဏ် ကို        မြှင့်တင်နိုင်ကြသည့်        သတင်းကောင်းကို     ပြည်သူတစ်ရပ်လုံးက       ကြိုဆိုမျှော်လင့်လျက်      ရှိပါကြောင်း…..။        ။