
နေပြည်တော် မေ ၅
ပြည်ထောင်စုနယ်မြေ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်တွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲနှင့် အားကစားသရုပ်ပြပွဲကို ယမန်နေ့က ပုဗ္ဗသီရိမြို့နယ် အဝါရောင် မျိုးဆက်သစ်လူငယ်ပရဟိတအသင်း (YGW) မိဘမဲ့ကလေးများ စောင့်ရှောက်ရေးကျောင်း၌ ကျင်းပသည်။
အဆိုပါ ဟောပြောပွဲတွင် ပြည်ထောင်စုနယ်မြေ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေး မှူး ဦးသက်လွင်ဦးက အမှာစကားပြောကြားကာ လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအေးမင်း ညွန့်နှင့် ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းဌေးတို့က လူငယ်များအတွက် အသိပညာပေးဟောပြော ခဲ့ပြီး လူငယ်ရေးရာဦးစီးဌာနမှ တာဝန်ရှိသူများက အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေ ပေးသည်။
ထို့နောက် အဝါရောင်မျိုးဆက်သစ်လူငယ် ပရဟိတအသင်း (YGW) မိဘမဲ့ကလေးများ စောင့်ရှောက်ရေးကျောင်း၌ ပညာသင်ကြားနေကြ သည့် လူငယ်မောင်မယ်များက မြန်မာ့သိုင်း(ဝဲပုံ)နှင့် အေရိုးဗစ်အားကစား နည်းများဖြင့် သရုပ်ပြသခဲ့ ကြောင်း သိရသည်။
မျိုးသီဟ(ပြန်/ဆက်)