
ရွှေတောင် မေ ၅
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ရွှေတောင်မြို့နယ်တွင် ယနေ့ နံနက်ပိုင်းက မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ရွှေတောင် မြို့နယ်အတွင်း သွေးလွန် တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်း ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး၏ ဦးဆောင်မှု ဖြင့် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ် နှိမ်နင်းရေးလုပ်ငန်းများ ဖြစ်သော ဖုံး၊ သွန်၊ လဲ၊ စစ်ပြုလုပ် ခြင်း၊ အဘိတ်ဆေးခတ်ခြင်းနှင့် ပတ်ဝန်းကျင် သန့်ရှင်းရေး လုပ်ငန်းများကို ရွှေတောင် မြို့နယ် မြို့ပေါ် ( ၃ ) ရပ်ကွက်နှင့် ကျေးရွာအုပ်စုတို့တွင် အခြေခံ ကျန်းမာရေးဝန်ထမ်းများက ပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။
ကိုကိုမင်း( ပြန် / ဆက်)