
နေပြည်တော် မေ ၅
နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်သမားများ အနေဖြင့် နိုင်ငံတော်အတွင်း တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန်နှင့် ပြည်သူလူထုအကြား စိုးရိမ်ထိတ်လန့်မှုဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ဌာနဆိုင်ရာ အဆောက်အဦများ၊ လမ်းတံတားများနှင့် စာသင် ကျောင်းများကို အကြမ်းဖက်ဖောက်ခွဲမှုများပြုလုပ် ခြင်း၊ ပစ်ခတ်တိုက်ခိုက်မှုများပြုလုပ်ခြင်းနှင့် နိုင်ငံ့ ဝန်ထမ်းများအား ရက်စက်စွာ လုပ်ကြံသတ်ဖြတ် ခြင်းများ ပြုလုပ်လျက်ရှိသည့်အပြင် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးများ၏ အထွတ်အမြတ်ထားရာ သာသနာ ပိုင်အဆောက်အဦများ၊ ဘုန်းတော်ကြီးကျောင်းများ ကိုပါ အကြမ်းဖက် ပစ်ခတ်တိုက်ခိုက်ခြင်း၊ မိုင်းထောင် ဖောက်ခွဲခြင်းနှင့် ရဟန်းသံဃာတော်များအား ဖမ်းဆီးခေါ်ဆောင် သတ်ဖြတ်ခြင်းများအား စိတ်နှလုံးညှိုးနွမ်းဖွယ် ရက်စက်စွာ ပြုလုပ်နေကြ သည်ကို တွေ့ရှိရသည်။
ထိုသို့ ပြုလုပ်လျက်ရှိရာတွင် မေ ၄ ရက် နံနက် ၁၁ နာရီခွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက် မြို့နယ် တပ်ကုန်းကျေးရွာ၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က ကျောင်းထိုင်ဆရာတော် တစ်ပါးအား ဖမ်းဆီးခေါ်ဆောင်သတ်ဖြတ်ခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖြစ်စဉ်ကို စိစစ်ခဲ့ရာ မေ ၃ ရက် နံနက် ၁ နာရီခွဲတွင် အဆိုပါ ကျေးရွာအတွင်းသို့ PDF အကြမ်းဖက်အဖွဲ့များက လက်နက်များကိုင်ဆောင်ကာ ရောက်ရှိလာပြီး ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းမှ ကျောင်းထိုင် ဆရာတော်ဖြစ်သူ ဥူးဓမ္မပီယ(၅၇)နှစ် ဝါတော် (၃၀)ဝါ (ဘ)ဦးစိန်အုပ်ကို ကျောင်းအပြင်သို့ ဖမ်းဆီး ခေါ်ဆောင်ကာ သေနတ်များဖြင့် ဝိုင်းဝန်းပစ်ခတ်ခဲ့ သဖြင့် ဆရာတော် ဥူးဓမ္မပီယတွင် သေနတ်ထိမှန် ဒဏ်ရာများရရှိကာ အခင်းဖြစ် နေရာ၌ ပျံလွန်တော်မူ ခဲ့ပြီး ဆရာတော်နှင့်အတူ ဘုန်းတော်ကြီးကျောင်းတွင် သီတင်းသုံးနေထိုင်လျက်ရှိသော ဥူးသူရိယ(၄၄)နှစ် ဝါတော်(၂၄)ဝါနှင့် ဥူးဉာဏိက(၃၅)နှစ် ဝါတော်(၁၆)ဝါတို့မှာ အကြမ်းဖက်သမားများ၏ ဘေးအန္တရာယ်မှ လွတ်မြောက်နိုင်ရေး ထွက်ပြေးတိမ်းရှောင်ခဲ့ရ ကြောင်း သိရသည်။
အကြမ်းဖက်သမားများ၏ အကြောင်းမဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် နိုင်ငံတော်အတွင်း သံဃာတော် ၃၉ ပါးနှင့် သီလရှင်ဆရာကြီးတစ်ပါးတို့ သေဆုံးခဲ့ပြီး အထက်ပါဖြစ်စဉ်မှ သံဃာတော်အား ဖမ်းဆီးခေါ်ဆောင် သတ်ဖြတ်ခဲ့သည့် အကြမ်းဖက် သမားများကို ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေခံ တပ်မတော်စစ်ကြောင်းများနှင့် ပူးပေါင်း ၍ လုံခြုံရေး လုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်