လူမှုစီးပွားဘဝ သာယာဝပြောရေးအတွက် မြန်မာ့တက္ကသိုလ်များ

Type
၅

 

ဒေါက်တာမောင်ကျော် ပါမောက္ခချုပ်(ငြိမ်း)
 

 

(ယမန်နေ့မှ အဆက်) 


အစိုးရနဲ့   ပုဂ္ဂလိက   ပူးပေါင်းဆောင်ရွက်တဲ့  ပညာရေးအဆင့်မြင့်ဖို့   နိုင်ငံက   ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ   အားထားရပါမယ်။   လူ့စွမ်းအား အရင်းအမြစ် မွေးထုတ်ခြင်းရဲ့ အမြင့်ဆုံးအမှတ်ကိုရောက်ဖို့ဆိုရင်  နိုင်ငံသားတိုင်းကို  အဖိုးတန်တဲ့ အရင်းအနှီးအဖြစ် မှတ်ယူပြီး ပညာရေးက လုပ်ပေး နိုင်မှုအပေါ်မှာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ပိုမိုရှိလာ နိုင်ပါတယ်။ ဘဝသစ်ဖန်တီးနိုင်ဖို့ လူ့အဖွဲ့အစည်း အတွင်းမှာ မရှိသေးတဲ့ နည်းပညာတွေနဲ့ ကျွမ်းကျင် မှုအဖုံဖုံကို  တက္ကသိုလ်တွေက  ဆောင်ကြဉ်းပေးရ ပါလိမ့်မယ်။ ဒါကြောင့် တက္ကသိုလ်များရဲ့ အခန်း ကဏ္ဍဟာ အမှန်တကယ်ပဲ ကျယ်ဝန်းနက်ရှိုင်း လာပါတယ်။

 


ပညာရေးဟာ  ဖွံ့ဖြိုးတိုးတက်မှုအတွက် 
အရင်းအမြစ်


လူ့သမိုင်းစဉ် တစ်လျှောက်လုံးမှာ ပညာရေးဟာ ဖွံ့ဖြိုးတိုးတက်မှုအတွက် အရင်းအမြစ်  ဖြစ်ခဲ့ပါ တယ်။ ရာစုနှစ် ၂ ခု၊ နှစ်ပေါင်း ၂၀၀ ကျော်ကြာ၊ အမေရိကန်နိုင်ငံ၊ ဆိုဗီယက်ပြည်ထောင်စု၊ ဥရောပ ဂျာမနီနဲ့   ဂျပန်နိုင်ငံတို့ရဲ့  ကောလိပ်နဲ့  တက္ကသိုလ် တွေဟာ   တိုးတက်မှုအတွက်  ကြိုးစားခဲ့ပါတယ်။ အမေရိကန် အဆင့်မြင့်ပညာရေးကို တစေ့တစောင်း လေ့လာကြည့်ရင်  အမေရိကန်တို့ဟာ  ၁၆၃၆ ခုနှစ် မှာ ဟားဗတ်တက္ကသိုလ်၊ ၁၈၃၉ ခုနှစ်မှာ ဘော့စတွန် တက္ကသိုလ်၊ ၁၈၉၁ ခုနှစ်မှာ စတင်းဖို့ဒ် တက္ကသိုလ် တို့ကို ပုဂ္ဂလိကသုတေသနတက္ကသိုလ်များအဖြစ် ရှေးနှစ်ပေါင်းများစွာကတည်းက  တည်ထောင်ခဲ့ ပါတယ်။ ဟားဗတ်တက္ကသိုလ်နှင့် ယှဉ်ကြည့်ရင်  ရန်ကုန် တက္ကသိုလ်၊  မန္တလေးတက္ကသိုလ်တို့ဟာ နှစ်ပေါင်း ၃၀၀  နီးပါး တာထွက်နောက်ကျခဲ့ပါ တယ်။

 


သိပ္ပံနဲ့နည်းပညာဟာ ဒီနေ့ လူ့အဖွဲ့အစည်း အတွက် အင်အားကြီးမားစွာ  ဖန်တီးပေးနေပါတယ်။ သိပ္ပံနဲ့နည်းပညာနယ်ပယ်ထဲက သုတေသနတွေ ကြောင့်၊ လေ့လာမှုရလဒ်တွေကြောင့် ထွန်းကားလာ မှုဟာ သဘာဝတရားရဲ့နိယာမတွေကို ပိုနားလည် လာပြီး လူသားကောင်းကျိုးအတွက် အသုံးချနိုင်မှု တွေ ရရှိတာဖြစ်ပါတယ်။

 


၁၈၄ဝ ပြည့်နှစ်ရောက်တော့ စက်မှုထွန်းကားဖို့ ကိစ္စမှာ သိပ္ပံပညာအခြေခံတွေဟာ အကြောင်းတရား ပဲ ဖြစ်ခဲ့ပါတယ်။ တရိပ်ရိပ်စက်မှုထွန်းကားလာတဲ့ ဥရောပနဲ့ အမေရိကန်နိုင်ငံဟာ စက်ရုံအလုပ်ရုံ များမှာ ကုန်ပစ္စည်းမျိုးစုံကိုထုတ်လုပ်ပြီး ကမ္ဘာ့စျေး ကွက်ကို   ထိုးဖောက်ခဲ့ပါတယ်။  စျေးကလည်း သက်သာ၊ ပစ္စည်းတွေကလည်း  သေသပ်လှပပြီး လူကြိုက်များခဲ့ပါတယ်။ စက်မှုနည်းပညာ ထွန်းကား ခြင်းရဲ့ရလဒ်ပဲ။   သိပ္ပံနဲ့နည်းပညာ  ထွန်းကားတဲ့ နိုင်ငံတွေဟာ     ပိုပြီးချမ်းသာသွားကြပါတယ်။ အမေရိကန်တစ်ဦးဟာ  ပျမ်းမျှတစ်ပတ် ၅၂ နာရီ အလုပ် လုပ်ကြရပါတယ်။ နည်းပညာတိုးတက် လာတာကြောင့် ယနေ့အမေရိကန်တို့ဟာ ၃၇ ဒသမ ၉ နာရီသာ     အလုပ်လုပ်ကြရပါတော့တယ်။ အမေရိကန်တို့ဟာ   ၁၈၉ဝ   ပြည့်နှစ်မှာ  စက်မှု လယ်ယာကို တည်ထောင်နိုင်ခဲ့ပြီဖြစ်ပါတယ်။ 

 


မြန်မာတို့ဆင်းရဲတွင်းက ရုန်းထွက်နိုင်ဖို့ဆိုရင် စိုက်ပျိုးရေးကိုကြည့်၊ ရေဘယ်လောက်လောင်း သင့် သလဲ၊ ဓာတ်မြေသြဇာ ဘယ်လောက်ထည့်ရမလဲ ဆိုတာ သိနိုင်တဲ့ ပညာလိုပါလိမ့်မယ်။ ပိုးသတ်ဆေး မလွန်မကျွံအောင်     ထည့်တတ်ရပါလိမ့်မယ်။ သမားရိုးကျနည်းနဲ့ဆိုရင် ဘယ်ကိစ္စမှ မည်မည်ရရ ဖြစ်ထွန်းနိုင်မှာ မဟုတ်ပါဘူး။ 

 


လုပ်ရိုးလုပ်စဉ်အတိုင်း၊ မိရိုးဖလာအတိုင်း၊ လုပ် လို့မရတဲ့ခေတ်ထဲမှာ ရောက်နေလို့ပဲ။ ဒီနေ့ခေတ်မှာ မြေနဲ့ ရေမှာ  အချဉ်ဓာတ်ကိုတိုင်းတဲ့ pH (ပီအိတ်) မီတာကလည်း  ဝယ်နိုင်လာတော့၊ လယ်သမားဟာ ပီအိတ်မီတာကို ခါးကြားထိုး၊ ပီအိတ်တိုင်း၊ သူ့ရဲ့ မြေ ဟာ ပီအိတ် ၅ ဖြစ်ရင် အားလူး စိုက်ရမှန်းသိတယ်။ ပီအိတ် ၆ ဆိုရင် မြေပဲနဲ့ ဂေါ်ဖီ စိုက်ရမှန်း သိလာတဲ့ အဆင့်ရောက်လာပါတယ်။ ပညာလုပ်သား အင်အား  (Knowledge base ၊ skilled base work force) ကျွမ်းကျင်မှုတစ်ခုဟာ  လူတိုင်း၊  မိသားစုဝင်တိုင်း လိုအပ်နေပြီဆိုတာ အလွန်ထင်ရှားပါတယ်။ 

 


ယခင်ကလို   မိဘတစ်ဦးက   အလုပ်လုပ်ရုံနဲ့ မိသားစုဘဝထိန်းနိုင်ဖို့ဆိုတာ    မဖြစ်နိုင်တော့တဲ့ ခေတ် ဖြစ်ပါတယ်။ ဒါကြောင့် အစဉ်လေ့လာသင်ယူမှု (Lifelong learning) ကို ချဉ်းကပ်နေရပါတယ်။ ဒီလယ်ယာလုပ်သားအင်အားစုကို   အရည်အချင်း ရှိအောင်၊ အရည်အသွေးတောက်ပြောင်လာအောင် ပညာရေးက မတ်နေအောင် လမ်းကြောင်းတစ်ခု နဲ့ ထောင်ပေးရပါမယ်။ ပြည်သူတို့ရဲ့လိုအင်ကို ဖြည့် ဆည်းနိုင်ဖို့ တက္ကသိုလ်များက ပို၍အားထုတ်ကြရ လိမ့်မယ်လို့ အဓိပ္ပာယ်ပေါ်ပါတယ်။ မြန်မာ့လယ် သမားအင်အားစုကို      ခေတ်မီအင်အားစုဖြစ်ဖို့ စိုက်ပျိုးရေးတက္ကသိုလ်များ    တိုးချဲ့ဖွင့်လှစ်ပြီး တိုးတက်နေအောင်   ဆောင်ရွက်ပေးခြင်းအားဖြင့် ထိုင်းနဲ့     ဗီယက်နမ်နိုင်ငံတို့ရဲ့   ဆန်တင်ပို့မှုကို  ပြန်လည် ယှဉ်ပြိုင်နိုင်ပါလိမ့်မယ်။ ပညာရေးအနေနဲ့ ကတော့ ဒီကနေ့ လူ့အဖွဲ့အစည်းအတွက် အမှန် တကယ် လိုအပ်တဲ့ လူသားတွေကို မွေးထုတ်ပေးဖို့ မျှော်မှန်းလုပ်ဆောင်လျက်ရှိပါတယ်။ 

 


မြန်မာ့လယ်သမားအင်အားကို  ခေတ်မီအင်အား စုဖြစ်ဖို့   ဧရာဝတီ၊   ပဲခူး၊   စစ်ကိုင်းတိုင်းဒေသကြီးတွေရှိ လက်ရှိဖွင့်လှစ်ထားတဲ့ တက္ကသိုလ်တွေမှာ ဆန်စပါး စိုက်ပျိုး၊         ငါးမွေးမြူရေး  မဟာဌာနကြီးအဖြစ် ပြောင်းလဲသင့်က ပြောင်းလဲရမှာ ဖြစ်ပါတယ်။ ရေမြေ သဘာဝရဲ့ တောင်းဆိုမှုကို အဲဒီတက္ကသိုလ်တွေက ဖြည့်ဆည်းပေးခြင်းဟာ    ကိုယ့်ဒေသလိုအပ်တဲ့  လူ့စွမ်းအားအရင်းအမြစ်ဘွဲ့ရတွေ အိုးမခွာ အိမ်မခွာ ရဘဲ ကိုယ့်တက္ကသိုလ် ကိုယ့်ဒေသကို ချစ်မြတ်နိုးသူ တွေ ခေတ်မီလယ်သမား သူဌေးကြီးတွေ ပေါ်ထွန်း လာမှာဖြစ်ပါတယ်။ 

 


အမေရိကန်  အဆင့်မြင့်ပညာရေးကို  လေ့လာ ကြည့်ရင် ၁၉၆၀-၇၀ ပြည့်နှစ်များမှာ သူတို့ရဲ့ ရေမြေ တောတောင် ဘူမိပထဝီသွင်ပြင်၊ သဘာဝအခြေ အနေနဲ့ ပိုပြီးကိုက်ညီစေဖို့ ဥရောပ ပညာရေးစနစ် ဟောင်းမှ ခွဲထွက်ခဲ့ပါတယ်။ အမေရိကန် အလယ် ပိုင်း၊ အနောက်ပိုင်း တကသိုလ်ကြီးများဟာ တစ်ခု နဲ့တစ်ခု   အားသန်မှုတွေ   မတူညီဘဲ  အမေရိကန် ပြည်ထောင်စုဟာ တိုးတက်လာတယ်လို့ သုံးသပ် ရမှာဖြစ်ပါတယ်။ စိုက်ပျိုးရေးခေတ်၊ စက်မှုခေတ်၊ အဏုမြူခေတ်၊ အိုင်တီခေတ်၊ နောင်တွင် ဂျီနုံးခေတ် အသီးသီးက  လိုအပ်တဲ့ကျွမ်းကျင်မှု  လူ့စွမ်းအား အရင်းအမြစ်တွေရဖို့ တက္ကသိုလ်ကြီးများရဲ့သင်ကြား မှုနဲ့ သုတေသနတွေကို ပုံဖော်ခဲ့ကြောင်း၊ အမေရိကန် တို့ဟာ  ၁၉၆၀  ပြည့်နှစ်  နောက်ပိုင်းမှာ သူတို့ရဲ့ တက္ကသိုလ်ပေါင်း  ၂၀၀၀  ကျော်ထိ  ဖွင့်လှစ်ပြီး ကျောင်းသား ၃ ဒသမ ၆ သန်းကို သိပ္ပံနဲ့နည်းပညာ နယ်ပယ်မှာ ဇောက်ချသင်ပေးခဲ့ပါတယ်။ 

 


၁၉၆၅ ခုနှစ်မှာ အမေရိကန်တို့ဟာ “အားလုံး အတွက်ပညာရေး၊  အားလုံးအတွက် သိပ္ပံ” “Edu-cation for all, Science for all” ဆိုပြီး တစ်နိုင်ငံလုံး ကို   အင်တိုက်အားတိုက်    မောင်းနှင်ခဲ့ပါတယ်။ လူအများစုအတွက် လက်ငင်းအကျိုးပြုမယ့် စက်မှု နဲ့ စိုက်ပျိုးရေးအားသန်တဲ့ တက္ကသိုလ်ကောလိပ်တွေ လည်း အလျင်အမြန် ပေါ်ပေါက်ခဲ့တာကို တွေ့ရပါ တယ်၊၊ နိုင်ငံရဲ့လိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်ဖို့ အားထုတ်ခဲ့ပါတယ်။   ဒါကြောင့်   အမေရိကန် ပြည်ထောင်စုရဲ့ အရှေ့ပိုင်းပင်လယ်ကမ်းခြေမှာရှိတဲ့ တကသိုလ်ကြီးတွေ၊  ကမ္ဘာအရပ်ရပ်က တက္ကသိုလ် တွေဟာ  တစ်ထီးတစ်နန်းမဟုတ်  ပြည်သူလူထု လိုအပ်ချက်၊ နိုင်ငံရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်း အားထားရာ အရင်းအမြစ်ဖြစ်တာ တွေ့ရပါတယ်။  ၁၉၇၀-၇၁ ခုနှစ်များမှာ အမေရိကန်တက္ကသိုလ်များ က အသက် မွေးဝမ်းကျောင်း အပါအဝင် ပထမဘွဲ့ရ  ရှစ်သိန်း နီးပါး၊ မဟာဘွဲ့ နှစ်သိန်းကျော်နဲ့၊  ပါရဂူဘွဲ့ ၂၉၀၀၀ ကို   မွေးထုတ်ခဲ့ပါတယ်။   ယနေ့အချိန်အခါမှာ အမေရိကန်နိုင်ငံက   တက္ကသိုလ်ကောလိပ်‌ပေါင်း ၃၅၀၀ ကျော်ရှိပါတယ်။  သိပ္ပံနဲ့နည်းပညာဟာ ပို အခရာကျကြောင်း၊  ပြည်တွင်းငြိမ်းချမ်းမှုရှိတော့ လူအားငွေအားတွေ ပုံအောပြီး သုံးနိုင်ခဲ့ကြောင်း တွေ့ရပါတယ်။

 


မြန်မာနိုင်ငံရဲ့အနာဂတ်ပညာရေး 


“အားလုံးအတွက်   ပညာရေး”လို့ မြန်မာတို့ ပြောနေတဲ့အချိန်မှာ အဆင့်မြင့်ပြီးသား နိုင်ငံတွေမှာ  “အားလုံးအတွက်အကောင်းဆုံး” (Excellence for all)လို့ ပြောင်းလဲခေါ်တဲ့အထိ သူတို့ရဲ့ ပညာအရည် အသွေးမြှင့်ဖို့    အားထုတ်တာကို   တွေ့ရပါတယ်။ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ အားလုံးအတွက်ပညာရေးနဲ့ လုံလောက်နိုင်ခြင်း မရှိတော့လို့  ပြောင်းလဲရတဲ့အထိ ပညာရေးကို ချဉ်းကပ်တာ တွေ့ရပါတယ်။ ဒီအထိ ဘာကြောင့် လုပ်ရသလဲဆိုရင် ဒီခေတ်ရဲ့ ယှဉ်ပြိုင်မှု တစ်ခုလုံးကို ပါဝင်ခွင့်၊ ကြီးစိုးနိုင်ခွင့်ရှိဖို့ မျှော်လင့် ချက်ဟာ ပညာရေးမှာပဲ ရှိတယ်ဆိုတာ သူတို့သိလို့ ပဲ ဖြစ်ပါတယ်။ 

 


မြန်မာနိုင်ငံရဲ့ အနာဂတ်ပညာရေးဟာ ဝေဖန် သုံးသပ်နိုင်ခြင်း၊ တီထွင်ကြံဆနိုင်ခြင်း လေ့လာစရာ နယ်ပယ်သစ်တွေကို ဖြစ်နိုင်စွမ်းရှိအောင်မျှော်မှန်းပြီး   ဆောင်ရွက်ကြရမယ့်   ခရီးရှည်ဖြစ်ပါတယ်။ အနာဂတ်မှာ   သင်ယူလေ့လာမှု    အဖွဲ့အစည်းဟာ ကြီးမားကျယ်ပြန့်တာက တစ်ကြောင်း၊ ဒေသမရွေး သင်ယူမှု အခွင့်အလမ်းပေးနိုင်မယ့် ပညာရေးစနစ် ကို   တည်ထောင်လျက်ရှိတာမို့   တက္ကသိုလ်များရဲ့ အခန်းကဏ္ဍဟာ  လူ့ဘောင်က လိုအပ်တဲ့ ပညာရပ် တွေကိုပေးနိုင်မယ့် အနေအထားဖြစ်အောင် အစဉ် တစိုက်  ကြိုးပမ်းနေရလို့ပဲ  ဖြစ်ပါတယ်။   ဒီလမ်း ခရီးမှာ အနှောင့်အယှက် အခက်အခဲနဲ့ ကြုံရမယ်ဆို ရင် ခရီးဟာ ပိုကြာနိုင်ပါတယ်။  

 


ပညာရေးဆိုတာ နှစ်ရှည်အကောင်အထည်ဖော် ရမယ့်  လုပ်ငန်းကြီးဖြစ်လို့  ယနေ့တိုင်  အမျိုးသား ပညာရေး မဟာဗျူဟာကျစီမံကိန်းတွေနဲ့ အကောင် အထည်ဖော်တာ ဖြစ်ပါတယ်။ ၂၁ ရာစုနှစ် ဂလိုဘယ် လိုက်ဇေးရှင်းဟာ  ၁၉  ရာစုနှစ်  ကိုလိုနီစနစ်နဲ့  ခြားနားပါတယ်။ လူငယ်၊ လူကြီးများကိုပင်  မျက်နှာသာ မပေး၊ လှိုင်းဂယက်ပမာ ရိုက်ခတ်နေပါတယ်။ မည် သို့သော အခြေအနေပင်ဖြစ်စေ နိုင်ငံ့ခေါင်းဆောင် တွေဟာ   ပညာရေးကို   ရှေ့တန်းတင်ဦးစားပေး ဆောင်ရွက်နေတာကို တွေ့ရပါတယ်။ 

 


ယနေ့ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင် ပညာရေးမြှင့်တင်မှုကို အကောင်အထည်ဖော်ရာမှာ    မားမားမတ်မတ် ရပ်တည်ပေးနေတာဟာ   မြန်မာ့လူ့ဘောင် အဖွဲ့ အစည်းကြီးကို သင်ယူနေတဲ့ လူ့အဖွဲ့အစည်းဖြစ်ဖို့ကျွမ်းကျင်မှုမြှင့်တင်ခြင်း၊     ပညာရည်မြင့်မားတဲ့ လူ့စွမ်းအား   အရင်းအမြစ်    ဖွံ့ဖြိုးတိုးတက်ဖို့ နိုင်ငံတော်ရဲ့ ရေရှည်အကျိုးစီးပွားအတွက် ဘက် ပေါင်းစုံက   အားထုတ်နေကြပါတယ်။  ပညာရေး ကိစ္စဟာ ပညာရေးဝန်ထမ်းတွေနဲ့ချည်း မရနိုင်ဘဲ  ပြည်သူလူထုကြီးတစ်ရပ်လုံးရဲ့  အရေးကိစ္စဖြစ်ပါ တယ်။ ပညာရေးနဲ့ လူ့အဖွဲ့အစည်းဟာ အခက်အခဲ ကြားက လက်ချင်းချိတ်ပြီး အကောင်အထည်ဖော် ရမှာ ဖြစ်ပါတယ်။ နိုင်ငံတော်ဟာ မည်သည့်အခြေ အနေ အချိန်အခါမဆို အမျိုးသားရေးမို့ မည်သူ့ကိုမျှ ချန်ထားခြင်းမရှိ၊ ဘေးဖယ်ထားခြင်း မရှိ။   No one is left behind ဆိုသလိုပါပဲ။ 

 


ယနေ့အချိန်အခါမှာ       တက္ကသိုလ်တွေဟာ ကိုယ်ပိုင်စီမံခန့်ခွဲခွင့် ရရှိလာပြီး မိမိဒေသရဲ့ လူ့အဖွဲ့ အစည်းကြီးကို  ကြီးမားကျယ်ပြန့်တဲ့  ဝန်ဆောင်မှု တွေ ပေးနိုင်စွမ်း ပိုမိုရှိလာပါလိမ့်မယ်။ တက္ကသိုလ် နဲ့ လူ့အဖွဲ့အစည်းဟာ ဗဟိုချက်မနေရာကို တစ်လှည့် စီ ရောက်ရှိပါလိမ့်မယ်။ မြန်မာတက္ကသိုလ်တွေဟာ သင်ကြားမှုသက်သက်မဟုတ်၊   ကမ္ဘာအရပ်ရပ်က တွေ့ရှိချက်တွေကို          သင်ရုံသက်သက်မဟုတ်၊ တက္ကသိုလ်တွေဟာ မိမိနယ်ပယ်တစ်ခုအတွင်းမှာ ထူးချွန်တဲ့သူ အဆင့်မြင့် ဒီဂရီဘွဲ့ရသူတွေ မွေးထုတ် ပေးရုံ   သက်သက်မဟုတ်တော့ဘဲ   တက္ကသိုလ် ပရဝဏ်အပြင်ဘက် စီးပွားရေးဖွံ့ဖြိုးဖို့ လူမှုဘဝ သာယာဝ ပြောဖို့၊   နည်းပညာမြင့်မားရေးနဲ့ ဝန်ဆောင် မှုကို မြှင့်တင်ပေးဖို့ ပညာရေးဟာ အလွန်အရေးပါတဲ့ ကဏ္ဍ ဖြစ်လာပါတယ်။ 


(ဆက်လက်ဖော်ပြပါမည်)