
နေပြည်တော် မေ ၅
နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းများ အတွက် စွမ်းဆောင်ရည်မြှင့်တင် ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက စက်မှုဝန်ကြီးဌာန ရုံးအမှတ် (၃၀) အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည် ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်းက ယနေ့ အလုပ်ရုံ ဆွေးနွေးပွဲတွင် စီးပွားရေး လုပ်ငန်းတစ်ခုကို စတင်ခြင်းနှင့် စွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်း ရှင်၏ သင်္ကေတလက္ခဏာများ၊ ဈေးကွက်ရှာဖွေရေး၊ မှတ်တမ်း ထိန်းသိမ်းခြင်း၊ ဝယ်ယူရေးနှင့် စတော့ခ်ထိန်းချုပ်မှု၊ တန်ဖိုး တွက်ချက်ခြင်း၊ လုပ်ငန်းစီမံကိန်း ရေးဆွဲခြင်း၊ ဝန်ထမ်းများစီမံခန့်ခွဲ ခြင်းနှင့် ကုန်ထုတ်လုပ်မှုဟူသော ဘာသာရပ်များကို ဆွေးနွေး၍ ရလဒ်များကို ညှိနှိုင်းဖော်ထုတ် သွားမည်ဖြစ်ကြောင်း၊ စီးပွားရေး လုပ်ငန်းများကို ဦးဆောင်နေသည့် အရာထမ်းများသည် စီးပွားရေး ဘာသာရပ်၏ သီအိုရီများနှင့် အခြေခံမူများကို သိရှိကျွမ်းကျင် နေရမည့်အပြင် ခေါင်းဆောင်မှု ပညာရပ်ကိုလည်း သိရှိနားလည်၍ အထက်၊ အောက်၊ ဘေးတိုက် ကောင်းမွန်သော ဆက်ဆံရေးကို တည်ဆောက်နိုင်သူများ ဖြစ်ရန် လိုအပ်ကြောင်း၊ ဈေးကွက်စီးပွား ရေးစနစ်တွင် လုပ်ငန်းများကို သမားရိုးကျစနစ်ဖြင့် ဆောင်ရွက် ၍ မရပါကြောင်း၊ တီထွင်ဆန်းသစ် မှုများကို ဆောင်ရွက်နေရန် လိုအပ်ပါကြောင်း၊ ထုတ်ကုန်၏ တီထွင်ဆန်းသစ်မှု၊ ထုတ်လုပ်မှု နည်းစဉ်၏ ဆန်းသစ်မှု၊ ဈေးကွက် ဖော်ဆောင်မှုပုံစံများ တီထွင် ဆန်းသစ်မှုတို့ကို စဉ်ဆက်မပြတ် ထည့်သွင်း ဆောင်ရွက်သွားရန် လေ့ကျင့် ဆောင်ရွက်နေရမည် ဖြစ်ကြောင်း၊ ယင်းအတွက် စွမ်းဆောင်ရည် ပြည့်ဝသော ဝန်ထမ်းအင်အားထုကို စုစည်း တည်ဆောက်ရန်မှာ ဝန်ကြီးဌာန အတွက် အရေးကြီးသော လိုအပ် ချက်ဖြစ်ပါကြောင်း ပြောကြား သည်။
ယင်းနောက် အလုပ်ရုံ ဆွေးနွေးပွဲ ဒုတိယပိုင်းအစီအစဉ် များကို ဆက်လက်ကျင်းပရာ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေး ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြား ရေးမှူး ဦးနေလွင်ထွဋ်က စီးပွား ရေး စိတ်ကူးစိတ်သန်းများ ဖော်ထုတ်ခြင်း၊ ဈေးကွက်ရှာဖွေ ခြင်း ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မူမူ အေးက ကုန်ကြမ်းဝယ်ယူခြင်းနှင့် လက်ကျန်ပစ္စည်းများ ထိန်းချုပ် ကိုင်တွယ်ခြင်း ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဒုတိယညွှန်ကြား ရေးမှူး ဦးစိုးနိုင်က ထုတ်လုပ်မှု၊ ဝန်ဆောင်မှုလုပ်ငန်းများအတွက် ကုန်ကျစရိတ် တွက်ချက်ခြင်း ခေါင်းစဉ်ဖြင့် လည်းကောင်း၊ စက်မှု ပူးပေါင်းဆောင်ရွက်ရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြား ရေးမှူး ဒေါ်ဖြူဖြူဝင်းက လုပ်ငန်း စီမံကိန်းရေးဆွဲခြင်း ခေါင်းစဉ်ဖြင့် လည်းကောင်း၊ နည်းပြအရာရှိ ဒေါ်စုစန္ဒာထွန်းက ဝန်ထမ်းများ စီမံခန့်ခွဲ ခြင်းနှင့် ကုန်ထုတ်လုပ်မှု ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အမှတ်(၁) အကြီးစားစက်မှု လုပ်ငန်းမှ ဒေါက်တာ သွယ်နုဝါက စီးပွားရေးလုပ်ငန်း အစီအစဉ်ရေးဆွဲခြင်း ခေါင်းစဉ် ဖြင့်လည်းကောင်း ဆွေးနွေးကြ သည်။
ဆက်လက်၍ ဆွေးနွေးမှုများ အပေါ် အခြေခံ၍ တက်ရောက်လာ သည့် အဆင့်မြင့် အရာထမ်းများက အုပ်စုလိုက် ညှိနှိုင်းဆွေးနွေးကာ ဆွေးနွေးမှုရလဒ်များကို အဖွဲ့ လိုက် တင်ပြကြကာ တက်ရောက် လာသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ အသေးစိတ် ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပြီး ဝန်ကြီးဌာနအတွက် အကျိုးရှိ သော ရလဒ်များကို ဖော်ထုတ် သွားမည်ဖြစ်သည်။
အဆိုပါ ဆွေးနွေးပွဲသို့ စက်မှုဝန်ကြီးဌာနမှ အဆင့်မြင့် အရာထမ်း ၁၄၃ ဦး တက်ရောက် ခဲ့ပြီး နှစ်ရက်ကြာ ကျင်းပခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်