နိုင်ငံခြားငွေလဲလှယ်မှုအကျပ်အတည်းကြောင့် သီရိလင်္ကာနိုင်ငံ၌ ဒီဇယ်ပြတ်လပ်မှုနှင့် ရင်ဆိုင်ကြုံတွေ့နေရ

 

ကိုလံဘို   မေ   ၅ 


သီရိလင်္ကာနိုင်ငံသည် နိုင်ငံခြားငွေလဲလှယ်မှု အကျပ်အတည်း ပိုမိုဆိုးရွားလာသောကြောင့် ဒီဇယ်ပြတ်လပ်မှု နှင့် ရင်ဆိုင်ကြုံတွေ့နေရကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ကန်ချနာ ဝီဂျီဆီကီရာက မေ ၅ ရက်တွင် ပြောကြားသည်။     

 


အဆိုပါ ဝန်ကြီးသည် နိုင်ငံအနေဖြင့် တစ်နေ့လျှင် ဒီဇယ် မက်ထရစ်တန် ၄၀၀၀ လိုအပ်ကြောင်း လွှတ် တော်သို့ တင်ပြထားသော်လည်း လက်ရှိတွင် နိုင်ငံပိုင် Ceylon Petroleum Corporation က  တစ်နေ့လျှင် ဒီဇယ်  မက်ထရစ်တန်  ၁၀၀၀ မှ ၁၅၀၀  အထိသာ ထုတ်ပေးလျက်ရှိကြောင်း ပြောကြားသည်။  

 


လက်ရှိတွင် ပြည်တွင်း၌ ဓာတ်ဆီပြတ်တောက် မှုမရှိကြောင်း၊  နေ့စဉ် ဓာတ်ဆီမက်ထရစ်တန် ၃၀၀၀ ခန့် ထုတ်ပေးလျက်ရှိကြောင်း၊    ဓာတ်ဆီမက်ထရစ် တန် ၄၀၀၀၀ တင်ဆောင်လာသော သင်္ဘောတစ်စင်း မေ ၄ ရက် ညပိုင်းက သီရိလင်္ကာနိုင်ငံသို့ ရောက်ရှိလာ ကြောင်း ၎င်းက ပြောကြားသည်။  
သီရိလင်္ကာနိုင်ငံသည် ဖေဖော်ဝါရီလနောက်ပိုင်း ကတည်းက   ဒီဇယ်ပြတ်တောက်မှုနှင့်    ရင်ဆိုင် ကြုံတွေ့နေရကြောင်း သိရသည်။

 


သီရိလင်္ကာနိုင်ငံတွင်      အသုံးပြုနိုင်သော နိုင်ငံခြားအရန်ငွေမှာ အမေရိကန်ဒေါ်လာ သန်း ၅၀ အောက်သာရှိကြောင်း   မေ ၄ ရက်တွင် ဘဏ္ဍာရေး ဝန်ကြီး အလီဆာဘရီက ပြောကြားသည်။    

ဆင်ဟွာ