နိုင်ငံတကာအဆင့်မီ အရိုးရောဂါဆိုင်ရာ အသိပညာအတွေ့အကြုံများကို တပ်မတော်အရိုးဆရာဝန်တွေ အောင်မြင်စွာရရှိအောင် ကြိုးပမ်းဆောင်ရွက်မှုကို တွေ့ရမှာပါ

 

တွေ့ဆုံမေးမြန်း - သစ္စာ (MNA)
 

(၂၉) ကြိမ်မြောက် မြန်မာ့တပ်မတော်ဆေးပညာ နှီးနှောဖလှယ်ပွဲကို   မေ  ၉ ရက်မှ  ၁၁ ရက်အထိ ရန်ကုန်မြို့  မင်္ဂလာဒုံမြို့နယ် တပ်မတော်အရိုးရောဂါ အထူးကုဆေးရုံကြီး   (ခုတင်-၅၀၀) တွင် ကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။

 


ဆေးပညာနှီးနှောဖလှယ်ပွဲ    ကွန်ဖရင့်အကြို အလုပ်ရုံဆွေးနွေးပွဲကို    “AO   Principle  Of  Fracture Fixation Basic Course ”ခေါင်းစဉ်ဖြင့် မေ  ၅ ရက်နှင့် ၆ ရက်တို့တွင် တပ်မတော်အရိုး ရောဂါ   အထူးကုဆေးရုံကြီး (ခုတင်-၅၀၀)ရှိ  သူရ မွန်ထောသက်ညွန့်ခန်းမ၌    ကျင်းပမည်ဖြစ်ပြီး   အလုပ်ရုံဆွေးနွေးပွဲသို့  ပြည်တွင်း၊ ပြည်ပမှ အရိုး ရောဂါဆိုင်ရာ  ပါရဂူ၊   ပါမောက္ခနှင့် ပညာရှင်များ တက်ရောက်၍  အရိုးရောဂါဆိုင်ရာ ဆေးပညာနှင့် ပတ်သက်၍  ဝိုင်းဝန်းဆွေးနွေးကြမည်ဖြစ်သည်။ 
တပ်မတော်အရိုးရောဂါကု     ဆေးရုံကြီးကို  နိုင်ငံတကာအဆင့်မီ ဆေးရုံကြီးအဖြစ် ဖော်ဆောင် လျက်ရှိပြီး သုတေသနလုပ်ငန်းများကိုလည်း ကမ္ဘာ့ နိုင်ငံများနှင့် ရင်ပေါင်တန်း တိုးမြှင့်လုပ်ဆောင်နိုင်  ရန်  ရည်မှန်းထားကြောင်း  သိရသည်။  ထို့ကြောင့် ကွန်ဖရင့်အကြို          အလုပ်ရုံဆွေးနွေးပွဲကြီးကို  အောင်မြင်စွာကျင်းပနိုင်ရန်     ဦးဆောင်ကြိုးပမ်း ဆောင်ရွက်နေသည့်  အတိုင်ပင်ခံ အရိုးခွဲစိတ်ပါရဂူ ဒုတိယဗိုလ်မှူးကြီး  ဟိန်းလတ်ဝင်းနှင့်    တွေ့ဆုံ မေးမြန်းထားပါသည်။
မေး    ။    ယခု workshop က  ဘယ်လိုပွဲမျိုးပါလဲ၊         အလုပ်ရုံဆွေးနွေးပွဲအကြောင်း သိပါရစေ။
ဖြေ    ။     ဒီအလုပ်ရုံဆွေးနွေးပွဲဟာ ကွန်ဖရင့်အကြို         အလုပ်ရုံဆွေးနွေးပွဲ  (Pre Conference Workshop on AO Principle of Fracture Fixation Basic Course)  ဖြစ်ပါတယ်။  တစ်နည်းဆိုရရင် မြန်မာ့တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့ရဲ့ ပညာရပ် ဆိုင်ရာ အဆင့်အမြင့်ဆုံး ဆေးပညာအခမ်းအနား တစ်ခုဖြစ်တဲ့ (၂၉) ကြိမ်မြောက် ဆေးပညာနှီးနှော ဖလှယ်ပွဲအကြိုအနေနဲ့   ဂုဏ်ပြုကျင်းပတာဖြစ်ပါ တယ်။ အဓိကကတော့ ကျန်းမာရေးဝန်ကြီးဌာနက ဘာသာရပ်ဆိုင်ရာ    ပါမောက္ခဆရာဝန်ကြီးများ၊ နိုင်ငံခြားသားပညာရှင်များနဲ့      နိုင်ငံတစ်ဝန်းက တပ်မတော်သားအရိုးရောဂါပါရဂူ ၁၀၀ ကျော်ဟာ အရိုးရောဂါဆိုင်ရာ        ခေတ်ပေါ်ကုထုံးများနဲ့ ပတ်သက်ပြီး တိုက်ရိုက်ဆွေးနွေးမေးမြန်း၊  အတွေ့ အကြုံချင်း နှီးနှောဖလှယ်နိုင်မယ့် ပထမဆုံးသော နိုင်ငံတကာအဆင့်မီ အဆင့်မြင့်အလုပ်ရုံဆွေးနွေးပွဲ ကြီးတစ်ခုလည်း ဖြစ်ပါတယ်။

 


မေး    ။  ဒီ Workshop   ရဲ့  ခေါင်းစဉ်ဖြစ်တဲ့   AO         Course အကြောင်းလေး သိချင်ပါတယ်။


ဖြေ    ။     AO ဆိုတာ ကမ္ဘာ့အရိုးရောဂါကုသမှုဆိုင်ရာ         လေ့လာရေးနဲ့ မူဝါဒချမှတ်ရေး အသင်းကြီး ဖြစ်ပါတယ်။  အရိုးရောဂါဆိုင်ရာ  ကုသမှုအဆင့် အတန်းကို စဉ်ဆက်မပြတ် မြင့်မားတိုးတက်စေဖို့   ရည်ရွယ်ချက်နဲ့ နိုင်ငံတကာအရိုးပညာရှင်ကြီးများ စုပေါင်းဖွဲ့စည်းထားတာပါ။ အဲဒီအသင်းကို ၁၉၅၈  ခုနှစ်က   ဆွစ်ဇာလန်နိုင်ငံမှာ  စတင်ဖွဲ့စည်းခဲ့ပါ တယ်။
     AO အသင်းကြီးရဲ့ ပင်မလုပ်ငန်းတာဝန်ကတော့ ကမ္ဘာတစ်ဝန်းက    အရိုးရောဂါဆိုင်ရာ   ကုသမှု အချက်အလက်တွေကို  စဉ်ဆက်မပြတ် သုတေသန ပြုဆောင်ရွက်ပြီး ကုသမှုလမ်းညွှန်မူဝါဒများ ရေးဆွဲ ပေးခြင်းနဲ့ ကမ္ဘာအနှံ့မှာ AO Course သင်တန်းများ ကို ပို့ချပေးခြင်းပဲ ဖြစ်ပါတယ်။ အခုကျင်းပတဲ့  AO Principle of Fracture Fixation Basic Course ဟာ အရိုးကျိုးခြင်းများကို စနစ်တကျ နည်းမှန်လမ်းမှန်နဲ့ နောက်ဆုံးပေါ် နည်းစနစ်  အယူအဆများအပေါ် အခြေခံပြီးတော့   မှန်ကန်စွာခွဲစိတ်ကုသပြီး  မူလ အတိုင်း  ပြန်ဆက်စေခြင်း  ဖြစ်ပါတယ်။  ဒါမှသာ အရိုးကျိုးလူနာများအနေနဲ့ လူမှုဘဝအရည်အသွေး (Quality of Life)ကို အပြည့်အဝ ပြန်လည်ရရှိမှာ ဖြစ်ပါတယ်။ 
နောက်ဆုံးပေါ်နည်းပညာဆိုင်ရာနဲ့ လက်တွေ သင်ထောက်ကူပစ္စည်းဆိုင်ရာ တန်ဖိုးကြီးမားခြင်း ကန့်သတ်ချက်တွေကြောင့် ဒီလို AO Course တွေ ကို    ဖွံ့ဖြိုးပြီး    အနောက်နိုင်ငံတွေမှာ    ယေဘုယျ အားဖြင့် ပြုလုပ်နိုင်ကြပြီးတော့ ဖွံ့ဖြိုးဆဲနိုင်ငံများ အနေနဲ့ ခက်ခဲပါတယ်။ ဒါကို ကျွန်တော်တို့ မြန်မာ့ တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့အနေနဲ့ ပထမဆုံး အကြိမ်အဖြစ် အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

 


မေး    ။    ဒီ Workshop  ကျင်းပရခြင်းရဲ့  ရည်ရွယ်        ချက်ကိုလည်း ပြောပြပေးပါ။


ဖြေ    ။    အရိုးရောဂါ      ဘာသာရပ်ဟာ    မြန်မာ့        တပ်မတော်ဆေးပညာနယ်ပယ်မှာ အလွန် အရေးပါတဲ့ကဏ္ဍမှာ  ပါဝင်နေပါတယ်။ ပညာရပ် ဆိုင်ရာ စဉ်ဆက်မပြတ်တိုးတက်အောင် ဆောင်ရွက် ရေးအခန်းကဏ္ဍဟာ  အလွန်အရေးကြီးပါတယ်။ ဒါကြောင့်   ဒီအလုပ်ရုံဆွေးနွေးပွဲမှာ  မြန်မာနိုင်ငံ တစ်ဝန်းမှာရှိတဲ့ နေရာဒေသအသီးသီးက တပ်မတော် သား အရိုးပါရဂူများအားလုံးကို ချိတ်ဆက်စုစည်းပြီး  နိုင်ငံတကာနဲ့   ဆက်သွယ်ပြီးတော့  Continuous Medical Education တစ်ရပ်အနေဖြင့် နောက်ဆုံး ပေါ်  အယူအဆနည်းပညာနဲ့    နည်းစနစ်တွေကို သိအောင်၊   တတ်အောင်၊  လက်တွေ့လုပ်ဆောင် နိုင်အောင် သင်ပေးခြင်းဖြစ်ပါတယ်။ 
ဒီလို လုပ်ဆောင်နိုင်ခြင်းအားဖြင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရဲ့ တပ်မတော်ဆေးတက္ကသိုလ် ဆေးပညာဘွဲ့ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၂၀) သင်တန်းဆင်းမိန့်ခွန်းမှာ     လမ်းညွှန်ချက်ဖြစ်တဲ့ “တိုက်ပွဲဝင်စစ်သည်တော်တိုင်း ကျန်းမာကြံ့ခိုင်ပြီး စိတ်ဓာတ်မြင့်မားနေမှသာ နိုင်ငံတော်ကာကွယ်ရေး တာဝန်ကို  ကျေပွန်စွာ  ထမ်းဆောင်နိုင်မှာဖြစ်လို့ ရဲဘော်တို့လို အရာရှိဆရာဝန်တွေရဲ့ ကျွမ်းကျင်မှုနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေဟာ   နိုင်ငံတော် ကာကွယ်ရေးစွမ်းပကား    မြင့်မားရေးအတွက် တစ်ဖက်တစ်လမ်းကနေ အထောက်အကူပြုလျက် ရှိတယ်ဆိုတာကို ရဲဘော်တို့ သိရှိနားလည်ထားဖို့ လိုမှာဖြစ်တယ်” ဆိုတာနဲ့အညီ ဆေးကုသမှုအဆင့် အတန်းတွေ  မြင့်မားလာပြီးတော့  တပ်မတော်ရဲ့ တိုက်စွမ်းရည်၊ တိုက်စွမ်းအား(Combat Power)ကို       တစ်ဖက်တစ်လမ်းကနေ    တိုးမြင့်အောင် အထောက်အကူပြုနိုင်တယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဆောင်ရွက်ခြင်းဖြစ်ပါတယ်။

 


မေး    ။    ဒီ Workshop ကို ဘယ်သူတွေ တက်ရောက်        ကြမလဲခင်ဗျာ။ 


ဖြေ    ။    ပြည်ပနိုင်ငံတွေဖြစ်တဲ့         စင်ကာပူနဲ့        မလေးရှားနိုင်ငံက အတွေ့အကြုံရင့်ကျက် တဲ့     ပါမောက္ခဆရာဝန်ကြီးများ၊     ပြည်တွင်း ဆေးတက္ကသိုလ်များက          အရိုးရောဂါဆိုင်ရာ ပါမောက္ခဌာနမှူးများအားလုံးနဲ့        ပန်းလှိုင် အပြည်ပြည်ဆိုင်ရာဆေးရုံကြီးက အတိုင်ပင်ခံ အရိုး အထူးကုဆရာဝန်ကြီး၊   တပ်မတော်အရိုးရောဂါ ဆိုင်ရာ  ပါမောက္ခပါရဂူကြီးများနဲ့    တပ်မတော် ဆေးတက္ကသိုလ်         အရိုးရောဂါပညာဘွဲ့လွန် ကျောင်းသားများ၊     ဆေးလက်တွေ့    ပါရဂူ ကျောင်းသားများအားလုံး   စုစုပေါင်း  ၁၀၀ ကျော် တက်ရောက်ကြမှာပါ။  
နိုင်ငံတစ်ဝန်းက   တပ်မတော်သားအရိုးပါရဂူ  ၁၀၀   နီးပါးကလည်း   Virtual  Online  Video Conferencing   ကနေ  ပါဝင်ဆွေးနွေးကြမှာပါ။ ပြည်တွင်းပြည်ပက အတွေ့အကြုံရင့်ကျက်တဲ့ အရိုး ရောဂါဆိုင်ရာပညာရှင်ကြီးများက တက်ရောက်သူ များကို အရိုးရောဂါဆိုင်ရာ နောက်ဆုံးပေါ်  နိုင်ငံ တကာ  ကုထုံးတွေနဲ့   ပတ်သက်ပြီး  အယူအဆ အတွေးအခေါ်ပိုင်းကို   လက်တွေ့လုပ်ဆောင်နိုင်တဲ့ အထိ ဆွေးနွေးသွားကြမှာပါ။

 


မေး ။     ဒီအလုပ်ရုံဆွေးနွေးပွဲကျင်းပနိုင်ဖို့ ဘယ်လို         စီစဉ်ဆောင်ရွက်ခဲ့ရပါသလဲ။


ဖြေ    ။    နိုင်ငံတကာအဆင့်မီ   အရိုးရောဂါဆိုင်ရာ         အလုပ်ရုံဆွေးနွေးပွဲတစ်ခု  အောင်အောင် မြင်မြင်ဖြစ်မြောက်ဖို့ ခက်ခဲစွာ ဆောင်ရွက်ရတယ်လို့ ဆိုရမှာပါ။  အရိုးရောဂါနယ်ပယ်မှာ    ပြည်တွင်း၊  ပြည်ပ ပါမောက္ခဆရာဝန်ကြီးများနဲ့ ဆေးဝန်ထမ်း တပ်ဖွဲ့က အရိုးပါရဂူများအားလုံးနီးပါး all inclusive ပါဝင်နိုင်ဖို့ အချိန်ယူပြီး ကြိုတင်ပြင်ဆင်ဆောင်ရွက် ခဲ့ရတာပါ။   စာတွေ့လက်တွေ့  သင်ခန်းစာများကို ပြင်ဆင်ခြင်း၊ လက်တွေ့လေ့ကျင့် ဆောင်ရွက်နိုင်ဖို့ သင်ထောက်ကူပစ္စည်းဖြစ်တဲ့ အရိုးတုနဲ့အရိုးခွဲစိတ် မှုဆိုင်ရာ ပစ္စည်းများပြင်ဆင်မှုကို ဆောင်ရွက်ရာမှာ ကုန်ကျစရိတ်ကြီးမြင့်မှုကို      ကြုံတွေ့ရပေမယ့် နိုင်ငံတကာမှာ ဒီလိုပွဲမျိုး ကျင်းပတက်ရောက်နိုင်ဖို့ ငွေကြေးကုန်ကျချိန်မှာ မြန်မာနိုင်ငံမှာ နိုင်ငံတကာ အဆင့်မီ   အရိုးရောဂါဆိုင်ရာ  အသိပညာအတွေ့ အကြုံများကို      တပ်မတော်အရိုးဆရာဝန်တွေ အတွက် အလွယ်တကူ အောင်မြင်စွာရရှိနိုင်အောင် ကြိုးပမ်းဆောင်ရွက်ခဲ့မှုကို တွေ့မြင်ရမှာပါ။

 


မေး    ။    နောက်ဆက်တွဲ   အကျိုးကျေးဇူးတွေရော         ရှိနိုင်မလားခင်ဗျာ။ 


ဖြေ    ။    ဒီလို   အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပခြင်း        အားဖြင့် မြန်မာ့တပ်မတော်ဆေးဝန်ထမ်း တပ်ဖွဲ့ရဲ့   အရိုးပါရဂူငယ်များအနေနဲ့  တပ်မတော် အရိုးရောဂါနယ်ပယ်က ပါရဂူကြီးများ၊ ပြည်တွင်း ကျန်းမာရေးဝန်ကြီးဌာနအောက်က ပါရဂူကြီးများနဲ့ ဆေးပညာဆိုင်ရာ ဘာသာရပ်များကို တိုက်ရိုက်မေးမြန်းဆွေးနွေးနိုင်တဲ့အတွက် မိမိတို့ရဲ့ အတွေ့ အကြုံတွေကို   နှီးနှောဖလှယ်ခွင့်ရရှိကြမှာပါ။  
နောက်တစ်ခုအနေနဲ့   ကျွန်တော်တို့အနေနဲ့  တိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာကုသမှုနဲ့ ပတ်သက် ပြီး   အတွေ့အကြုံများစွာ   ရှိပါတယ်။  ဒါကြောင့်  အလုပ်ရုံဆွေးနွေးပွဲမှာ      ထည့်သွင်းကျင်းပတဲ့ အာဆီယံအဆင့် အရိုးဆရာဝန်များနဲ့ ပြုလုပ်ခဲ့တဲ့ Webinar ဆွေးနွေးပွဲမှာ တိုက်ပွဲတွင်း ထိခိုက်ဒဏ်ရာ  နဲ့  ဆက်စပ်အရိုးကျိုးခြင်းနဲ့ ပတ်သက်ပြီး ဦးဆောင် ကဏ္ဍကနေ    ဆွေးနွေးနိုင်ခဲ့တဲ့အတွက်   မြန်မာ့ တပ်မတော်   ဆေးတပ်ဖွဲ့အတွက်သာမက  မြန်မာ့ တပ်မတော်ရဲ့ ဂုဏ်ကိုလည်း မြှင့်တင်နိုင်ခဲ့ပါတယ်။
ကိုဗစ်-၁၉ ရောဂါလှိုင်း  ကာလအတွင်းမှာလည်း မြန်မာနိုင်ငံတစ်ဝန်းမှာရှိတဲ့   ဆေးအကာအကွယ် ပေးနိုင်မှု အင်္ဂါစဉ်အခြေခံအဆင့်မှ ပါရဂူဆေးမှူး ငယ်တွေကို Telemedicine နည်းပညာသုံး ပလက် ဖောင်းကတစ်ဆင့်  လိုအပ်တဲ့ဆေးဝါးကုသမှုပိုင်းဆိုင်ရာ   အကြံဉာဏ်တွေနဲ့  ဆုံးဖြတ်ချက်တွေကို ပေးခဲ့ပါတယ်။  
တိုက်ပွဲအတွင်း   ထိခိုက်ဒဏ်ရာနဲ့  ပတ်သက်တဲ့ သုတေသနလုပ်ငန်းတွေဟာ   ဘယ်နေရာမှာမဆို ဆောင်ရွက်လို့ရနိုင်တဲ့အတွက်    လုပ်ဆောင်ဖို့ အခက်အခဲရှိလာရင် Telemedicine နည်းပညာနဲ့ ချိတ်ဆက်ပြီးတော့ ကူညီဆောင်ရွက်ပေးနိုင်အောင် သုတေသနတွေ့ရှိချက်တွေကို ဒီလိုမျိုးညီလာခံမှာ ဖတ်ကြားတင်သွင်းနိုင်အောင်    နယ်ပယ်ဒေသ အသီးသီးက ညီငယ်မျိုးဆက်သစ် အရိုးရောဂါပါရဂူ တွေကို     တိုက်တွန်းဆောင်ရွက်နိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့    မိခင်တပ်မတော်  အရိုးရောဂါ အထူးကုဆေးရုံကြီးကို      နိုင်ငံတကာအဆင့်မီ ဆေးရုံကြီးအဖြစ်   မိမိတို့တတ်နိုင်တဲ့  ကဏ္ဍကနေ ဦးဆောင်ဦးရွက်       ကြိုးစားဆောင်ရွက်နေခြင်း ဖြစ်ပါတယ်။

 


မေး    ။    မြန်မာ့တပ်မတော်      ဆေးဘက်ဆိုင်ရာ         သုတေသနလုပ်ငန်းများအပေါ် အလုပ်ရုံ ဆွေးနွေးပွဲရဲ့   သက်ရောက်မှုအနေနဲ့  ဘယ်လို ရှိနိုင်ပါလဲ။


ဖြေ    ။    အရင်ကတည်းကလည်း    ကျွန်တော်တို့        ခွဲစိတ်ကုသမှု လုပ်ကြတယ်။  ခွဲစိတ်ကုသမှု ရလဒ်တွေကို   သုတေသနတွေ  လုပ်ခဲ့ကြတယ်။ သာဓကအားဖြင့်ပြောရရင် တပ်မတော်ဆေးသုတေ သနတပ်နဲ့   ပူးပေါင်းဆောင်ရွက်ခဲ့တဲ့  တိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာဆိုင်ရာ သုတေသန Project တွေရဲ့ ရလဒ်အဖြစ်  စစ်သည်များ ရှေ့တန်းစစ်မြေပြင်မှာ အသက်အန္တရာယ်အရေးပေါ်ကုသမှု   အထောက် အကူပြုဆေးပစ္စည်းများဖြစ်တဲ့  သွေးတိတ်ပတ်တီး၊ သွေးတိတ်ကြိုး    စတာတွေကို  အမြောက်အမြား ထုတ်လုပ်နိုင်အောင် နည်းပညာထောက်ပံ့ပေးနိုင်ခဲ့ တဲ့အတွက်  တိုက်ပွဲဝင်ဆေး   အကာအကွယ်ပေးမှု လုပ်ငန်းများအားလုံးမှာ တစ်ဖက်တစ်လမ်းကနေ ထိရောက်စွာ အထောက်အကူပေးနိုင်ခဲ့ပါတယ်။ 
ဒီအလုပ်ရုံဆွေးနွေးပွဲကို ကျင်းပနိုင်ခြင်းအားဖြင့် ဆေးပညာဆိုင်ရာ     သုတေသနလုပ်ငန်းတွေကို တပ်မတော်ဆေးသုတေသနတပ်၊   ပြည်တွင်းက ဆေးပညာရှင်များနဲ့    နိုင်ငံတကာနယ်ပယ်အထိ ပေါင်းစပ်ဆောင်ရွက်နိုင်မှာ       ဖြစ်တာကြောင့် တပ်မတော်ရဲ့ တိုက်စွမ်းရည်၊ တိုက်စွမ်းအားအတွက် အထောက်အကူဖြစ်စေမယ့် သုတေသနလုပ်ငန်းတွေ ကို နိုင်ငံတကာအဆင့်မီ တိုးမြှင့်ဆောင်ရွက်သွားနိုင်  မှာဖြစ်ပါတယ်။

 


မေး    ။    ကွန်ဖရင့်အကြို  အလုပ်ရုံဆွေးနွေးပွဲဟာ         မြန်မာ့တပ်မတော်ဆေးပညာ    နှီးနှော ဖလှယ်ပွဲအပေါ်    ဘယ်လိုအကျိုးသက်ရောက်မှု ရှိစေနိုင်မလဲဆိုတာ သိချင်ပါတယ်။  


ဖြေ    ။    (၂၉) ကြိမ်မြောက်      မြန်မာ့တပ်မတော်        ဆေးပညာနှီးနှောဖလှယ်ပွဲအကြို အလုပ်ရုံ ဆွေးနွေးပွဲဟာ Main Conference အပေါ် အများ ကြီး   အဆင့်အတန်းမြင့်မားအောင်  သက်ရောက်မှု ရှိစေပြီး   နိုင်ငံတကာအဆင့်မီ   ဂုဏ်သိက္ခာမြင့်မား စေမှုကို  တစ်ဖက်တစ်လမ်းက စွမ်းဆောင်နိုင်စေတဲ့ အကြိုအလုပ်ရုံဆွေးနွေးပွဲကြီးတစ်ခု  ဖြစ်ပါတယ်လို့ ပြောချင်ပါတယ်။