ကိုဗစ်-၁၉ အပိုဆောင်းကာကွယ်ဆေးထိုးရန် လာအိုကျန်းမာရေးအာဏာပိုင်များ အကြံပေး

 

ဗီယန်ကျင်း   မေ  ၄ 


လာအိုနိုင်ငံသူ     နိုင်ငံသားများကို ခုခံအား         ပိုကောင်းစေရန်နှင့်  နိုင်ငံခြားခရီး လျှောက်ထားမှုများ အတွက် လိုအပ်သော စံချိန်စံညွှန်း များ  ပြည့်မီစေရန်  ကိုဗစ်-၁၉ အပိုဆောင်း   ကာကွယ်ဆေးထိုး ထားကြရန်   လာအိုကျန်းမာရေး အာဏာပိုင်များက  အကြံပေးထား သည်။ 

 


နိုင်ငံခြားခရီးသွား    လျှောက် လွှာများအတွက် တတိယအကြိမ် သို့မဟုတ်   စတုတ္ထအကြိမ်  အပို ဆောင်းကိုဗစ် -၁၉ ကာကွယ်ဆေး ထိုးထားသည့် အထောက်အထား လိုအပ်ကြောင်း     ဗီယန်ကျင်း တိုင်းမ်     နေ့စဉ်သတင်းစာတွင် မေ ၄ ရက်က ဖော်ပြလိုက်သည်။ 

 


လာအိုနှင့် နိုင်ငံခြားသားများ အတွက်    ခရီးသွားလာနိုင်ရန် တိုင်းပြည်ကို အပြည့်အဝပြန်လည် ဖွင့်လှစ်ဖို့ အစိုးရကဆုံးဖြတ်လိုက် ပြီးနောက်     ယခုလို   အပိုဆောင်း ကာကွယ်ဆေးထိုးရေး     လာအို ကျန်းမာရေး    အာဏာပိုင်များ၏ အကြံပေးချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။ 

 


ကိုဗစ်-၁၉  ကာကွယ်ရေးနှင့် ထိန်းချုပ်ရေး  အမျိုးသားလုပ်ငန်း ကော်မတီသည် လာအိုနှင့် နိုင်ငံ ခြားသားများအတွက်    နယ်စပ် ဝင်ပေါက်များကို ပြန်လည်ဖွင့်လှစ် ရန် အဆိုပြုချက်နှင့် ပတ်သက်ပြီး နိုင်ငံခြားသား    နေထိုင်သူများ အပါအဝင် ပြည်သူ့သဘောထား အမြင်များကို လတ်တလောတွင် ဆွေးနွေးလျက်ရှိသည်။

 


ဆွေးနွေး   အကြံပြုချက်များ ပါဝင်သော       အဆိုပြုလွှာကို ဆုံးဖြတ်ချက်ချနိုင်ရန် အစိုးရထံ သို့ တင်သွင်းသွားမည်ဖြစ်သည်။ 
ဆင်ဟွာ